Tuesday, December 22, 2015

"စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သစ်ခိုးထုတ်ယူမှု များ ဆောင်ရွက်ရာတွင် သစ်ခိုးထုတ်ယူသူ နှင့် သစ်တောဌာန ရဲဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန တို့ ပူးပေါင်းဆောင်ရွက်ပြီး ခိုးထုတ်နေလျှက်ရှိ"

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တမလန်း ၊ ကျွန်းသစ် နှင့် အခြားသော သစ်မာ မျိုးစုံ တို့ အား ခိုးထုတ်သယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တရားမ၀င်သစ်ခိုးထုတ်ယူနေလျှက်ရှိသည့် သူများ နှင့် သစ်တောဦးစီးဌာန တာဝန်ရှိသူများ ရဲတပ်ဖွဲ့ မှ အကြီးအကဲကြီးများ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန မှ ထိပ်တန်း အရာရှိကြီး များ က တရားမ၀င်သစ်ခိုးထုတ်ယူ သယ်
ဆောင်နေသူ များ နှင့် အတူတစ်ကွပူးပေါင်းပြီး ဆောင်ရွက်နေလျှက်ရှိ
ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အကြီးတန်းအရာရှိ တစ်ချို့ နှင့် မုံရွာရိုင် ရဲတပ်ဖွဲ့ အရာရှိ တစ်ချို့ က သလ္လာဝတီတိုင်မ်း ကို ပြောသည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အကြီးတန်းအရာရှိ တာဝန်ထမ်းဆောင်နေ သူ က
"ြေ့ပာရရင်တော့ အဓိက ပါဝင်ပတ်သက်နေတာ က တော့ သစ်တောဦးစီး ဌာန က အကြီးဆုံး အဆင့်တွေ ပါဝင်ပတ်သက်နေတယ်။AD အဆင့် DD အဆင့် တွေ အထိပါဘဲ။
ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေ နဲ့ ပြောရရင်လည်း မကောင်းတော့ မကောင်း ပါဘူး။ ရဲမှူး အဆင့် ရှိ သူတွေ ကိုယ်တိုင် က သစ်ခိုးထုတ်သူတွေရဲ့ ပေးစာ ကမ်းစား လောက် ကို စားပြီးတော့ လမ်းကြောင်းလိုက်ရှင်းပေးနေတာတွေ ရှိနေတယ်။သစ်ခိုးသယ်မဲ့သူတွေ က မသယ်ရင်တောင် သယ်စမ်းပါ ဘာမှ
မဖြစ် စေရဘူး တာဝန်ယူတယ် ဆိုပြီးတော့ ဖုန်းဆက်ပြောပြီး သစ်ခိုးထုတ်သယ်ဆောင်ခိုင်းနေတဲ့ ရဲအရာရှိတွေ ကလည်း ထုနဲ့ဒေး ရှိနေသေးတယ်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ-စ-စ)အနေ နဲ့ ကလည်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် နဲ့ ပေါင်းပြီး DD ,AD တွေ ကိုယ် တိုင် က သစ်ပွဲစားတွေလုပ်ပြီး သစ်ခိုးထုတ်နေကြတာပါ" ဟု ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ-စ-စ) က ဆိုရင် မင်းမင်းထွန်း ဆို တဲ့ သူ က သစ်ခိုးသယ်ဆောင်သူတွေ ရဲ့ လမ်းကြောင်းရှင်းရေး ကို ဦးဆောင်
ပြီး လာဘ်ငွေအများဆုံးရယူဆောင်ရွက်နေသူ တစ်ဦး ဖြစ်ပြီး စစ်ဘက် ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ မှာ ကိုမျိုးနိုင် နှင့် ၀င်းနိုင် တို့ ဖြစ်ကြောင်းလည်း သိရ သည်။
မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး က တော့ ၄င်း ၏ လက်ရင်းတပည့်
မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းဝင်း ထံ မှ တရားမ၀င်သစ်လုပ်ငန်း
လမ်းကြောင်း လိုက်လံ တောင်းခံရာ မှ ရရှိသည့် ငွေကြေးတို့ ကို လက်ခံရယူ နေသူ တစ်ဦးလည်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ရဲအရာရှိ
တစ်ဦး က ပြောသည်။
===================================================
သစ်ခိုးထုတ်ယူရေးလုပ်ငန်းများ အား ဆောင်ရွက်နေ သည့် မောင်မျိုး ဆိုသူ ၏ ကလူစာ ကား YGN 7I /5256 ကား နှင့် သစ်တောဌာန မှ အရာရှိ တစ်ဦး ၏ ကား SGG 9A/5655 တို့ အား သစ်ခိုးသယ်ဆောင်ရန် အတွက် ထွက်လာ စဉ် ရွှေတောင်ဦး အနီး ဒဟတ်ပန်း ထမင်းဆိုင် တွင် အတူ တွေ့ရှိရစဉ်ပုံ။

ThanLarWaddy Times

Unknown  /  at  9:00 AM  /  No comments

Posted in: Read Complete Article»

0 comments:

Monday, July 27, 2015

အသည်းအဆီဖုံးခြင်းအတွက် ရဲယိုရွက်

အသည်းအဆီဖုံးခြင်းရောဂါသည် ယခုအခါတွင် အဖြစ်အများဆုံးစာရင်းဝင်
ရောဂါတစ်ခုဖြစ်နေသည်။ ပြောင်းလဲလာသော အစားအသောက်များ၊ အရက်ဘီယာ၊ မူးယစ်ဆေးဝါးများ၊ ကိုယ်လက်လုပ်ရှားခြင်းနည်း၍ အထိုင်များခြင်းတို့ကြောင့် ဖြစ်ကြရသည်။
အသည်းအဆီဖုံးခြင်းအတွက် ခေတ်မီဆေးဝါးများဖြင့် ကုသ၍ ရနိုင်သလို
ရောဂါမဖြစ်အောင် မိမိတို့နေ့စဉ်စားသောက်နေသော အစားအသောက်များဖြင့်လည်း ကြိုတင်တားဆီးနိုင်ပါသည်။
အစားအသောက်များထဲတွင် ရဲယိုရွက်သည် အသည်းအဆီဖုံးရောဂါအတွက် အလွန်ထိရောက်စွာ ကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်အသီးအရွက်တစ်မျိုး
ဖြစ်သည်။
(၁) ရဲယိုရွက်ကို ငါးခူနှင့်အတူ ချက်စားနိုင်သည်။
(၂) ရဲယိုရွက်ကို ငါးဖယ်၊ ငါးကြင်းတို့ဖြင့်ခြစ်၍ ကြက်သွန်ဖြူ၊ အမွှေးအကြိုင်များနှင့် ဖက်ထုပ်ပြုလုပ်ကာ ကြော်စား၊ ပေါင်းစားနိုင်သည်။
(၃) ရဲယိုရွက်ကို ရေနွေးစိမ်၍ ငပိရည်နှင့် တို့စရာအဖြစ် စားသုံးနိုင်သည်။
အသည်းအဆီဖုံးရောဂါဖြစ်နေသူများ ရဲယိုရွက်ကို တစ်ပတ်လျင် ၂ ကြိမ်စားသုံးပေးလျှင် ရောဂါသက်သာပျောက်ကင်းစေသလို ရောဂါမဖြစ်သူများလည်း မကြာခဏစားပေးခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ကြပါသည်။
စောနွဲ့နေဆိုင်(ခမ်းတီလုန်)
ကိုးကား - ဆေးဖက်ဝင်အပင်များ
ကျန်းမာရေးသတင်းများ
Unknown  /  at  9:17 AM  /  No comments

" အဓိပတိ ဒို့ မြေ "

ဘုရင် အသင်္ခယာ........
" ရှေးနှစ်ပေါင်း ၇၀၀ " ဆီမှစ၍တည်ခဲ့တာ
ထိုနေ့ မှစ၍ ကမ္ဘာတည်မှာ
ရာဇ၀င်များထောင်ပေါင်းချန်ခါ
ဖွံ့ ဖြိုးသာယာ စည်ပင်အုပ်ဆိုင်း
အမျိုးသားဂုဏ်ဒြပ်များစွာနဲ့  အဓိပတိ စစ်ကိုင်း
credit;မူရင်းရေးသူ
---------------------------------------------------
၂၆-၇-၂၀၁၅ နေ့ စစ်ကိုင်းမြို့ ၊ မြို့ တည်နန်းတည်အနှစ်(၇၀၀)ပြည့်
ပွဲတော် မိုးဖွဲဖွဲရွာနေသော်လည်း စည်ကားသိုက်မြိုက်စွာမြင်တွေ့ ရ
Unknown  /  at  9:15 AM  /  No comments

Posted in: , Read Complete Article»

0 comments:

Friday, April 3, 2015

ဇေယျာရွှေမြေ ရဲ့ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးတစ်ခု

Unknown  /  at  10:21 AM  /  No comments

Posted in: Read Complete Article»

0 comments:

သမိုင်းဝင်ရွှေကြက်တောင်ဘုရားကြီး

Unknown  /  at  10:17 AM  /  No comments

Posted in: Read Complete Article»

0 comments:

သွေးတိုးရောဂါ သက်သာစေဖို့

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။
(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။
(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။
(၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။ ၄င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။
(သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။ သွေးတိုးရောဂါဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။
Credit to စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ
Unknown  /  at  10:14 AM  /  No comments

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီး သတ္တဌာန အောက်ဌာပနာတော်သွင်း

မုံရွာမြို့နယ် ခတ္တ ကန်တောင်ရွာ ဗောဓိတစ်ထောင်သာ သနာ့နယ်မြေတွင် တည်ထားကိုးကွယ် မည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သတ္တဌာန အောက်ဌာပနာတော်သွင်းခြင်းနှင့် ဒုတိယအကြိမ်အလှူငွေ ပေးအပ်ခြင်း ကို မတ် ၂၂ရက်နံနက်ပိုင်းက ကျင်း ပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ် ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူ ရှင်များ၊ ဒေသခံပြည်သူများတက် ရောက်ခဲ့ကြသည်။
''ရပ်တော်မူဘုရားကြီးကို ဆည် မြောင်းဝန်ကြီးဌာနက တာဝန်ယူ တည်ဆောက်နေပြီး ကိုယ်လုံးတော် ပိုင်းကို စတီးလ်နဲ့တည်ဆောက်သွား မှာပါ။ မျက်နှာတော်ကတော့ လေး ကျွန်းစကြာရပ်တော်မူဘုရားကြီးမို ပုံစံအတိုင်းလုပ်သွားမယ်။ ပြီးတဲ့အ ထိဆို ခန့်မှန်းချေ ကျပ်နှစ်ဘီလီယံ ကျော်လောက်ကုန်မယ်လို့ မှန်းထား တယ်။ အထပ် ၁၁ထပ်ပါမယ်။ အခု လောလောဆယ် ပလ္လင်တော်ကတော့ ပြီးပြီ၊ ကျပ်သိန်းခုနစ်ထောင်လောက် ကုန်နေပြီ''ဟု ဗောဓိတစ်ထောင်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ယခုကျင်းပသည့် အလှူငွေ ပေးအပ်ခြင်းအခမ်းအနားတွင် အ နယ်နယ်အရပ်ရပ်မှ အလှူရှင် ၁၁၆ ဦးတို့၏ လှူဒါန်းငွေ ကျပ်သိန်း ၄၂ဝဝ ကျော်ကို သက်ဆိုင်ရာတာဝန်ရှိသူ များက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြ သည်။
ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ရုပ်ပွားတော်ကြီးမှာ ဉာဏ်တော်အမြင့် ၂၃၄ပေရှိပြီး အမြင့်ပေ ၄၂၄ပေရှိ လေးကျွန်းစကြာရပ်တော်မူဘုရား ကြီး ထိုင်တော်မူဟန် အနေအထား ဖြင့် ဗန္ဓတောင်ကုန်းပေါ်၌ တည်ထား ခြင်းဖြစ်သည်။
KTS
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|

Unknown  /  at  10:13 AM  /  No comments

ခြေစွမ်းအသာဖြင့် မြန်မာ ယူ-၂၀ အသင်း မလေးရှား ယူ-၂၂ အား ဂိုးပြတ် အနိုင်ယူ

နိုင်ငံတကာ ခြေစမ်းပွဲစဉ် အဖြစ် မြန်မာ ယူ-၂၀ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်းတို့ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့၊ ညနေ (၄) နာရီတွင်
သုဝဏ္ဏ အားကစားကွင်း (Y.T.C) ၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရာ မြန်မာ ယူ-၂၀ အသင်းကခြေစွမ်းအသာဖြင့် ကစားကာ မလေးရှား ယူ-၂၂ အသင်းကို
(၃) ဂိုး၊ (၀) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။

အဆိုပါ ခြေစမ်းပွဲစဉ်တွင် မြန်မာ ယူ-၂၀ အသင်းသည် နန္ဒကျော်၊ သန်းပိုင်၊ အောင်သူ၊ ငြိမ်းချမ်းအောင်၊ မောင်မောင်စိုး အစရှိသည့် အဓိက
ကစားသမား အစုံအလင် ဖြင့် ပွဲထွက်လာခဲ့ပြီး မလေးရှား ယူ-၂၂ အ
သင်းကလည်း အတောင့်တင်းဆုံး ပွဲထွက်လူစာရင်း ဖြင့် အိမ်ရှင် အသင်းကို ရင်ဆိုင်ကစား ခဲ့သည်။ ပွဲစ, စ ချင်းမှာ ပင် မြန်မာယူ-၂၀ အသင်း ကစားကွက်
အသာစီးဖြင့် မလေးရှား အသင်းဘက်သို့ တရစပ် ထိုးဖောက် တိုက်စစ်ဆင် ကစားခဲ့သည်။ မြန်မာယူ-၂၀ အသင်းအတွက် အဖွင့်ဂိုးကို နံပါတ် (၁၀) တိုက်စစ်မှူး သန်းပိုင် က ပွဲချိန် (၁၄) မိနစ်တွင် သွင်းယူခဲ့သည်။ ယင်း
နောက် မြန်မာ အသင်းကပင် ဆက်လက် ထိုးဖောက်ကစား ခဲ့ရာ ပွဲချိန် (၄၃) မိနစ်တွင် နံပါတ် (၆) ကျော်မင်းဦး က (၁၈) ကိုက်စည်းအတွင်း သပ်သပ်ရပ်ရပ်
ကန်သွင်းယူခဲ့သည်။
ဒုတိယပိုင်း တွင်လည်း အချိန်အတော် များများ မြန်မာ ယူ-၂၀ အသင်းကပင် ပိုမို တိုက်စစ်ဆင် ထိုးဖောက် ကစားနိုင်ခဲ့ပြီးပွဲချိန် (၅၀) မိနစ်တွင် နံပါတ် (၉) အောင်သူ က အသင်းအတွက် တတိယဂိုး သွင်းယူခဲ့သည်။
လက်ကျန် ပွဲချိန်များတွင် မလေးရှား ယူ-၂၂ အသင်း ချေပဂိုး ရရှိရေး
အစွမ်းကုန် တိုက်စစ်မြှင့်တင် ကစားခဲ့သော်လည်း မြန်မာ ယူ-၂၀ အသင်း၏ စုဖွဲ့
မှု ကောင်းကောင်းဖြင့် ပြန်လည်တုံ့ပြန် ထိန်းချုပ် ကစားခဲ့မှုကြောင့် ဂိုးမသွင်းယူ
နိုင်ခဲ့သဖြင့် မြန်မာ ယူ-၂၀ အသင်း (၃-၀) မလေးရှား ယူ-၂၂ အသင်း ရလဒ်ဖြင့်
ပွဲပြီးဆုံးခဲ့သည်။
မလေးရှား ယူ-၂၂ အသင်းသည် မတ်လ (၂၂) ရက်၊ ညနေ (၄) နာရီတွင် သုဝဏ္ဏ အားကစားကွင်း ၌ပင် မြန်မာ ယူ-၂၂ အသင်းနှင့် နောက်ထပ် ခြေစမ်းပွဲ
ထပ်မံ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှားယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ မိုဟာမက် ရာဇစ် အစ္စမေးလ် က နောက်လာမည့် မြန်မာ ယူ-၂၂ အသင်းနှင့် ပွဲစဉ်တွင် ယခု မြန်မာ ယူ-၂၀ အသင်းနှင့် ကစားခဲ့သည့် ပွဲနှင့် မတူညီသည့် ကစားဟန်ဖြင့် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။
MFF
Unknown  /  at  10:11 AM  /  No comments

စကျင်ကျောက်သားထီးတော်ကြီးနှင့် အင်ကြင်းသားမှဖြစ်သော အင်ကြင်းကျောက်

Unknown  /  at  10:08 AM  /  No comments

Posted in: Read Complete Article»

0 comments:

ဟံလင်းမြို့ဟောင်းရှိသဘာဝရေပူစမ်းတွင်းများ လာရောက်လေ့လာသူတစ်နေ့တခြားများပြားလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊၀က်လက်မြို့နယ်၊
ဟံလင်းကြီးမြို့ဟောင်းရှိသဘာဝရေပူစမ်းတွင်းများဟာ
ကြက်ဥပြုတ်၍ရသည်ဟုသတင်းများဖြစ်ပေါ်လာပြီးနောက်
နေ့စဉ်လာရောက်စမ်းသပ်လေ့လာသူတစ်နေ့တခြား
များပြားလာကြောင်းဟံလင်း
ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

“ရေပူစမ်းတွင်းကသုံးမျိုးဖြစ်တယ်။ပုံမှန်ရေအတိုင်းပဲ
ထွက်ရှိတဲ့တွင်းရှိတယ်..။
ရေကိုနွေးရုံးမျှထွက်ရှိတဲ့တွင်းရှိတယ်။နောက်ပြီး
ကြက်ဥပြုတ်လို့ရအောင်ရေနွေးကဲသို့ရေပူတွေ
ထွက်တဲ့ရေတွင်းရှိတယ်…။
အဲ့ဒီရေပူစမ်းတွင်းတွေကတစ်တွင်းနဲ့တစ်တွင်းက
သုံးလေးပေလောက်ပဲခြားပြီးတူးဖော်ထားတာပါ..” ဟုဟံလင်းကြီးမြို့ ဟောင်းကျေးရွာအုပ်ချုပ်ရေး
အဖွဲ့ဝင်တစ်ဦးမှပြောပြသည်။
အဲဒီရေပူစမ်းတွင်းများနဲ့ပတ်သက်ပြီး ၁၉၁၀ ခုနှစ်က
နိုင်ငံခြားသား
သုတေသနပညာရှင်မေဂျာ ဗွီ -ပီ -အိုဂေါမင်လေးယား
( Major V.P.O. Gorman Layor )ဆိုသူမှကနဦး
စတင်လာရောက်ပြီး သုတေသနဆိုင်ရာလုပ်ငန်းများ
စတင်လုပ်ကိုင်ခဲ့တယ်လို့သိရပါတယ်။
သူရဲ့အစီရင်ခံစာမှာဟံလင်းကြီးမြို့ဟောင်းဒေသရှိ သဘာဝရေပူစမ်းတွင်းများမှထွက်ရှိသောရေပူများသည်
အယ်ကလိုင်းဆားလ်ဖိတ်ဒြပ်များပါဝင်နေခြင်းကြောင့်
နာတာရှည်ရောဂါများ၊ဆီးရောဂါများ၊ခါးနာ၊ပေါင်နာ၊
အဆစ်အမြစ်၊အကြောအခြင်ယောင်ရမ်းကိုက်ခဲခြင်းများကို
အဆိုပါရေပူစမ်းရေအားချိုးပါကသက်သာပျောက်ကင်းစေနိုင်တယ်လို့
၎င်းရဲ့မှတ်တမ်းများကဆိုတယ်လို့သိရပါတယ်။
အဲဒါကြောင့်အဲဒီရေပူစမ်းများတည်ရှိရာ
ဟံလင်းကြီးမြို့ဟောင်းအရပ်သို့ရုံးပိတ်ရက်
၊ကျောင်းပိတ်ရက်နေ့တွေမှာရေပူစမ်းသို့လာရောက်ရေချိုးသူတွေနဲ့ ကြက်ဥပြုတ်စမ်းသပ်လေ့လာသူများယခုနှစ်တွင်
ပိုမိုများပြားလာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီဟံလင်းမြို့ဟောင်းရေပူစမ်းတွင်းတွေထဲမှာ
ကြက်ဥပြုတ်တွင်းသည်အနက် ၃ပေ၊အချင်း ၁ ပေခွဲရှိပြီးထွက်ရှိသောရေတွေဟာရေအောက်
ကြမ်း ပြင်မှရေနွေးအိုးရေများဆူပွက်နေသည့်ပမာ
သဘာဝအလျောက်ဆူပွက်ထွက်နေတယ်လို့သိရပါတယ်။
ဒီသတင်းကိုဒေသခံသတင်းထောက်ကိုတိုးကြီးကရေးသားပေးပို့ပါတယ်။
SKYNET Up2Date
Unknown  /  at  10:06 AM  /  No comments

အောင်မြင်မှု

Unknown  /  at  10:04 AM  /  No comments

Posted in: Read Complete Article»

0 comments:

စိတ်ဓာတ်ငြိမ်းချမ်းရေးကိုအရင်လုပ်

Unknown  /  at  10:02 AM  /  No comments

Posted in: Read Complete Article»

0 comments:

နေ့စဉ်အလုပ်၊ နေစဉ်လုပ်။

“နေ့စဉ်အလုပ်၊ နေစဉ်လုပ်၊ အဟုတ် ၀ိပဿနာ ဖြစ်တော့တယ်”။ (၁)။ မနက်တိုင်း၊ နေ့
လယ်တိုင်း၊ ညဥ့်တိုင်းလို့ အချိန်ကို သတ်မှတ်ပြီးတော့ လုပ်ကိုင်လေ့ရှိတဲ့ တရားအားထုတ်ချိန်
သတ်မှတ်ပြီး အားထုတ်တဲ့ နေ့စဉ်အလုပ်နဲ့ (၂)။ သွားနေစဉ်၊ လာနေစဉ်၊ ထိုင်နေစဉ်၊ လမ်း
လျှောက်နေစဉ်၊ စားနေစဉ်၊ လှုပ်နေစဉ်၊ ငြိမ်နေစဉ်၊ ကြည့်နေစဉ် စတဲ့ အချိန်တိုင်း အချိန်တိုင်း
မှာ တရားအားထုတ်မှု အလုပ်ဖြစ်အောင် လုပ်ရတဲ့ နေစဉ်အလုပ်လို့ဆိုပြီး တရားအားထုတ်နည်း
နှစ်မျိုး ရှိပါတယ်။
ဝိပဿနာအလုပ်ဖြစ်ဖို့အတွက် နေစဉ်အလုပ်က ပိုပြီးအရေးကြီးပါတယ်။ နေ့စဉ် နံနက်၊
ည တရားထိုင်ချိန်ကို အချိန်ပေးပြီး လုပ်နိုင့ိုင်နိုင်လို့ နေ့စဉ် တရားအလုပ် အားထုတ်ရင်လည်း
ကောင်းပါတယ်။ ခါတိုင်း ခါတိုင်းက (၁) နေ့စဉ်အလုပ် လုပ်မိနေတာလား၊ (၂) နေစဉ်အလုပ်
လုပ်နေမိတာလားဆိုတာ ခွဲခြားပြီးသိဖို့ လိုပါတယ်။
(၁) စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ ရေချိုးလိုက်ဆိုတဲ့ ပုံမှန်အလုပ်လုပ်တဲ့ နေ့စဉ်
အလုပ်မျိုးကို လုပ်နေကြတာ များပါတယ်။ (၂) သွားနေစဉ်၊ လာနေစဉ်၊ ရုံးတက်နေစဉ်၊ ဈေး
ရောင်းနေစဉ် သတိဉာဏ်နဲ့ လုပ်ရတဲ့ နေစဉ်အလုပ် လုပ်ကြတာက နည်းပါးကြပါတယ်။
နေ့စဉ်အလုပ်တွေကို ကြည့်လိုက်ရင် ထိုင်တယ်၊ ရပ်တယ်၊ သွားတယ်၊ လျောင်းတယ်
(အိပ်တယ်) စတဲ့ ပြုနေကျ အမူအရာ ဆိုတာတွေကို တွေ့နိုင်ပါတယ်။ အဲဒီအလုပ်တွေက နေ
စဉ်အလုပ် မဟုတ်ပါ။ နေ့စဉ်အလုပ်တွေသာ ဖြစ်ပါတယ်။
တရားအားထုတ်နေကြသူတွေလည်း နေ့စဉ်အလုပ်တွေလုပ်နေကြတယ်။ တရားအားမ
ထုတ်တဲ့ လူတွေကလည်း နေ့စဉ်အလုပ်တွေ လုပ်နေကြပါတယ်။ ၀ိပဿနာ တရားသမားနဲ့
သူလို ကိုယ်လို လူတွေဆိုတာ ကွာခြားမှုရှိပါတယ်။
ဝိပဿနာ တရားသမားက နေ့စဉ်အလုပ် လုပ်တဲ့အချိန်မှာပဲ နေစဉ်အလုပ်ဖြစ်အောင်
သတိဉာဏ်ရှိရှိနဲ့ အလုပ်ကို လုပ်ပါတယ်။ ၀ိပဿနာအသိ ဉာဏ်ဦးဆောင်ပြီး သတိတရားနဲ့
ကုသိုလ်မျိုးစုံကို လုပ်ဖြစ်နေပါတယ်။
နေ့စဉ်နေ့တိုင်းမှာ လူတွေဟာ များသောအားဖြင့် စားရုံ၊ သွားရုံ၊ လာရုံ၊ ပျော်ရုံ၊ ပါးရုံ၊
နိစ္စဓူဝ ဘာအလုပ်တွေ လုပ်နေကြသလဲဆိုတော့ နေ့စဉ်အလုပ်တွေပဲ လုပ်ဖြစ်နေကြပါတယ်။
လူတိုင်း လူတိုင်း နေ့စဉ်အလုပ်တွေ လုပ်တတ်ကြပါတယ်။ လုပ်လည်းလုပ်ခဲ့ကြပါတယ်။ လုပ်
လည်း လုပ်နေကြပါတယ်။ များသောအားဖြင့်ကတော့ သတိဉာဏ်မပါဘဲ နေ့စဉ်အလုပ်တွေသာ
လုပ်နေကြတာပါ။
အမှန်ကတော့ တရားထိုင်တယ်၊ တရားအလုပ် လုပ်တယ်ဆိုတာ သာမန်နေ့စဉ် အလုပ်
လုပ်တာ မဟုတ်ပါဘူး။ သာမန်နေ့စဉ် လုပ်နေတဲ့ အလုပ်ထဲမှာ အသိဉာဏ်နဲ့ နေစဉ်အလုပ်
လုပ်တာသာ ဖြစ်ပါတယ်။
မိမိတို့ ကြည့်စရာလေးတွေ တွေ့ရင် ကြည့်ကြတယ်။ နေ့စဉ် အလုပ်လား၊ နေစဉ် အ
လုပ်လား ဆိုတော့ နေ့စဉ်အလုပ် ဖြစ်နေပါတယ်။ နားနဲ့ကြားသမျှ နားထောင်တယ်။ နှာခေါင်း
နဲ့ နံသမျှ အနံ့ခံတယ်။ ဒီလုပ်ဆောင်ချက်တွေကလည်း နေ့စဉ်အလုပ်သာ ဖြစ်ပါတယ်။ ဒီလို
နေ့စဉ်အလုပ်မှာ သတိဉာဏ် မပါဘဲ လုပ်နေတာဟာ ၀ိပဿနာ အားထုတ်မှုနဲ့ သက်ဆိုင်မှုမရှိ
ပါဘူး။
ဝိပဿနာတရား အားထုတ်တာဟာ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ သတိဉာဏ်နဲ့
နေစဉ်အလုပ် အားထုတ်ရမှာ ဖြစ်ပါတယ်။ ၀ိပဿနာတရားကို “မနက် တစ်နာရီ တရားအားမ
ထုတ်ဘဲ မနေနိုင်ဘူး၊ ညတစ်နာရီ တရားအားမထုတ်ဘဲ မနေနိုင်ဘူး။” ဆိုတဲ့ယောဂီတွေ ရှိကြ
ပါတယ်။ မနက် ည အချိန်သတ်မှတ်ပြီး အားထုတ်ကြတာလည်း ကောင်းပါတယ်။
ဒါပေမဲ့.. ကျေးဇူးရှင် ရွှေဥမင်ဆရာတော်ကြီးက အမိန့်ရှိတယ်။ “အချိန်တိုင်း သတိထား
ဖို့ကောင်းတာ။ သတိလေးသာ ထားလိုက်၊ တရားအလုပ် စအားထုတိပြီ၊ တရားအလုပ် လုပ်ဖြစ်
တော့တာပဲ”။
အချိန်တိုင်း သတိထားဖို့လိုပါတယ်။ တချို့က မနက် တရားထိုင်တယ်။ ည တရားထိုင်
တယ်။ ကြားထဲကျတော့ သတိမရှိပါဘူး။ သတိတရားကို လက်ကိုင်မထားပါဘူး။ အဲဒီလို ဆိုရင်
တရားအားထုတ်မှုဟာ သိပ်ပြီး အဆင်မပြေနိုင်ပါဘူး။
မနက် တရားထိုင်တာကို အပြစ်မပြောပါ။ ည တရားထိုင်တာကို အပြစ်မပြောပါ။ စွမ်းနိုင်
သလို မိမိနဲ့သင့်သလို ကျင့်ကြတာ၊ ကျင့်ပါ။ ကောင်းပါတယ်။ အဲဒါက နေ့စဉ်အလုပ်လား၊ နေစဉ်
အလုပ်လား ဆိုတော့ “နေ့စဉ်အလုပ် တရားအားထုတ်တာ ဖြစ်တယ်” လို့ခေါ်ပါတယ်။
ဒါပေမဲ့ တရားအားထုတ်ရင် နေ့စဉ် အလုပ်အတွင်းမှာ အချိန်မရွေး၊ သတိဉာဏ်ရှိပြီး
နေစဉ်အလုပ် အားထုတ်ဖြစ်ရပါမယ်။
ထိုင်တာက နှစ်မျိုးရှိပါတယ်။ နေ့တိုင်း ထိုင်နေကျမို့ ထိုင်တာက နေ့စဉ်ထိုင်နည်းတစ်မျိုး
ထိုင်နေစဉ်ကတမျိုး။ အခု ထိုင်နေကျမို့လို့ ထိုင်တဲ့ နေ့စဉ် လုပ်တဲ့အလုပ် ထိုင်တာမျိုးလည်း
ထိုင်နေနိုင်ပါတယ်။
အဲဒီ ထိုင်နေတဲ့အခါမှာ ထိုင်နေစဉ်လေး ဖြစ်နေတဲ့ သဘောကို သတိဉာဏ်လေးနဲ့ သိ
အောင်ကြိုးစားပြီး တရားအားထုတ်ရမှာပါ။ ထိုင်နေစဉ် သဘောကိုသိပါ။ သေချာ သိအောင်လုပ်
ပါ။ ထိုင်တာနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်တဲ့ပုံစံ အနေအထားက အမျိုးမျိုးရှိတယ်။
တင်ပျဉ်ခွေ ထိုင်ချင်ထိုင်မယ်။ ကျုံ့ကျုံ့ ထိုင်ချင်ထိုင်မယ်။ လက်ထောက် ထိုင်ချင် ထိုင်
မယ်။မိန်းမထိုင် ထိုင်ချင်ထိုင်မယ်၊ မိမိ အဆင်ပြေသလို ထိုင်ပါ၊ ကြိုက်သလို ထိုင်ပါ။ ထိုင်လို့ရ
ပါတယ်။ “သ၊ိ သေချာသိရင်” ၀ိပဿနာ ဖြစ်ပါတယ်။ “မသိဘူးဆိုရင် ၀ိပဿနာ အားထုတ်မှု
မဖြစ်ပါ။ တရားထိုင်တဲ့အခါ ထိုင်တဲ့အမူအရာနဲ့ တရားအားထုတ်တဲ့အခါ “ငြိမ်ရမယ်၊ လှုပ်ရ မယ်”
စတဲ့ ၀ါဒတွေ ကွဲနေမယ့်အစား မိမိ အဆင်ပြေသလို အားထုတ်ပါ။
ဒါကြောင့်မို့ မိမိတို့တတွေလည်း နေစဉ်အလုပ် ၀ိပဿနာ အားထုတ်မှုကြောင့် တစ်ဆင့်
ပြီး တစ်ဆင့် ရရောက်နိုင်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြု ခံစားနိုင်ကြတဲ့၊ စံစား
နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။
{ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ဟောကြားတော်မူသော နေ့စဉ်အလုပ် နေစဉ်လုပ်တရား
တော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
credit;myanmaalinn
Unknown  /  at  10:00 AM  /  No comments

ရှိခိုးဖူးမျှော်ဗောဓိတထောင်

Unknown  /  at  9:56 AM  /  No comments

Posted in: Read Complete Article»

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.