စစ်ကိုင်းမြို့
ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့်
စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လုံးကို
တာဝန်ရှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သြဂုတ် ၂၁ ရက် က သက်ဆိုင်ရာမှ
တာဝန်ရှိသူများက သွားရောက်စိစစ် သိမ်းဆည်းခဲ့ကြသည်။
စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော် ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည် ကျဆင်းသွားသဖြင့် ရေ၌ မျောပါလာသည့် ဘူးသီးခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3 Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ယင်းကျောပိုးအိတ်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မသင်္ကာဖွယ် ပစ္စည်းများ ပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့ခဲ့သည်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်တို့ က သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ကျောပိုးအိတ်အတွင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်လျက် OT - 536 / 2005 MG-I တံဆိပ်ပါ အစိမ်းရောင် လက်ပစ်ဗုံး ငါးလုံးနှင့် ပလတ်စတစ်ကော်ဘူးနှင့် ထည့်ထားသည့် စနက်တံ ငါးခုတို့ကို တွေ့ရှိ သဖြင့် သက်သေများရှေ့၌ သိမ်းဆည်းခဲ့ပြီး တွေ့ရှိပစ္စည်းများအား မွန်းလွဲ ၂ နာရီတွင် နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း သိရသည်။
Ref: MOI
The Ladies News
စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော် ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည် ကျဆင်းသွားသဖြင့် ရေ၌ မျောပါလာသည့် ဘူးသီးခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3 Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ယင်းကျောပိုးအိတ်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မသင်္ကာဖွယ် ပစ္စည်းများ ပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့ခဲ့သည်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်တို

0 comments: