စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။
အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။
မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။
မကောင်းတာတွေ ဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ ... မကောင်းနဲ့ ...
အကြောင်း သုံးပါးတွဲမိလို့ … ဒါပဲ။
လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။
ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။
မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။
ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ... ကောင်းနဲ့ ...
အကြောင်း သုံးပါးပေါင်းမိလို့.. ဒါပဲ။
သီတဂူဆရာတော်ကြီး
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
Unknown /  at 10:59 AM / 
စေတနာက လောဘနဲ့တွဲရင်
ငါရဖို့ချည်းဖြစ်လာတတ်တယ်။
အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင်
သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။
မောဟနဲ့တွဲ လိုက်ပြန်တော့
ပညာမဲ့တာတွေဖြစ်လာတယ်။
မကောင်းတာတွေ ဘာကြောင့်ဖြစ်လာလဲမေးရင်
စေတနာနဲ့ ... မကောင်းနဲ့ ...
အကြောင်း သုံးပါးတွဲမိလို့ … ဒါပဲ။
လောဘနည်းအောင်ကျင့်ရင်
သူများ အတွက်ဆောင်ရွက်တတ်လာတယ်။
ဒေါသနည်းအောင်ကျင့်သုံးရင်
ငြိမ်းချမ်းရေးဖြစ်တယ်။
မောဟနည်းအောင်ကျင့်ရင်တော့
ပညာတတ်တွေဖြစ်လာကြမယ်။
ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင်
စေတနာနဲ့ ... ကောင်းနဲ့ ...
အကြောင်း သုံးပါးပေါင်းမိလို့.. ဒါပဲ။
သီတဂူဆရာတော်ကြီး
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
စစ်ကိုင်း-မင်းကွန်းလမ်းပေါ်တွင် တည်ရှိပါသည်။ ခိုတောင်ရွာ အောင်မြေ
၌ သက္ကရာဇ် ၂၁၈ ခုနှစ်က စေတီပေါင်း(၈၄၀၀၀)ကို ရွှေကြက်ယက်စေတီတော်မှ စတင်တည်ထား ကိုးကွယ်တော်မူခဲ့သော အာသောကမင်းကြီးနှင့် မိဖုရားကြီးတို့ မှ ရွှေကြက်အိပ်စေတီတော်ကြီးကိုလည်း တည်တော်မူခဲ့သည်။
ရှေးမင်းများအဆက်ဆက် လှူဒါန်းထိမ်းသိမ်းစောင့်ရှောက်ပြုပြင်လာခဲ့သည့် အတွက် ယနေ့ ထိ ဖူးမျှော်
ပူဇော်ခွင့်ရှိနေပေသည်။
Unknown /  at 6:40 PM / 

2014 Myanmar National League-1 (Week-15) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မနောမြေ
အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ဇူလိုင်လ (၂၆) ရက်နေ့၊ ညနေ (၄) နာရီတွင်
ရန်ကုန်မြို့၊ Y.T.C ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် (၄)
ဂိုးစီဖြင့် သရေကျကာ တစ်မှတ်စီ ခွဲယူခဲ့ကြသည်။
အဆိုပါပွဲတွင် မနောမြေ အသင်းသည် အဆာလေ၊ ကမ်ဘူး၊ နိုင်ဦးလွင်နှင့် အီဗရာဟင်
အစရှိသည့် အဓိက ကစားသမား များဖြင့် ပွဲထွက်ခဲ့ပြီး ဇေယျာရွှေမြေ အသင်းကလည်း
ချူကွာဇူ၊ ဆန်းဒေး၊ ဇော်လင်းထွန်း စသည့် ကစားသမား များပါဝင်သည့်
အတောင့်တင်းဆုံး လူစာရင်းဖြင့် မနောမြေ အသင်းကို ရင်ဆိုင် ကစားခဲ့သည်။
ခြေစွမ်းမကွာသည့် အသင်းနှစ်သင်း ကစားခဲ့သည့် ပွဲဖြစ်၍ ပြိုင်ဆိုင်မှု
ပြင်းထန်ခဲ့သည်။ ပွဲချိန် (၂၀) မိနစ်တွင် မနောမြေ အသင်းခေါင်းဆောင် ကမ်ဘူး
ညာခြမ်းမှ ဖြတ်တင် ပေးပို့မှုကို နံပါတ် (၁၁) တင်ဝင်းမြင့် အပိုင်ပိတ်သွင်း
ခဲ့သော်လည်းဂိုးဘားတန်းပေါ်မှ ကျော်ထွက်သွားခဲ့သည်။ ဇေယျာရွှေမြေ အသင်းကလည်း
ပြန်လည် ဖိကစားခဲ့ရာ (၂၈) မိနစ်တွင်နံပါတ် (၁၀) ဆန်းဒေး ညာခြမ်းမှ
တောက်လျှောက် ဆွဲယူပြီး အပြင်းကန်သွင်းကာ ဇေယျာရွှေမြေ အသင်း အတွက်
ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ မနောမြေ အသင်းကလည်း ပြန်လည် တိုက်စစ်ဆင်
ကစားခဲ့ရာ (၄၅) မိနစ်တွင် နံပါတ်(၂၁) အဆာလေက ပင်နယ်တီ မှတဆင့် ချေပဂိုး
သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်ဖက်အသင်း အနိုင်ဂိုးများ ရရှိရေး တမ်ပိုတင်
ကစားခဲ့သဖြင့် ပွဲမှာ ပထမပိုင်း ကထက် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်ခဲ့သည်။
ပွဲချိန် (၄၈) မိနစ်တွင် ဇေယျာရွှေမြေ နံပါတ် (၈) ချူကွာဇူက ပင်နယ်တီမှ
တဆင့် အသင်း အတွက် ဒုတိယဂိုး ရယူပေးခဲ့သည်။ မနောမြေ အသင်းကလည်း ပြန်လည်
ဖိကစားလာခဲ့ ရာ (၅၁) မိနစ်တွင် နံပါတ် (၄၄) အီဗရာဟင်က ချေပဂိုး
သွင်းယူနိုင်ခဲ့သည်။ ချေပဂိုး ပေးလိုက်ရပြီးနောက် ဇေယျာရွှေမြေ တမ်ပို
ပိုမြှင့်ကစား
ခဲ့ရာ ပွဲချိန် မိနစ် (၆၀) တွင် နံပါတ် (၄) မာတင်က တတိယမြောက်ဂိုး
သွင်းယူခဲ့သော်လည်း ပွဲချိန် (၈၂) မိနစ်တွင် မနောမြေ အသင်းခေါင်းဆောင်
ကမ်ဘူးက ပြန်လည် ချေပနိုင်ခဲ့သည်။ ပွဲချိန် မိနစ် (၉၀) တွင် အဆာလေက မနောမြေ
အသင်းအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည်။ ထပ်ဆောင်း အချိန်ပိုတွင် မနောမြေ
အသင်း ထိန်းကစား ခဲ့သော်လည်း (၉၀+၃) မိနစ်တွင် ဇေယျာရွှေမြေ နံပါတ် (၈)
ချူကွာဇူက ပြစ်ဒဏ်ဘောမှ တဆင့် ချေပဂိုး သွင်းယူခဲ့သဖြင့် မနောမြေအသင်း (၄ –
၎) ဇေယျာရွှေမြေ အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
MFF
Unknown /  at 8:24 AM / 

Unknown /  at 6:36 PM / 
မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး
ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို
ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။
ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀
ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။
ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၎
လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁
မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု
အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ
ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။
(မြန်မာနိုင်ငံမှဘုရားများ သမိုင်း) မှကူးယူဖော်ပြသည်
Unknown /  at 12:36 PM / 

စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်တွင် တည်ရှိသည့် သမိုင်းဝင် မဟာစည်းခုံကြီး
စေတီတော်ကြီးကို ဂုံးကျော်တံတားပေါ်ရောက်ရင် ဖူးမျှော်တွေ့ ရမှာ ဖြစ်
ပါတယ်။ နှစ်ကာလကြာမြင့်စွာ ပျက်စီးယိုယွင်းပြီး တိမ်မြှပ်ပျောက်ကွယ်
ခဲ့ရာမှ တန်ခိုးတော်ကြီးမားစွာဖြင့် ပြန်လည်ပွင့်ထွန်း ပေါ်ပေါက်လာခဲ့ပြီး
ဖြစ်ပါတယ်။ မူလဘုရားဒါယကာ ဇေယျပူရ စစ်ကိုင်းမင်းကြီး ဆင်ဖြူသခင်
သီဟပတိမင်း နှင့် မိဖုရားတို့ က သက္ကရာဇ်(၇၁၄)ခုနှစ်၊ တပေါင်းလဆန်း
(၁၁)ရက်၊ ကြာသပတေးနေ့ တွင် တည်ထားတော်မူခဲ့သည်ဟု မှတ်သား
ရပါသည်။
Unknown /  at 12:35 PM / 

သမိုင်းပြောင်သည့် စစ်ကိုင်းတောင်ခြေ သောတာပန်ရွာဦးမြေရှိ၊ ဧရာဝတီ
နဖူး တွင် တည်ရှိသော လေးကျွန်းမာရ်အောင် ကျောက်တော်ကြီး စေတီ
တော်မြတ်ကြီးသည် ကျောက်တော်ကြီး(၅)ဆူအနက် ရှေးအကျဆုံး မူလ
အစ ပထမပင်ဖြစ်သည်။
လေးကျွန်းမာရ်အောင်စေတီမြတ်ကြီးကို ကောဇာသက္ကရာဇ်(၁၀၈၆)ခုနှစ်
တွင် စနေမင်းတရားကြီး၏သားတော် အင်းဝဘုရင်မှန်နန်းရှင် သီရိပ၀ရ
ဓမ္မရာဇာဓိပတိဘွဲ့ အမည်ခံ(ငယ်မည်မောင်အောင်) တနင်္ဂနွေမင်းတရား
ကြီး တည်ထားကိုးကွယ်ခဲ့သည်။ တနင်္ဂနွေမင်းတရားကြီးကလည်း ယုံကြည်
ချက် အပြည့်အ၀နှင့် စေတီတော်ကြီးနှင့်အတူ လှိုဏ်အတွင်း စကျင်ကျောက်
သားစစ်စစ်ဖြင့် သက်တော်ထင်ရှား မြတ်စွာဘုရားမှ တရားပွဲကျင်းပ နေဟန်
ထုလုပ်ပူဇော် တည်ထားကိုးကွယ်၍ ယခုခေတ်ကာလမှာဘဲ လေးကျွန်းမာရ်
အောင်ဝင်းသို့  တရားနှလုံးသွင်း အဓိဌာန်ပြုရင်း အောင်မြေနင်းကြသူများ
လောကီ-လောကုတ္တရာ အောင်မြင်နိုင်ပေသည်။ သို့ ဖြစ်၍ လှိုဏ်အတွင်းသို့ 
ဝင်ရောက်၍ အောင်မြေနင်းပြီး တရားပွဲကြီး တရားနာရသလို ရုပ်ပွားတော်
မြတ်ကြီးအား ဖူးမြင်ရသူတို့ အဖို့  ဖူးမ၀ ထူးခြားလှပြီး သဒ္ဒါရွှင်မြူးကြည်နူး
ဝမ်းသာ ပီတိဖြာလျက် ရှိကြရပေမည်ကား အမှန်ပင်ဖြစ်လေသည်ဟု မှတ်
သားရပါသည်။
Unknown /  at 12:33 PM / 

ခြင်္သေ့သုံးဆယ်စေတီတော်သည် စစ်ကိုင်းတောင်ရိုး ရှင်ပင်နန်ကိုင်းဘုရား၏ အနောက်ဘက် ပြာပုံတော်ဘုရား၏ အရှေ့ဘက်တွင် တည်ရှိသည်။
အင်းဝ မိုးညှင်းမင်းတရားလက်ထက် သီရိလင်္ကာနိုင်ငံမှ အရှင်သီရိသဒ္ဓမ္မာလင်္ကာရ
နှင့် အရှင်သီရိသီဟဃသာမိတို့က ပင့်ဆောင်လာသော ဓာတ်တော်များကို
မိုးညှင်းမင်းတရားအား ပေးအပ်သဖြင့် မင်းတရားကြီးက သက္ကရာဇ် (၇၉၂)ခုနှစ်တွင်
ဆင်မြားရှင်ဘုရားကို တည်ထား ပူဇော်သည်။
ထိုဓာတ်တော်များကို
ပင့်ဆောင်လာသော သီဟိုဠ်ရဟန်းတော် နှစ်ပါးတို့က သုံးလူ့မှန်ကူဘုရားကုန်းပေါ်
ကျောင်းဆောက်သီတင်းသုံး နေထိုင်တော်မူကြစဉ် ထိုရဟန်းတော်တို့၏
တပညာဒကာတစ်ယောက်က ခြင်္သေ့သုံးဆယ်စေတီတော် တည်ထားကြောင်း
အစဉ်အဆက်ပြောရိုးရှိပေသည်။
ဤတောင်ကုန်း ဤနေရာတွင် စေတီတည်ပူဇော်ပါသည်။
ဤကောင်းမှုကြောင့် အရိယာသူတော်ကောင်းကြီးများ မိမိတို့လိုအပ်သည့်
ဗောဓိဆုရသွားကြသလို တပည့်တော်များ လိုအပ်သည့် ဗောဓိဆုပါ ရပါစေသား။
အထူးအားဖြင့် တပည့်တော်များနှင့်တကွ သားသမီးရလိုသူတိုင်း သားသမီး
ထွန်းကားပါစေသား ဟူ၍ သစ္စာအဓိဌာန်ပြု ဆုတောင်းခဲ့လေသည်။
ဘုရားဒကာ၏
သစ္စာအဓိဋ္ဌာန်ပြုချက်အရ စေတီတော်မှာ ခြင်္သေ့ရုပ် အကောင်ပေါင်း ခြောက်ဆယ်ရှိရာ
အနောက်ဘက်မျက်နှာရှိ အလယ်ခြင်္သေ့ရုပ်မှာ လူသား သားငယ်(သူငယ်)
လေးပိုက်ထားသည်။ သားသမီးရလိုသူတို့က ဆုတောင်းနိုင်ရန် သမိုင်းကြောင်း
ဖော်ပြထားခြင်းဖြစ်ပေသည်။
ယခုအခါ ထိုသစ္စာပြုအဓိဋ္ဌာန်ပြုထားချက်အရ
သားသမီးရလိုသူတိုင်းက ဤဘုရားသို့ လာရောက်ပူဇော်ကြပြီးလျှင် လင်ယောက်ျားက
ခြင်္သေ့ရုပ်ပေါ်မှ လောင်းချလိုက်သည့်ရေကို ဇနီးဖြစ်သူက
ခွက်တစ်ခုခုနှင့်ခံယူပြီး ထိုရေကို အဓိဋ္ဌာန်ဆုပန်၍ သောက်သုံးပါက သားသမီးများ
ထွန်းကားလာတတ်ကြောင်း သိရပေသည်။ သားဆုပန်လျှင် ပြည့်စုံတတ်ကြောင်း
သိရပေသည်။ သားဆုပန်လျှင် ပြည့်စုံတတ်ကြောင်းကို ထိုဘုရားရှေ့ ဓမ္မာရုံကြီးက
သို့မဟုတ် ထိုဓမ္မာရုံအလှူရှင် မိသားတစုတို့က ရလိုသူတိုင်းဝမ်းမြောက်မှု
ရှိစေရန် သက်သေခံလျက်ရှိနေပေသည်။
စေတီတော်မှာ
ခြင်္သေ့ရုပ်(၆၀)ရှိသော်လည်း ခြင်္သေ့သုံးဆယ်ဟူ၍သာ ခေါ်ဝေါ်နေကြပေသည်။
ဘုရားဘွဲ့တော်မှာ ခြင်္သေ့သုံးဆယ်စေတီဟူ၍ လည်းကောင်း သားဆုပန်စေတီဟူ၍
လည်းကောင်း ရှစ်ထောင့်ချိုးစေတီတည်ထားသောကြောင့် ရှစ်ထောင့်ချိုးစေတီဟူ၍
လည်းကောင်း နာမည်သုံးမျိုးဖြင့် ထင်ရှားသည်။
ထိုစေတီတော်ကို ဝေဠုဝန်ဆရာတော်တို့က ထိန်းသိမ်းစောင့်ရှောက်ထားသည်။
သဗြူးမြသောင်းရေး စစ်ကိုင်းမြို့ စစ်ကိုင်းတောင် မင်းဝံတောင်ရှိ ဘုရားစေတီပုထိုးတော်များ သမိုင်းပေါင်းချုပ် မှ ကူးယူဖော်ပြပါသည်။
အောင်အောင်လင်းလင်း
credit to>>>Sagaing Pagoda
Unknown /  at 12:28 PM / 

စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား(ရတနာပုံ)အနီး၊ မြစ်ကမ်းဘေးရှိ
ရွှေတောင်ဦးမော် တောင်တော်ပေါ် ၌ ရွှေတောင်ဦးမော်စေတီကို
သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သည်။ စေတီပေါင်း
(၈၄၀၀၀)တွင် တစ်ဆူအပါအ၀င်ဖြစ်သည်။ သီရိဓမ္မာသောက
မင်းကြီးသည် စေတီပေါင်း(၈၄၀၀၀)ကို သက္ကရာဇ်(၂၂၁)ခုနှစ်
တွင်တည်တော်မူ၍ သက္ကရာဇ်(၂၂၄)ခုနှစ်တွင် စေတီအားလုံး
ပြီးစီးအောင်မြင်သည်ဟု ကျောက်စာသမိုင်းတွင် ရေးထိုးထား
ပါသည်။ အရိမဒ္ဒနပူရ ပုဂံပြည်ကြီးရှင် ဘုရင်အနော်ရထာ၏
ဆရာ ဓမ္မဒသ၁ီဘွဲ့ ခံ အရှင်အရဟံသည် သက္ကရာဇ်(၄၀၀)
ကျော်တွင် ကြပ်မ(ကြည့်ရှု့ )ပြင်ဆင်တော်မူခဲ့သည်။ ဤ တောင်
သည် ဘုရားရှင် ကြွရောက်တော်မူစဉ်က ရေကြည်တော်မွတ်
သိပ်တော်မူသဖြင့် ဦးခေါင်းတော်ကို "မော်" ၍ ကြည့်ရှု့ တော်
မူရာ အရပ်ဖြစ်သဖြင့် "ရွှေခေါင်းဦးမျှော်" မည်၏။ နောက်မှ
ကာလရွေ့ သော် "ရွှေတောင်ဦးမော်" ဖြစ်သည်ဟု ဆိုရိုးရှိ
ကြောင်း မှတ်သားရပါသည်။
Unknown /  at 12:25 PM / 

မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း
(မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင်
တောက်ပနေသော ကျောက်တုံးကြီးများ အထက်မှ ရပ်တော်မူ ၍ စင်္ကြံချောင်း
နဖူးတွင် ကိုင်းလျက် ပေါက်နေသည့် စစ်ပင်ကြီးအထက်မှာ ဗျိုင်း(၇)ကောင်း
နားနေသည်ကို မြင်တော်မူသဖြင့် ဤအရပ်ဒေသတွင် နောင်အခါမင်း(၇)ဆက်
အုပ်စိုးသော ဇေယျပူရ(စစ်ကိုင်း)မြို့ ကြီး ဖြစ်လတ္တံ့ ဟု ဗျာဒိတ်ထားတော်မူ
ခဲ့သည်။
စစ်ကိုင်းမင်းဆက်(၇)ဆက်-
(၁)အသင်္ခယာစောယွန်း(သက္ကရာဇ် ၆၇၇ မှ ၆၈၄ ထိ)
(၂)နောင်တော်တရာဖျားကြီး(သက္ကရာဇ် ၆၈၄ မှ ၆၉၈ ထိ)
(၃)သားတော်ရွှေတောင်တက်(သက္ကရာဇ် ၆၉၈ မှ ၇၀၁ ထိ)
(၄)ကျစွာ(စောယွန်း၏သား)(သက္ကရာဇ် ၇၀၁ မှ ၇၁၁ ထိ)
(၅)ညီတော်နော်ရထာမင်းရဲ(သက္ကရာဇ် ၇၁၁ မှ ၇-လ ထိ)
(၆)ညီတော်ဆင်ဖြူရှင်တရာဖျားငယ်(သက္ကရာဇ် ၇၁၁ မှ ၇၁၄ ထိ)
(၇)ယောက်ဖတော်မင်းပျောက်(သက္ကရာဇ် ၇၁၄ မှ ၇၂၆ ထိ)
-စုစုပေါင်းနှစ်(၅၀)ခန့် 
Unknown /  at 12:23 PM / 

စေတီတော်၏ မြောက်ဖက်မျက်နှာတွင် ရေတွင်းရေကန်တူးရန် သိကြား၊နတ်မင်း
မေတ္တာရပ်ခံလျက်ကန်၏ အရှေ့ ဖက်တွင် ကွယ်ပျောက်သွားသည်ကို အစွဲပြု၍
မေတ္တာကန်ဟု ယခုတိုင်ခေါ်တွင်သည်။
မေတ္တာကန်၏ အတွင်းလေးထောင့်တွင် ရေတွင်းလေးတွင်းရှိသည်။သာလွန်မင်း
တရားကြီး၏ ကုသိုလ်တော်ဖြစ်သည်။
ရေကန်၏ပမာဏ
အရှေ့ အနောက် အလျား ၁၉၉ ပေ ၅ လက်မ
တောင်မြောက် အနံ ၁၅၄ ပေ ၆ လက်မ
မေတ္တာကန်၏ ထူးခြားချက်များ
၁။အခါခပ်သိမ်း ကန်ရေများ ကုန်ခမ်းသည်ဟူ၍ မရှိခြင်း။
၂။ကန်အနီးတ၀ိုက် သစ်ပင်များရှိပါလျက် ကန်အတွင်း၌ သစ်ရွက် ရေညှိများ
ကင်းစင်၍ အမြဲတမ်း သန့် ရှင်းကြည်လင်နေခြင်း။
၃။တိုင်းပြည်ဝယ် တစ်စုံတစ်ခု ထူးခြားမှု ဖြစ်မည်ဆိုပါက ဆန်ဆေးရည်ကဲ့သို့ 
ရေများ နောက်ကျိခြင်း။
၎။ကန်တွင်းသို့ ဆင်း၍ ရေချိုးခြင်း၊ ကန်ရေကို မိန်းမများ ချိုးခြင်း၊ အသုဘ နှင့်
သားဖွားသောအခါ သုံးခြင်းများ ပြုပါက အထင်အရှား ဘေးအန္တရာယ်ဥပဒ်
ကျရောက်တက်ခြင်း။
၅။ဒုတိယကမ္ဘာစစ်အတွင်းက ကန်အတွင်းမှ ငါး၊လိပ်များကို ဂျပန်များ ဖမ်းယူ
စားသောက်သဖြင့် ၀မ်းကျ၍ သေရသည့် အပြင် မကြာမီ တစ်တပ်လုံး ဒုက္ခ
ရောက်ပြီး ပြေးရခြင်း။
၆။ကန်ရေများကို သောက်ခြင်း၊မျက်စင်းခပ်ခြင်းများ ပြုပါက ဘေးအန္တရာယ်
ကင်းခြင်း။
၇။အင်္ဂလိပ်များ အပြေးတွင် ၄င်းစစ်တပ်သုံးရန်အတွက် ကန်ရေကို စက်ဖြင့်
တင်ယူရာ စက်နှစ်လုံး ပျက်စီးပြီး ရေမရရှိဘဲရှိခြင်း
Unknown /  at 12:13 PM / 

စစ်ကိုင်းမြို့၌ စစ်ကိုင်းတောင်ရိုး၊မင်းဝံတောင်ရိုးဟု တောင်ရိုးကြီး(၂)ခုရှိရာ
နန်းဦးမြို့ သစ်အနီး ရှေးယခင် စစ်ကိုင်းမင်းနေပြည်တော်ကြီးအနောက်
တံခါးပေါက် အနောက်ဘက် မင်းဝံတောင်ရိုးပေါ်တွင် တည်ရှိသည်။
အင်းဝဘုရင်မင်းမြတ် သတိုးမင်းဖျား ကိုယ်တော်တိုင် သူကောင်းပြုခြင်းခံ
ရသော ကတိသစ္စာလွန်စွာကြီးမားသည့် ဂုဏ်တို့ ဖြင့် လွှမ်းခြုံထားသော
အာဇာနည်သူရဲကောင်း၊ လူစွမ်းကောင်းကြီး ဦးတက်ပြားသည် သက္ကရာဇ်
(၇၂၆)ခုနှစ် နန်းတက်သော သတိုးမင်းဖျား လက်ထက်မှာ မရှိခဏဘုရား
ကို တည်ထားပူဇော်သည်။
အင်းဝခေတ် မိုးညှင်းမင်းတရားကြီးလက်ထက် လက်ရုံးရည် နှလုံးရည်တို့ 
နှင့် ပြည့်စုံ၍ သူရသတ္တိအထူးရှိသည့် မြန်မာ့လူစွမ်းကောင်းကြီး သေနင်္ဂ
ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇသင်္ကြံက သက္ကရာဇ်(၇၈၉)ခုနှစ် မဟိယင်္ဂဏ
ဘုရားကို တည်ထားပူဇော်သည် သို့ မဟုတ် မရှိခဏဘုရားကို အသစ်ထပ်
မံပြုပြင်တည်ထား ကိုးကွယ်သည်။
မရှိ ၅+၄=၉၊ ခဏ ၂+၇=၉ ၊ဘုရားဘွဲ့ တော်က န၀င်းပေါ်န၀င်းဆင့်နေသည့်
ကိုးန၀င်းဘုရားဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လဆန်း(၁၅)ရက် စာရေးတံမဲများ ဖောက်၍ စည်ကား
သိုက်မြိုက်စွာ သံဃာ့ဒါနဆွမ်းကြီးလောင်းပွဲကြီးနှင့် ပူးတွဲပြီး စည်ကားသိုက်
မြိုက်စွာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည်။
သဗြူးမြသောင်း(ဓမ္မာစရိယ)
Unknown /  at 12:11 PM / 

နန်းဦးဘုရားကို လမ်းဦးတောင်ကုန်းပေါ်မှာ တည်ထားသောကြောင့် ရှေးက
လမ်းဦးဘုရား၊ လမ်းဦးမုဋ္ဌောဟု ခေါ်ကြသည်။
သာသနာတော်နှစ်(၂၁၈)ခုနှစ် နန်းစံသော အသောကမင်းတရားကြီး က
စစ်ကိုင်း၌ မုဋ္ဌော(၁၈)ဆူ တည်ထားရာတွင် လမ်းဦးမုဋ္ဌောလည်း ပါဝင် ခဲ့
ပေသည်။ ဤ လမ်းဦးမုဋ္ဌော စေတီတော်ကို စစ်ကိုင်း အသင်္ခယာစောယွမ်း
မင်း၏ ခမည်းတော် ပင်းယမြို့  တစ်စီးရှင် သီဟသူမင်းလက်ထက် သက္ကရာဇ်
(၆၆၂)ခုနှစ်တွင် သီဟိုဠ်ရောက် ဆရာတော်က ထပ်မံ၍ အသစ်ပြုပြင် တည်
ထား ကိုးကွယ်ခဲ့ပေသည်။
သက္ကရာဇ်(၆၇၇)ခုနှစ် နန်းတက်သော အသင်္ခယာစောယွမ်းမင်း၏ သမီးတော်
စိုးမင်းကိုယ်တော်ကြီးတို့  မိသားစုကလည်း သီဟိုဠ်ရောက် ဆရာတော်ကြီးကို
ကိုးကွယ်ကြပြီး စေတီတော်ကိုလည်း ထိုက်သလို ပြုပြင်လှူဒါန်းကြပါသည်။
ကုန်းဘောင်နောက်ပိုင်းလောက်မှာ မြန်မာစာပေ အထွဋ်အထိပ်သို့  ရောက်
လာချိန် ဖြစ်သည့်အတိုင်း ဘုရားနှင့် ပရိယာယ်တူ ရှင်ပင်ဆိုသော စကားနှင့်
တွဲဖက်ပြီး မူလ နန်းဦးဘုရား-နန်းဦးစေတီ ခေါ်ရာမှ ရှင်ပင်နန်းဦးဘုရား၊ ရှင်ပင်
နန်းဦးစေတီဟု ယဉ်ယဉ် ကျေးကျေး ခေါ်တွင်စေခဲ့ကြသည်။
ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ် ၀ါခေါင်လပြည့်ကျော်(၈)ရက်နေ့  မှာ
စာရေးတံမဲ ပဒေသာများနှင့် သံဃာဒါန ဆွမ်းလောင်းပွဲကြီးများပါ ပူးတွဲပြီး
စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြလေသည်။
သဗြူးမြသောင်း(ဓမ္မာစရိယ)
Unknown /  at 12:09 PM / 

ဥမင်သုံးဆယ်စေတီတော်ကြီးကို စစ်ကိုင်းတောင်တွင် နေသော ပဒုသံဃရာဇာ(ပဒူရဟန်း
မင်းကြီး)က သက္ကရာဇ်(၇၂၆)ခုနှစ်တွင် တည်ထားကိုးကွယ်လေသည်။
ပဒူသံဃရာဇာခေါ် ရဟန်းမင်းသည် လောကီရေးရာမှာ အထူးကျွမ်းကျင်ပြီး နာမည်ကျော်
ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။အထူးသဖြင့် ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးဟု ကျော်ကြား
ပေသည်။
ဥမင်သုံးဆယ်ဘုရားမှာ ကျင့်စဉ်ပါရမီတော်(၃၀)ကို ရည်ရွယ်၍ လိုဏ်ပေါက်(၃၀)ထားရှိပြီး
ဘုရားရှင် သာသနာပြုတော်မူသွားရာ (၄၅)၀ါကို ရည်ရွယ်၍ လိုဏ်အတွင်းမှာ ဗုဒ္ဓရုပ်ပွား
တော် (၄၅)ဆူ ပူဇော်ထားသည်။
နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေ့  ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဆွမ်းကြီးလောင်းပွဲများ
ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြလေသည်။
သဗြူးမြသောင်း(ဓမ္မာစရိယ)
Unknown /  at 12:07 PM / 

မြန်မာငွေကြေး အကြွေစေ့(ပြားစေ့)လေးများ
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇
ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊
ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား
သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး
ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ
ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁
ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉
ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန်
အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊
၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅
ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ်
သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ
သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့်
မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀
ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ
ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ
နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၁၉၉၄ ခုနှစ်
နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင်
အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၅ မျိုးအား
ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇
ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊ ၁၉၉၀
ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ်
အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀
ကျပ်တန်၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ တွင် ထုတ်ဝေသည့် ၁၀၀၀၀ ကျပ်တန်တွင်
ဆင်ဖြူတော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ
သုံးစွဲထားခြင်းဖြစ်သည်။
credit;(https://groups.google.com/forum/#!msg/jeffylin916/2C11oo2Xhzc/7ZOLW44IIqUJ)
Unknown /  at 11:58 AM / 

Unknown /  at 11:46 AM / 
0 comments: