Tuesday, December 30, 2014

နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)

Photo: နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)

လျှားစောင်း လက်ပတ် အနွယ်ဝင် နားဂါးမောက်သီး ပင်ဟာ တောင်အမေရိက တိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါ မှာတော့ အာရှနိုင်ငံများ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုး လာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်းထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်..

အရသာ အနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါဝင်ပြီး နဂါးမောက်သီး အမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင်လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုး သမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်း ကို လျော့ချ ပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက် စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာစားချင် စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီ များကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်.. နလံထ လူမမာများ အတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..
မြ၀တီ

Unknown  /  at  9:35 AM  /  No comments

Posted in: Read Complete Article»

0 comments:

ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ

Photo: ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ 

 ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့ ၊

 ကိုယ်ကဤပုံ ၊ြ ဖစ်လိုတုံလည်း၊

 တစ်ဖုံစင်ကွဲ၊  သူတနဲဖြင့်၊

 ဖောက်လွဲတတ်စွာ  ၊ဓမ္မတာကို

 ပညာစက္ခု ၊မျှော်ထောက်ရှု့ ၍ ၊

 ယခုပင်လျှင်၊ မအိုခင်က၊
 ကြိုတင်ကောင်းမှု ၊ကြိုးစားပြုလော့..............။

 ယခုပင်လျှင်၊ မနာခင်က၊

 ယခုပင်လျှင်၊ မသေခင်က၊
 ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့..............။

  မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ

Unknown  /  at  9:34 AM  /  No comments

မြန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားမည့် ကိစ္စရပ်များအတွက် MFF ဥက္ကဋ္ဌနှင့် နယူးဇီလန် သံအမတ် ဒုတိယအကြိမ် တွေ့ဆုံ

Photo: မြန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားမည့် ကိစ္စရပ်များအတွက် MFF ဥက္ကဋ္ဌနှင့် နယူးဇီလန် သံအမတ် ဒုတိယအကြိမ် တွေ့ဆုံ
===============================================

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ နံနက် (၁၀) နာရီတွင် အဖွဲ့ချုပ် အစည်းအဝေးခန်း၌ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E. Mr. Bruce Shepherd နှင့် တွေ့ဆုံ၍ မြန်မာနှင့်နယူးဇီလန် လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲအား လာမည့်နှစ်အတွင်း ကျင်းပ သွားနိုင်ရေး အတွက်လည်းကောင်း၊ နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ယူ၂၀ အသင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ လိုအပ်သည့် ကြိုတင်ပြင်မှုများ ပြုလုပ်ရေး အတွက် လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေဖြင့် နယူးဇီလန် သံအမတ်အား ဒုတိယအကြိမ် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး နယူးဇီလန် ဘောလုံး အဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ မြန်မာ့ လက်ရွေး စင်အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ၂၀ အသင်းတို့၏ ခြေစမ်းပွဲများ၊ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲများအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Ref ; #MFF

Unknown  /  at  9:33 AM  /  No comments

သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို့ ၀မ်ပေါင်ကုမ္ပဏီ ပြောကြား

မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ လက်ပံတောင်းဒေသခံ တောင်သူ အများစု စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးထားပေမဲ့ နောက်ကွယ်ကနေ စည်းရုံးသွေးထိုးပေးနေသူတွေကြောင့် အခုလို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေရ တာဖြစ်တယ်လို့ ၀မ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ကွယ်က စည်းရုံးသွေးထိုးပေးနေသူတွေဟာ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြသူတွေ အတွက် နေ့တွက်စရိတ် ငွေ ၈ ထောင် ထုတ်ပေး တာတွေလည်းရှိတယ်လို့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးမန်နေဂျာ မစ္စတာ ၀မ်ရင်ဖီးက RFA ကို ပြောပါတယ်။

"အဓိကအကြောင်းရင်းကျတော့ သူတို့နောက်မှာ စည်းရုံးတဲ့လူရှိတယ်၊ နိုင်ငံရေးသမားတွေ အဖွဲ့အစည်းတွေလာပြီးတော့ စည်းရုံးတယ်၊ သွေးထိုးတယ်၊ အဲ့ဒါကြောင့် သူတို့အမြဲတမ်း ဆန္ဒလာပြတာ၊ အများစုက ကျနော်တို့ စီမံကိန်းကိုလက်ခံတယ်၊ ကျနော်တို့လည်း ပေးထားတဲ့ ဒီပေါ်လစီတွေကို သူတို့က အကုန်လုံးသဘောကျတယ်လေ၊ မြေယာထောက်ပံ့ကြေးတို့ အလုပ်အကိုင်ထောက်ပံ့ကြေးတို့၊ အဓိက အကြောင်းရင်းက သူတို့က ဒီဟာနောက်က ကြိုးဆွဲတဲ့လူရှိလို့၊ စည်းရုံးတဲ့လူရှိလို့ အဲ့လိုဖြစ်တာပါ၊ သူတို့က ဆန္ဒပြတဲ့အခါကျရင် ဓါတ်ပုံရိုက်ထားတယ်လေ၊ အစိုးရလည်း ဓါတ်ပုံရိုက်ထားတာပဲ၊ ပဋိပက္ခဖြစ်တဲ့အခါ ကျလို့ရှိရင်လည်း သူတို့ပိုက်ဆံပေးတယ်လို့ပြောတယ်၊ ဝမ်ပေါင်ဝန်ထမ်း ခြံစည်းရိုးခတ်တဲ့အခါကျလို့ရှိရင် သူတို့ဝိုင်းပြီးတော့ ဆန္ဒပြမယ်ဆိုရင် ကျနော်တို့သတင်းရတာ တစ်ယောက်ကို ရှစ်ထောင်ပေးမယ်တဲ့၊ အဲ့လိုမျိုးတွေလုပ်တာရှိတယ်"

လက်ပံတောင်းဒေသ ဆည်တဲကျေးရွာသူ မ၀င်းဝင်းဌေးကတော့ ၀မ်ပေါင်ကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြတာဟာ လယ်ယာမြေတွေကို ကာကွယ်ဖို့သာဖြစ်ပြီး၊ နေ့တွက်စားရိတ်မရရှိဘူးကြောင်း ပြောပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းရုပ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိပေမဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ 
တရားဝင်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် စီမံကိန်းရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လျော်ကြေးမယူတဲ့ လယ်ယာမြေတွေပေါ်မှာ ခြံစည်းရိုးခတ်နေတာဟာလည်း ငှားရမ်းထားတဲ့ ဧက ၆၇၀၀ ပေါ်မှာ တရားဝင်လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာသာဖြစ်ကြောင်း၊ ဖျက်ဆီးခံရတဲ့ သီးနှံတွေအတွက်လည်း လျော်ကြေးပေးအပ်သွားမှာဖြစ်ကြောင်း ၀မ်ပေါင်ကုမ္ပဏီက ပြောပါတယ်။
RFA
 
Photo: သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို့ ၀မ်ပေါင်ကုမ္ပဏီ ပြောကြား

မြန်မာဝမ်ပေါင်ကုမ္ပဏီကို စီမံကိန်းရုပ်သိမ်းပြီး မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ တောင်းဆိုဆန္ဒပြမှုတွေရှိပေမဲ့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် စီမံကိန်းရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

Unknown  /  at  9:32 AM  /  No comments

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခြင်းကို ဆက်လုပ်မည်ဟု စစ်ကိုင်းတိုင်းသတ္တုတွင်းဝန်ကြီးပြော တရုတ်ကို ကာကွယ်ပေးခြင်း မဟုတ်ဟုပြော

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရဦးမည်ဟု စစ်ကိုင်းတိုင်း သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက်က ဆိုလိုက်ပြီး ယင်းသို့ ပြောကြားခြင်းသည် တရုတ်ကို ကာကွယ်ပြောခြင်း မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

"ခြံစည်းရိုးက ဆက်ခတ်ရမှာပါ။ ခြံစည်းရိုးခတ်မှလည်း သူတို့လုပ်ငန်းက ဆက်လုပ်လို့ရမှာပေါ့။ တရုတ်ဘက် ကာကွယ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတော်အတွက်လည်း အကျိုးရှိလို့ ဆက်လုပ်နေတာပါ။" ဟု မဇ္ဈိမ ကို ပြောသည်။

သတ္တုတွင်းဝန်ကြီးက ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာသစ်ရှိ လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကော်မတီ၏ ဆက်ဆံရေးရုံးတွင် ဒီဇင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ခွဲက ထိုဒေသမှ ဆရာတော် ဦးတိက္ခဥာဏ် အပါအဝင် သပိတ်ခေါင်းဆောင် ငါးဦးခန့်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်က ဆက်ဆံရေးရုံး၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဆရာတော် ဦးတိက္ခဥာဏ က "ဘုန်ကြီး ကြားကနေ သတ္တုတွင်း ဝန်ကြီးနဲ့ ဒေသခံတွေအတွက် ညှိတယ်။ လက်မခံဘူး။ သူတို့မှာ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ဘာဆက်လုပ်ရမလဲ။ ဒီအတိုင်းဆို အကုန်ဒုက္ခရောက်မယ့် အနေအထားပဲ။" ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဆက်ဆံရေးရုံးတွင် သတ္တုတွင်းဝန်ကြီးနှင့် ဒေသခံများ ညှိနှိုင်းမှု မပြေလည်၍ ဆည်တည်းရွာတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းသို့ နာရီဝက်အတွင်း လာရောက်ကာ ဆက်လက်ညှိနှိုင်းမည်ဟု ဝန်ကြီး ဦးသန်းထိုက်က ပြောခဲ့သော်လည်း ညနေစောင်းသည်အထိ ရောက်မလာခဲ့ဟု ဒေသခံများက ပြောသည်။

ကုမ္ပဏီနှင့် ဒေသအာဏာပိုင်များက ဝမ်ပေါင်ကုမ္ပဏီအတွက် ခြံစည်းရိုး တိုးမြှင့်ခတ်ရန် ကြိုးပမ်းနေချိန်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃နာရီခန့်မှ စတင်ကာ ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီက ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးကာ ရွာမြေသတ်မှတ်၍ ခြံစည်းရိုး ပြန်လည်ခတ်လျက်ရှိသည်။

ဒေသခံ ၇၀ကို အမှုဖွင့်ထား

ယင်းသို့ ကုမ္ပဏီ၏ ခြံစည်းရိုးများကို ဖျက်ဆီးကာ အသစ်ခတ်သည့် တုံရွာနှင့် ဆည်တည်းရွာမှ ဒေသခံ ၇၀ဦးကို ဆားလင်းကြီး မြို့နယ် ရဲစခန်းက ပုဒ်မ ၃၇၉ (ခိုးမှု)၊ ပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု) တို့ဖြင့် ထိုနေ့ ညနေကပင် အမှုဖွင့်လိုက်ပြီဖြစ်သည်။

"ကျွန်မတို့က ကျွန်မတို့မြေကို ကာကွယ်နေတာပါ။ သူတို့ဖက်က အကြမ်းဖက် ဖြိုခွဲဖို့လုပ်နေတယ်။ကျွန်မတို့အသေခံသွားမယ်။ ဒီသပိတ် စခန်းကနေ တစ်ဖဝါးမှမခွာဘူး။ အခု စည်းအနေနဲ့ ခြံစည်းရိုးခတ်နေတယ်။"ဟု ဆည်တည်းဒေသခံ မရီဝင်းက မဇ္ဈိမကို ပြောသည်။

ဒေသခံများဘက်လည်း ဒီဇင်ဘာ ၂၉ရက်မှ စတင်ကာ ဆည်တည်းရွာတွင် သပတ်စခန်းဖွင့်၍ ခြံစည်းရိုး ဆက်လက်မခတ်ရန်၊ ဒေသခံ များ ပြန်လည်ခတ်ထားသည့် ခြံစည်းရိုးကို မဖျက်ဆီးရန်၊ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန်၊ ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ အပါအဝင် ဒေသခံများ၏ အခက်အခဲများ ဖြေရှင်းပေးရန် ဖွင့်ထားသည့် ဆက်ဆံရေးရုံးမှာ ညှိနှိုင်းပေးနိုင်ခြင်း မရှိ၍ ဆက်ဆံရေးရုံးအလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုလျက်ရှိသည်။

သပိတ်စခန်းတွင် အလယ်ရွာ၊ ရွာသစ်၊ လယ်တီ၊ ဖောင်ကတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ တောကျောင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀ကျော်တို့က ဆန္ဒပြနေသည်။

လက်ပံတောင်းတောင် လုံခြုံရေးယူထားသော လုံခြုံရေးရဲများကလည်း သပိတ်စခန်း ရုပ်သိမ်းပေးရန်နှင့် ဝမ်ပေါင်မှ ခတ်ထားသော ခြံစည်းရိုးများအား ဆက်လက် မဖျက်ဆီးရန် အသံချဲ့စက်ဖြင့် အော်ဟစ် သတိပေးလျက်ရှိသည်။

ယင်းအပြင် သပိတ်စခန်းကို ဒီဇင်ဘာ ၃၀ရက် ညပိုင်းတွင် ဖယ်ရှားရှင်းလင်းမည်ဟု လုံခြုံရေးယူထားသည့် ဒု-ရဲအုပ်တစ်ဦးက မဇ္ဈိမကို အသိပေးသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး ယူမထားသည့် မြေပေါ်တွင် ခြံစည်းရိုးခတ်ရာမှ အစပြုကာ ဒေသခံများနှင့် ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်က ပဋိပက္ခ အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းသို့ သေနတ်ကြည်ထိမှန်ကာ သေဆုံးခဲ့ရပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် နှစ်ဖက် ပဋိပက္ခ ဆက်လက်ရှိနေပြီး ဒေသခံများက သပိတ်စခန်းဖွင့်လှစ်သည်အထိ ဖြစ်ပွားခဲ့ရသည်။

ယင်းဖြစ်စဉ်ကို အခြေခံ၍ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တွင် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာ ၂၉ရက်က ဆန္ဒပြသူများအနက် ၅ဦးကို ဒဂုံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပြည်မြို့တွင်လည်း ဆန္ဒပြသူများကို ပုဒ်မ ၁၈၊ ၁၉တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

Mizzima
Unknown  /  at  9:29 AM  /  No comments

Sunday, December 28, 2014

"မေမေ.. ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ"

Photo: "မေမေ.. ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ"

ခြင်္သေ့လေးက ခြင်္သေ့မေမေကို မေးတယ်
"မေမေ.. ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ"
"ပျော်ရွှင်ခြင်းဆိုတာ သားရဲ့အမြီးလေးပေါ့"လို့ ခြင်္သေ့မေမေက ပြန်ဖြေတယ်။

ဒါနဲ့ ခြသေ့င်္လေးက သူ့အမြီးနောက်ကိုပဲ တစ်ပတ်ပြီးတစ်ပတ် ချာချာလည် မောပန်းတဲ့အထိ လိုက်ပြေးနေခဲ့တော့တယ်။ ဒါကို ခြသေ့င်္မေမေကတွေ့တော့ "သား... ပျော်ရွှင်ခြင်းကို သား အထူးတလည် ကြိုးစားအားထုတ်ပြီး ရှာဖွေစရာမလိုပါဘူး...
ခေါင်းမော့ပြီး ရှေ့ကိုရဲရဲလျှောက်လှမ်းတာနဲ့ ပျော်ရွှင်ခြင်းက သားနောက်မှာ ထပ်ကြပ်မခွာလိုက်ပါလာမှာ"လို့ ပြောလိုက်တယ်။

ငယ်ငယ်တုန်းက ပျော်ရွှင်ခြင်းဆိုတာ အရာဝတ္ထုတစ်ခုပါတဲ့..
အဲဒီအရာဝတ္ထုကို ပိုင်ဆိုင်ရရင်ပျော်ရွှင်တယ်။

ကြီးလာတော့ ပျော်ရွှင်ခြင်းဆိုတာ ရည်မှန်းချက်ပန်းတိုင်တစ်ခုပါတဲ့..
အဲဒီရည်မှန်းချက်ပန်းတိုင်ဖြစ်မြောက်ရင် ပျော်ရွှင်တယ်။

ရင့်ကျက်တည်ငြိမ်လာတော့ ပျော်ရွှင်ခြင်းဆိုတာ စိတ်နေစိတ်ထားတစ်မျိုးပါတဲ့...
အသိတရားရ၊ နားလည်သဘောပေါက်လာတော့ ပျော်ရွှင်တယ်။

ပျော်ရွှင်ခြင်းကို ရာထူးဥစ္စာ ဂုဏ်ပကာသနနဲ့ လဲလှယ်ယူလို့ မရပါဘူး၊
ပျော်ရွှင်ခြင်းကို ကိုယ့်ကိုယ်ကိုဆန်းစစ်ခြင်းကနေပဲ ရနိုင်ပါတယ်၊
သင့်အတွင်းစိတ်ပြည့်ဝရင် သင့်စိတ်ဝိညာဉ်လည်း ချိုတဲ့တယ်ဆိုတာမရှိတော့ဘူး။
ဒီလိုဆိုရင် တကယ့်ပျော်ရွှင်ခြင်းကို သင်ပိုင်ဆိုင်နိုင်ပါပြီ။

လိုအင်ရမ္မက်မရှိဘူး.. တင်းတိမ်ရောင့်ရဲနိုင်တာက ပျော်ရွှင်ခြင်းပါတဲ့
အိမ်ထောင်ရေးသာယာ ခန္ဓာကိုယ်ကျန်းမာနေတာက ပျော်ရွှင်ခြင်းပါတဲ့
ကျေးဇူးသိတတ်၊ တန်ဖိုးထားမြတ်နိုးတတ်တာက ပျော်ရွှင်ခြင်းပါတဲ့
တကယ်ဆို ပျော်ရွှင်ခြင်းကအဝေးမှာမရှိပါဘူး..
ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်အနီးအနားမှာ....
Nine Nine Sanay @ နိုင်းနိုင်းစနေ

Unknown  /  at  3:22 AM  /  No comments

အရှိန်မထိန်းနိုင်သည့်ကားမှ ဓာတ်တိုင်ဝင်တိုက်မိရာ လမ်းလျှောက်နေသည့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာ များရ၍ ပျံတော်မူ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းဝင်းရှေ့ အနီးနေရာတွင် အရှိန်မထိန်းသည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှ လမ်းဘေးဖုန်းဓာတ်တိုင် အားဝင်ရောက်တိုက်မိခဲ့ရာ လမ်းဘေးပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည့် ဘုန်းတော်ကြီးတစ်ပါး အား အဆိုပါ ဖုန်းဓာတ်ကြီုးများနှင့် ခိုင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့သည့် ဖြစ်စဉ်တစ် ရပ်အား ဒီဇင်ဘာ ၂၆ မနက် ၆ နာရီက ဖြစ်ပွားခဲ့သည်။
မုံရွာမြို့၊ အေးသာယာရပ်ကွက်နေ ဦးညွှန့်ဌေး ဆိုသူသည် HI 8 - 65... FUSO BUS အမျိုးအစားခရီးသည်တင် မှန်လုံယာဉ်တစ်စီးအား မောင်းနှင်းလာစဉ် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖုန်းဓာတ်တိုင်အား ၀င် ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းဓာတ်တိုင်အားဝင်ရောက်တိုက်မိသည့်အချိန်တွင် လမ်းဘေးပလက် ဖောင်းအတိုင်းလမ်းလျှောက်လာသည့် သက်တော်(၈၁)နှစ်၊ ၀ါတော်(၆၁)၀ါ အရွယ်ရှိ ဘုန်းတော်ကြီး ဥူးဝေ ပုလ္လမှာ ဖုန်းဓာတ်တိုင်ပိ၍ ဦးခေါင်းတွင်ပေါက်ပြဲဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒုတပ်ဖွဲ့ခွဲမှူးရုံးရှိ ရဲအုပ် မြိုင်ဝင်းမှ မှတ်တမ်းများရယူထားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုအား မုံရွာမြို့မရဲစခန်းက ယာဉ်(ပ)၁၈၄/၂၀၁၄ ပုဒ်မ ၃၀၄ - က အရနှင့် (ပ) ၄၉၈/၂၀၁၄ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ကိုတိုး ချင်းတွင်း
Unknown  /  at  3:21 AM  /  No comments

မင်းကွန်းဆရာတော်ဘုရာကြီး အလောင်းလျာ၏ ထူးခြားသော ဘ၀ဖြစ်စဉ်

Photo: မင်းကွန်းဆရာတော်ဘုရာကြီး အလောင်းလျာ၏ ထူးခြားသော ဘ၀ဖြစ်စဉ်

မင်းကွန်းဆရာတော်ဘုရားကြီလောင်းလျာ မောင်ခင် နွားပေါ်မှ လိမ့်ကျစဉ် နွားနက်ကြီးသည် မောင်ခင်အား ဝမ်းဗိုက်အောက်ထား၍ အခြားနွားများ မနင်းမိစေရန် ကာကွယ်ထားပုံ

မောင်ခင် {၇}နှစ်သားအရွယ် အဒေါ်မယုံနှင့်နွားကျောင်းလိုက်သွားပါသည်။
ညနေ နွားများရေသောက်အဆင်း မယုံပိုင် ရှေ့ဆုံးမှ သန်းရောင်အမည်ရှိ နွားနက်ကြီးကို စီး၍ လာရာ မြစ်ဆိပ်သို့ ရောက်ခါးနီးနွားနက်ကြီးပေါ်မှ လိမ့်ကျသောအခါ နွားနက်ကြီးသည် မောင်ခင်အားအခြားနွားများ မနင်းမိစေရန် ဝမ်းဗိုက်အောက် တည့်တည့်ထား၍ ရပ်နေပါသည်။

နွားများအားလုံးရှင်းသွားမှ နွားနက်ကြီးသည် မောင်ခင်အပေါ်မှ ခွာကာ ရေသောက်ဆင်းသည်။
ဌင်းဖြစ်ရပ်သည် ဘုန်းရှင်ကံရှင် ပါရမီရှင်အား အသက်အန္တရယ်ပြု၍ မရနိုင်ဟု ညွန်ပြနေပါသည်။

မင်းကွန်းဆရာတော်ဘုရားကြီးဘ၀ဖြစ်စဉ်မှ

ဗုဒ္ဓဘာသာ နှင့် ဗမာလူမျိုးများ

သွန်းနေစိုး ရေးတဲ့ ကဗျာ

ဟောကိန်းများ
------------------------
နောက်ဆို လက်ပံတောင်းသွားချင်ရင်
ပတ်စပို့ လိုလိမ့်မယ်။
တရုတ်သံရုံးမှာ လျှောက်ရလိမ့်မယ်။

နောက်ဆို မန္တလေးသွားချင်ရင်
တရုတ်စကား သင်ရလိမ့်မယ်။

နောက်ဆို မြေဝယ်ချင်ရင်၊ လယ်ယာဝယ်ရင်
တရုတ်နဲ့ ကြိုစာချုပ်ထားတာရှိမရှိ မေးရမယ်။
ဒါပေမဲ့ တရုတ်က မျက်စိကျပြီဆို
ဘယ်လောက်ပေးပေးရောင်းပြီး ပြေးပေတော့
မဟုတ်ရင် အပစ်သတ်ခံရမယ်။
သေပြီးနောက်မှာလဲ
ခင်ဗျားအလွန်လို့ ပြောကြလိမ့်ဦးမယ်။
ခင်ဗျားအတွက်နာလို့ ကူညီမိသူတွေကိုလည်း
သွေးထိုးလှုံ့ဆော်သူတွေအဖြစ်
ယိုးစွပ်ခံရလိမ့်မယ်။

( Thorn Nay Soe )
Unknown  /  at  3:19 AM  /  No comments

တရုတ်သံအမတ်နဲ့ သံရာရှိတွေကို ထွက်မလာရင် လုံခြုံရေးစည်းကို ကျော်မယ်လို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေ ကြွေးကြော်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေ ကြတဲ့ ဆန္ဒပြသူတွေဟာ တရုတ်သံအမတ်နဲ့ သံအရာရှိတွေကို သံရုံးအပြင်ကို ခေါ်မထုတ်ပေးရန် လုံခြုံရေးစည်း ကို ကျော်မယ်ဆိုပြီး ကြွေးကြော်နေတယ်လို့ အဲဒီနေရာသို့ ရောက်ရှိနေသူတွေဆီက သိရှိရပါတယ်။

တရုတ်သံရုံးအရှေ့မှာ ဆန္ဒပြနေသူ ၃၀ ဝန်းကျင်ဟာ ဒီနေ့ညနေ လေးနာရီဝန်းကျင်လောက်က စတင်ပြီးတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရေး၊ လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးအကာကွယ်နဲ့ ခြံစည်းရိုးခတ်နေတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အချုပ်အခြာအာဏာကို ထိခိုက်နေပြီဆိုပြီး ဆန္ဒပြနေကြတာလို့ သူတို့ဆီကနေ သိရှိရပါတယ်။
The Voice Weekly
Unknown  /  at  3:18 AM  /  No comments

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.