Saturday, September 3, 2016

ထုံးသင်္ကန်းနဲ့ကပ်ထားချင်တဲ့ဆန္ဒပြည်သူတွေမှာရှိရင် တိုင်းအစိုးအနေနဲ့ကြိုးစားလုပ်ဆောင်ပေးသွားမှာဖြစ်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာတည်ရှိတဲ့ရာဇမဏိစူဠာ ကောင်းမှု့တော်ဘုရားကို ယခင်ကအတိုင်းထုံဖြူသုတ်ကာ ထုံးသင်္ကန်းနဲ့ကပ်ထားချင်တဲ့ဆန္ဒပြည်သူတွေမှာရှိရင် တိုင်းအစိုးအနေနဲ့ကြိုးစားလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကသိရပါတယ်။
" အခုလက်ရှိမှာဘုရားကရွှေစေးတွေကပ်ထားတော့ ထုံးသင်္ကန်းကပ်ဖို့ အဆင်ပြေမပြေကို နည်းပညာပိုင်းအရ အဆင်ပြေမပြေသိဖို့လိုတယ်။ ရှေးသုအနေနဲ့လည်း ဒါတွေကိုကူညီဆောင်ရွက်ရမယ်။အများပြည်သူဆန္ဒရျိရင်လုပ်ဆောင်ပေးသွားမှာပါ" လို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောပါတယ်။
ကောင်းမှု့တော်ဘုရားကို အခုရက်ပိုင်းအတွင်းမှာ ထုံးသင်္ကန်းကပ်လှုသွားဖို့တော့ တိုင်းအစိုးရအနေနဲ့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာတည်ရှိတဲ့ ကောင်းမှု့တော်ဘုရားဟာ ရှေးယခင်ကထုံးသင်္ကန်းဖွေးဖွေးနဲ့ဘုရားဆိုပြီး မြန်မာပြည်ရဲ့အထင်ကရဘုရားတွေထဲမှာပါဝင်ခဲ့ပြီး ယခင်အစိုးရလက်ထက်မှာတော့ ဘုရားကိုရွှေစေးသင်္ကန်းပြောင်းပြီးကပ်လှုပူဇော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
author ခေမဏီ
ဓာတ်ပုံ- ရာဇမဏိစူဠာကောင်းမှု့တော်ဘုရား စာမျက်နှာမှ
credit;kumudra
Unknown  /  at  9:53 AM  /  No comments

Posted in: Read Complete Article»

Thursday, August 25, 2016

လောကနန္ဒာစေတီပြုပြင်ရန်အတွက် သိန်း-၁၀၀ စတင်လှူ

သီတဂူ ၂၀၁၆ သြဂုတ် ၂၅
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၅-၈-၂၀၁၆ (ကြာသပတေးနေ့) နံနက် ၇း၀၀ နာရီအချိန်တွင် စစ်ကိုင်းမှ ပုဂံသို့ကြွရောက်တော်မူသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသောကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ ဘုရားစေတီပေါင်း(၁၇၁)ဆူ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြောက်ဦး စစ်ကိုင်းနှင့် အခြား မြို့ရွာများတွင်လည်း အနည်းနှင့်အများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါသည်။ (source-ဦးဇော်ဋ္ဌေး)
သီတဂူဆရာတော်ကြီးသည် လွန်စွာပင် နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်တော်မူသောကြောင့် ယနေ့နံနက်တွင် ပုဂံဒေသသို့ကြွရောက်တော်မူသည်။ ကနဦးအနေဖြင့် လောကနန္ဒာ စေတီတော်၏ မြေခခဲ့ရသောစိန်ဖူးတော် ပြန်လည်ပြုပြင်ရန်အတွက် ကျပ်ငွေသိန်း-၁၀၀ လှူဒါန်းသွားမည်ဖြစ်ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
Unknown  /  at  11:10 AM  /  No comments

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္နသည် သြဂုတ်လ ၂၅ ရက်၊ညနေ ၆ နာရီ ၁၅ မိနစ်က လေယာဉ်ဖြင့် ပုဂံသို့ကြွရောက်လာပြီး ပြိုပျက်နေသည့် ဘုရားများကို သွားရောက်ဖူးမျှော်ပြီး ပြန်လည်ပြုပြင်ရာတွင် ပါဝင်လှူဒါန်းမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
ဓာတ်ပုံ-အောင်ကိုဦး
မဇ္ဈိမ
Unknown  /  at  11:08 AM  /  No comments

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္နသည် သြဂုတ်လ ၂၅ ရက်၊ညနေ ၆ နာရီ ၁၅ မိနစ်က လေယာဉ်ဖြင့် ပုဂံသို့ကြွရောက်လာပြီး ပြိုပျက်နေသည့် ဘုရားများကို သွားရောက်ဖူးမျှော်ပြီး ပြန်လည်ပြုပြင်ရာတွင် ပါဝင်လှူဒါန်းမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
ဓာတ်ပုံ-အောင်ကိုဦး
မဇ္ဈိမ

Posted in: Read Complete Article»

စစ်ကိုင်းမြို့၌ လက်ပစ်ဗုံးငါးလုံး ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ်တစ်လုံး တွေ့ရှိ

စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လုံးကို တာဝန်ရှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သြဂုတ် ၂၁ ရက် က သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်စိစစ် သိမ်းဆည်းခဲ့ကြသည်။

စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော် ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည် ကျဆင်းသွားသဖြင့် ရေ၌ မျောပါလာသည့် ဘူးသီးခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3 Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ယင်းကျောပိုးအိတ်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် မသင်္ကာဖွယ် ပစ္စည်းများ ပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့ခဲ့သည်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်တို့က သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကျောပိုးအိတ်အတွင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်လျက် OT - 536 / 2005 MG-I တံဆိပ်ပါ အစိမ်းရောင် လက်ပစ်ဗုံး ငါးလုံးနှင့် ပလတ်စတစ်ကော်ဘူးနှင့် ထည့်ထားသည့် စနက်တံ ငါးခုတို့ကို တွေ့ရှိ သဖြင့် သက်သေများရှေ့၌ သိမ်းဆည်းခဲ့ပြီး တွေ့ရှိပစ္စည်းများအား မွန်းလွဲ ၂ နာရီတွင် နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း သိရသည်။

Ref: MOI
The Ladies News

Unknown  /  at  10:38 AM  /  No comments

Tuesday, August 2, 2016

ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ဦးဆောင်မှုဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးသွားသည့် မြစည်းခုံစေတီတော်ကို အသစ်ပြန်လည် တည်ဆောက်

ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် စစ်ကိုင်း ခါဝဲတောင်ပေါ်ရှိ စူဠာမဏိမြစည်း ခုံစေတီတော်ကြီးလည်း ပါဝင်သည့်အတွက် ၁၈ ဆူမြောက်စေတီတော်အဖြစ် တည်ဆောက်နေပြီဖြစ်၍ သီတင်းကျွတ်လမတိုင်မီတည်ဆောက် ရေးလုပ်ငန်းများပြီးစီး မည်ဖြစ်ကြောင်း သိရသည်။
စူဠာမဏိမြစည်းခုံစေတီမှာ သက္ကရာဇ် ၈၄၄ ခုနှစ်တွင် ဒုတိယ မင်းခေါင်၏နှမတော် ဟံသာဝတီ ပဲခူးဘုရင် ရာဇာဓိရာဇ်၏ချွေးမ ဝိမလာဒေဝီအမည်ရှိ အမိစိုးမင်းက တည်ခဲ့သည်။ မူလတည်စဉ်က စူဠာမဏိစေ တီတော်ဟု ဘွဲ့သမုတ်ခဲ့ သော်လည်း နောက်ပိုင်းတွင်မြစည်း ခုံစေတီတော်အဖြစ် ထင်ရှားသည်။ စစ်ကိုင်း-မန္တလေးငလျင် ကြောင့် ပြိုပျက်ခဲ့သောစေတီများကို ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒက ပြုပြင်ခဲ့ရာ စစ်ကိုင်း မြို့ဘုရားများ ဖြစ်သည့် လေးကျွန်းမာရ်အောင်၊ အောင်မြေလောက၊ သားဆုပန်၊ ချမ်းသာကြီး၊ သံပန်းကုန်း၊ ရွှေပွင့် လန်းဘုရားများအပါအဝင် စေတီ တော် ၁၇ ဆူအား ပြုပြင်တည် ဆောက်ပြီးဖြစ်သည်။
(၁၈)ဆူမြောက်ပြုပြင်သည့် မြစည်းခုံစေတီတော်မှာ အခြေ ၇၅ ပေပတ်လည်၊ အမြင့်ဥာဏ်တော် ၉၃ ပေရှိပြီး၊ ဘုံကိုးဆင့်ပါထီးတော်၊ အမြင့်မှာ ခြောက်ပေသုံးလက်မရှိပြီး ယခုအခါ စေတီလုံးတော်ပြည့်တည်ထား ပြီးဖြစ်၍ အချောသပ်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ လာမည့်သီတင်းကျွတ်လမတိုင်မီ အပြီးအစီးတည်ဆောက်မည်ဖြစ်သည်။ ဓမ္မဒူတဆရာတော်အနေဖြင့် ငလျင်ကြောင့်ပျက်စီးခဲ့သော စေတီများပြုပြင် တည်ဆောက်ရာတွင် စစ် ကိုင်းမြို့မှ စေတီ ၁၈ ဆူအပြင် ကန့်ဘလူမလယ်ရွာမှ ဘုရားသုံးဆူ နှင့် အညာသီဟတောဘုရားများ ပါဝင်ကြောင်း သိရသည်။
DW
‪#‎democracytoday‬
Unknown  /  at  6:27 PM  /  No comments

အညာဘုရားပွဲ၊ ကျောင်းပွဲများ နီးလာပြီဖြစ်၍ စက္ကူအရုပ် လုပ်သူများ တွင်ကျယ်စွာ စတင်ထုတ်လုပ်

ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ်ကိုင်းစက္ကူအရုပ်များကို ပွဲတော်ရက်အမီရောင်း ချနိုင်စေရန် စစ်ကိုင်းမြို့အနောက်တာရပ်ကွက်များ၌ တွင်ကျယ်စွာထုတ်လုပ်နေပြီ ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကန္နားတော်၊ ညောင်ကုန်း၊ ဂုံညင်းထောင်ရပ်ကွက်များတွင် ရိုးရာစက္ကူ အရုပ်နှင့် သစ်သားထည် ကလေးကစားစရာအရုပ်ပြုလုပ်သူများရှိရာ ထုတ်လုပ်သူတချို့မှာ တစ်နှစ်ပတ်လုံး ထုတ် လုပ်ရောင်းချမှုရှိသည်။ အနောက်တာရပ်ကွက်များထဲ၌ စက္ကူဖြင့်ပြုလုပ်သည့် ဇီးကွက်၊ ပစ်တိုင်းထောင်၊ ဖိုးဝရုပ်၊ ခေါင်းလှုပ် အရုပ်များဖြစ်သည့် နွားရုပ်၊ မြင်းရုပ်များကို ထုတ်လုပ်သကဲ့သို့ ညောင်ကုန်းအရှေ့ရပ်နှင့် ဂုံညင်းထောင်ရပ်တို့တွင်လည်း ထုတ်လုပ်သူများသည်။ အဆိုပါအရုပ်များအပြင် သစ်သားဖြင့်ပြုလုပ်သည့် မြင်းကကြိုးရုပ်၊ နွားရုပ်နှင့်ဓား၊ သေနတ်စသော အရုပ်များကို ကန္နားတော်ရပ်မှထုတ် လုပ်သည်။
''ကျွန်မတို့ကတော့ တစ်နှစ်ပတ်လုံးစက္ကူအရုပ်လုပ်ငန်းကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ်ထုတ်လုပ်ရောင်းချတယ်။ အများဆုံးထုတ်လုပ်တာက ဇီးကွက်ရုပ်အလတ်စား၊ အသေးစား၊ ပစ်တိုင်းထောင် အကြီးစား၊ အသေးစား၊ ဖိုးဝရုပ်တစ်မျိုးဖြစ်ပါတယ်။ ထွက်သမျှအရုပ်တွေကို မန္တလေးဘုရားကြီးစောင်းတန်းက ကုန်သည်တွေဆီပို့ရတယ်။ ကျွန်မတို့ဆီကို တခြားမြို့ရွာတွေက လာဝယ်တဲ့သူတွေလည်းရှိပါတယ်။ ဇီးကွက်ရုပ် အကြီးစားကြီးတွေ၊ ပစ်တိုင်းထောင်ရုပ်အကြီးစားကြီးတွေကျတော့ ဟိုတယ်ကြီးတွေကမှာတာရှိတယ်။ တချို့အိမ်တွေက ဧည့်ခန်းအလှထားဖို့ တကူးတကမှာတာရှိတယ်'' ဟု ကန္နား တော်ရပ်မှ စက္ကူအရုပ်ထုတ်လုပ်သူ မသန်းမာက ပြောသည်။
စစ်ကိုင်းမြို့မှထုတ်လုပ်သည့် စက္ကူအရုပ်များကို နှစ်စဉ်အညာဒေသပွဲတော်များဖြစ်သည့် မင်းကွန်း ရွှေကျွန်းပင်နတ်ပွဲ၊ တောင်ပြုန်းပွဲ၊ ရတနာ့ဂူပွဲ၊ ရွှေဘိုမြို့ထောင့်စေတီ တော်ပွဲ၊ မုံရွာသီတင်းကျွတ်ဘုရားကြီးပွဲ၊ ရွှေစာရံ ပွဲ၊ ကျောက်တော်ကြီးပွဲ၊ မြင်းခြံဘုရားပွဲ၊ ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲ၊ ကောင်းမှုတော်ဘုရားပွဲ၊ ကျောက်ကာရွှေကူနီပွဲစသောအညာ ဒေသဘုရားပွဲ၊ နတ်ပွဲများ၌ ရွာခံကုန်သည်များနှင့် ၁၂ ပွဲဈေးသည်များက ခင်း ကျင်းရောင်းချမှုရှိသည်။ အရုပ်ထုတ်လုပ်ရောင်းချသူများအနေဖြင့် တစ်နှစ်တာကာလအတွင်း နတ်တော်၊ ပြာသို၊ တပို့တွဲလများ၌ အရောင်းပါးသော်လည်း တပေါင်း၊ တန်ခူးလမှာ အရောင်းပြန်စလာရာ ဝါဆိုလမှ စတင်၍ အရောင်းတွင် ကျယ်မှုရှိကြောင်းသိရသည်။
DW
‪#‎democracytoday‬
Unknown  /  at  6:25 PM  /  No comments

Tuesday, February 2, 2016

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊

အကောင်းကြံ အမှန်လုပ် အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
(မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ)
Unknown  /  at  9:30 AM  /  No comments

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊

အကောင်းကြံ အမှန်လုပ် အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
(မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ)

စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်

* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
(စစ်ကိုင်းရွှေဟင်္သာဆရာတော်)
Unknown  /  at  9:16 AM  /  No comments

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.