Tuesday, September 2, 2014

သင်လူကြီးတစ်ယောက်ဖြစ်ပြီလား ?

Photo: သင်လူကြီးတစ်ယောက်ဖြစ်ပြီလား ?

ကိုယ့်တာဝန်ကိုယ်မယူပဲ
ကိုယ်လုပ်ရမယ့်အလုပ်ကိုယ်မလုပ်ပဲ
ဟိုလူ့လွှဲချ ဒီလူ့လွှဲချလုပ်တတ်တဲ့သူဟာ
ဘယ်တော့မှ ကြီးပွားလေ့မရှိဘူး

ကိုယ့်ရဲ့ Responsibility ကို ကိုယ့်ထက်အတွေ့အကြုံနည်းတဲ့
ကိုယ့်လောက်မရင့်ကျက်သေးတဲ့
ကိုယ့်လက်အောက်ငယ်သားတွေက တွဲယူနေရတယ်ဆိုကတည်းက
ကိုယ်ဟာ ခေါင်းရှောင်တတ်တဲ့လူမှန်း သိသာသွားတယ်

ကိုယ့်တာဝန်ကိုယ်ယူကြပါစို့ မိတ်ဆွေ ။

သက်တန့်ချို

Unknown  /  at  11:23 AM  /  No comments

Posted in: Read Complete Article»

0 comments:

မင်္ဂလာမဟာစေတီတော်

Photo: မင်္ဂလာမဟာစေတီတော်
Unknown  /  at  11:21 AM  /  No comments

Photo: မင်္ဂလာမဟာစေတီတော်

Posted in: Read Complete Article»

0 comments:

အောင်မြင်သူများ အတုမရှိမုနိလေးဆူမြတ်စွာဘုရား

Photo: အောင်မြင်သူများ အတုမရှိမုနိလေးဆူမြတ်စွာဘုရား
Unknown  /  at  11:20 AM  /  No comments

Photo: အောင်မြင်သူများ အတုမရှိမုနိလေးဆူမြတ်စွာဘုရား

Posted in: Read Complete Article»

0 comments:

လောဘ

Photo
Unknown  /  at  11:19 AM  /  No comments

Photo

Posted in: Read Complete Article»

0 comments:

လူလိမ္မာချီးမွမ်းခံရအောင် လုပ်ပါ

Photo
Unknown  /  at  11:18 AM  /  No comments

Photo

Posted in: Read Complete Article»

0 comments:

အမျိုးသားပညာရေး ဥပဒေကို မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

Photo: အမျိုးသားပညာရေး ဥပဒေကို မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

မုံရွာ၊ သြဂုတ် ၂၉

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့တွင် အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေနှင့် မုံရွာမြို့ပေါ်တွင် တက္ကသိုလ် ကျောင်းသားများက ဘွဲ့ရ ဆိုက်ကားနင်းသူ၊ ဘွဲ့ရ ရေစည်လှည်းတွန်းသူ စသဖြင့် သရုပ်ပြ၍ သြဂုတ်လ၂၉ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ သရုပ်ပြ ဆန္ဒထုတ်ဖော်မှုကို မုံရွာစီးပွားရေးတက္ကသိုလ်မှ စတင်ခဲ့ပြီး ကျောက္ကာလမ်းမကြီးအတိုင်း မုံရွာမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အထိ ကျောင်းသား ကျောင်းသူဦးရေ တစ်ရာခန့်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ အမျိုးသားပညာရေး ကော်မရှင် ဖျက်သိမ်းပေးရေး ဟူသည့် အချက် အပါအဝင်၊ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အလိုမရှိ စသည့် အချက်များကို တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မုံရွာတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကျောင်းသားတစ်ဦးက ဆိုသည်။

“လက်ရှိ အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေပါ အချက်တွေမှာ ပညာရေး စနစ်တစ်ခုလုံးကို ဗဟိုက ချုပ်ကိုင်နိုင်အောင် အခွင့်အလမ်းတွေ ပေးထားတာ တွေ့ရသလို၊ ပညာရေးစနစ်ကောင်း တစ်ခုရဲ့အသက်ဖြစ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်နဲ့ ပညာရေးလွတ်လပ်ခွင့် ဆိုတဲ့ အချက်တွေကိုလည်း ဗဟိုက လွှမ်းမိုးချုပ်ကိုင်နိုင်အောင် ပြဋ္ဌာန်းထားတဲ့အတွက် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ) မုံရွာမှ ကျောင်းသားတစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တစ်ရာခန့်သည် မုံရွာမြို့ပေါ်တွင် အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် သြဂုတ်လ ၂၄ ရက်နေ့က မုံရွာခရိုင် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားပရဟိတ အသင်းများ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ကျောင်းသား ၄ ဦးကို ပုဒ်မ ၁၈ ဖြင့် နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယခု ဆန္ဒထုတ်ဖော်မှုသည် ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒုတိယမြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်ပြီး ပါဝင်သူများကို အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မသိရသေးပေ။
The Voice Weekly

Unknown  /  at  11:16 AM  /  No comments

ဆက်သွယ်ရေးဆင်းမ်ကတ်များ လက်လီအရောင်းဆိုင်များတွင် လွတ်လပ်စွာဝယ်ယူနိုင်

ရန်ကုန်− မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချပေးနေ သည့် ဆင်းမ်ကတ်များကို နိုင်ငံ တစ်ဝန်းရှိ လက်လီအရောင်းဆိုင် များတွင် စက်တင်ဘာ ၁ ရက်မှစ၍ လွတ်လပ်စွာဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ရဲ့ အရောင်း ကိုယ်စားလှယ်တွေကနေတစ် ဆင့် နိုင်ငံတစ်ဝန်းက လက်လီ အရောင်းဆိုင်တွေကို ဖြန့်ချိပေး သွားမှာပါ။ သတ်မှတ်ထားတဲ့ ပုံစံ စာရွက်ကို ဖြည့်ပြီးတာနဲ့ ဆင်းမ်ကတ်ကို ဝယ်ယူခွင့်ရမှာဖြစ်ပါ တယ်။ အရင်လိုကန့်သတ်ထား တာတွေမရှိတော့ပါဘူး’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ပြီးခဲ့သည့်လများ တွင် ဆင်းမ်ကတ်လေးသိန်းကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီး၌ ခွဲတမ်းစနစ်ဖြင့် မဲနှိုက်၍ရောင်းချပေးခဲ့သော်လည်း ယခု စက်တင်ဘာ ၁ ရက် မှစ၍ အဆိုပါပုံစံကို ပြောင်းလဲကာ လမ်းဘေးလက်လီအရောင်းဆိုင်များတွင်ပါ လွတ်လပ်စွာဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဆင်းမ်ကတ်တွေကို ရောင်းတဲ့အခါမှာ အရေအတွက်ကန့် သတ်ထားတာမျိုးတော့မရှိတော့ ပါဘူး။ ဈေးကွက်လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ရောင်းပေးသွား မှာပါ။ ဈေးနှုန်းကတော့ အရင်က ရောင်းချပေးတဲ့အတိုင်း ကျပ် ၁,၅၀၀ နှုန်းနဲ့ပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်’’ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်း ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၄၀ ကျော်ရှိ လက်လီအရောင်းဆိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အခြားသောပြည်နယ်နှင့် တိုင်းများတွင် အနည်းဆုံးမြို့နယ် လေးခုခန့်တွင် ဝယ်ယူနိုင်မည် ဖြစ်သော်လည်း ကယားပြည်နယ်တွင်မူ လွိုင်ကော်မြို့တစ်ခုတည်းတွင်သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိအချိန်ထိ တန်ဖိုးနည်းဖုန်းများအပါအဝင် ဆင်းမ်ကတ်ပေါင်း ဆယ်သန်းကျော်အထိ ရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily
Unknown  /  at  11:15 AM  /  No comments

စိတ်ထားရေးမင်္ဂလာ ၅ ပါး

Photo: စိတ်ထားရေးမင်္ဂလာ ၅ ပါး

ရိုသေထိုက်သောသူတို့ ကို  ရိုသေခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်း
လောဘအလိုမလိုက်ပဲ ရောင့်ရဲလွယ်ခြင်း
ပြုဖူးသော သူတစ်ပါးကျေးဇူးကို သိခြင်း
သင့်လျော်သောအခါ တရားနာခြင်း
http://zayarshwemyaysagaing.blogspot.com/
 ရိုသေထိုက်သောသူတို့ ကို ရိုသေခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်း
လောဘအလိုမလိုက်ပဲ ရောင့်ရဲလွယ်ခြင်း
ပြုဖူးသော သူတစ်ပါးကျေးဇူးကို သိခြင်း
သင့်လျော်သောအခါ တရားနာခြင်း
Unknown  /  at  11:14 AM  /  No comments

Photo: စိတ်ထားရေးမင်္ဂလာ ၅ ပါး

ရိုသေထိုက်သောသူတို့ ကို  ရိုသေခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်း
လောဘအလိုမလိုက်ပဲ ရောင့်ရဲလွယ်ခြင်း
ပြုဖူးသော သူတစ်ပါးကျေးဇူးကို သိခြင်း
သင့်လျော်သောအခါ တရားနာခြင်း
http://zayarshwemyaysagaing.blogspot.com/
 ရိုသေထိုက်သောသူတို့ ကို ရိုသေခြင်း
မိမိကိုယ်ကို နှိမ့်ချခြင်း
လောဘအလိုမလိုက်ပဲ ရောင့်ရဲလွယ်ခြင်း
ပြုဖူးသော သူတစ်ပါးကျေးဇူးကို သိခြင်း
သင့်လျော်သောအခါ တရားနာခြင်း

Posted in: Read Complete Article»

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.