

ရှင်ဘုရင်နရပတိမင်းကြီးသည် သက္ကရာဇ်(၈၀၆)တွင် " လောကမှန်ကူ " ဘွဲ့ တော်ယူ ပြီး နတ်လူပေါင်းဆုံ ထူပါရုံမည့် မြတ်စေတီ ကို တည်ထားတော်မူသည်။
ထူပါရုံစေတီတော်မြတ်ကြီးကို ဘုရင်နရပတိ၊ မင်းရဲကျော်စွာ၊ သာလွန်မင်း၊ ဘိုးတော်မင်းတရားကြီး နှင့် ပုဂံမင်းစသည့် မင်း(၅)ဆက်တိုင်တိုင် တည်ထားကိုးကွယ်ခဲ့ကြပါသည်။
၁၁-၁၁-၂၀၁၂ ရက်နေ့  နံနက်(၇)နာရီ(၄၃)မိနစ်အချိန်တွင် လှုပ်သွားသော ငလျင်ဒဏ်ကြောင့် " ထူပါရုံ " စေတီတော်ကြီးတွင် အက်ကြောင်းကြီး(၁၅)နေရာ ဖြစ်ပေါ်သွားပြီး နောက်တဖန် ငလျင်ဒဏ်ခံရပါက ပြိုကျပျက်စီးနိုင်သည့် အခြေအနေဖြစ်ပါသည်။ " ထူပါရုံ " စေတီတော်ကြီးကို လုံးပတ်တော်နှင့် အမြင့်ပေများတိုးပြီး သီရိလင်္ကာနိုင်ငံ " ထူပါရာမ " စေတီတော်ကြီး၏ ပုံစံအတိုင်း သီတဂူဆရာတော်ဘုရားကြီးက တာဝန်ယူ ပြု ပြင်တည်ဆောက် နေပါသည်။


0 comments: