စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာတည်ရှိတဲ့ရာဇမဏိစူဠာ
ကောင်းမှု့တော်ဘုရားကို ယခင်ကအတိုင်းထုံဖြူသုတ်ကာ
ထုံးသင်္ကန်းနဲ့ကပ်ထားချင်တဲ့ဆန္ဒပြည်သူတွေမှာရှိရင်
တိုင်းအစိုးအနေနဲ့ကြိုးစားလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကသိရပါတယ်။
"
အခုလက်ရှိမှာဘုရားကရွှေစေးတွေကပ်ထားတော့ ထုံးသင်္ကန်းကပ်ဖို့ အဆင်ပြေမပြေကို
နည်းပညာပိုင်းအရ အဆင်ပြေမပြေသိဖို့လိုတယ်။ ရှေးသုအနေနဲ့လည်း
ဒါတွေကိုကူညီဆောင်ရွက်ရမယ်။အများပြည်သူဆန္ဒရျိရင်လုပ်ဆောင်ပေးသွားမှာပါ"
လို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိ
န်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောပါတယ်။
ကောင်းမှု့တော်ဘုရားကို အခုရက်ပိုင်းအတွင်းမှာ ထုံးသင်္ကန်းကပ်လှုသွားဖို့တော့ တိုင်းအစိုးရအနေနဲ့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့မှာတည်ရှိတဲ့ ကောင်းမှု့တော်ဘုရားဟာ
ရှေးယခင်ကထုံးသင်္ကန်းဖွေးဖွေးနဲ့ဘုရားဆိုပြီး
မြန်မာပြည်ရဲ့အထင်ကရဘုရားတွေထဲမှာပါဝင်ခဲ့ပြီး ယခင်အစိုးရလက်ထက်မှာတော့
ဘုရားကိုရွှေစေးသင်္ကန်းပြောင်းပြီးကပ်လှုပူဇော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
author ခေမဏီ
ဓာတ်ပုံ- ရာဇမဏိစူဠာကောင်းမှု့တော်ဘုရား စာမျက်နှာမှ
credit;kumudra
Unknown /  at 9:53 AM / 

သီတဂူ ၂၀၁၆ သြဂုတ် ၂၅
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၂၅-၈-၂၀၁၆ (ကြာသပတေးနေ့) နံနက် ၇း၀၀ နာရီအချိန်တွင် စစ်ကိုင်းမှ ပုဂံသို့ကြွရောက်တော်မူသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ်
(၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက်
(၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက်
(၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ
အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသောကြောင့်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ
ဘုရားစေတီပေါင်း(၁၇၁)ဆူ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြောက်ဦး
စစ်ကိုင်းနှင့် အခြား မြို့ရွာများတွင်လည်း အနည်းနှင့်အများ
ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း စိတ်မကောင်းဖွယ်ရာ
သိရှိခဲ့ရပါသည်။ (source-ဦးဇော်ဋ္ဌေး)
သီတဂူဆရာတော်ကြီးသည်
လွန်စွာပင် နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်တော်မူသောကြောင့် ယနေ့နံနက်တွင်
ပုဂံဒေသသို့ကြွရောက်တော်မူသည်။ ကနဦးအနေဖြင့် လောကနန္ဒာ စေတီတော်၏
မြေခခဲ့ရသောစိန်ဖူးတော် ပြန်လည်ပြုပြင်ရန်အတွက် ကျပ်ငွေသိန်း-၁၀၀
လှူဒါန်းသွားမည်ဖြစ်ပါသည်။
"သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ"
သီတဂူသာသနာပြုအဖွဲ့
www.thesitagu.org
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
Unknown /  at 11:10 AM / 

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္နသည် သြဂုတ်လ ၂၅ ရက်၊ညနေ ၆ နာရီ ၁၅ မိနစ်က
လေယာဉ်ဖြင့် ပုဂံသို့ကြွရောက်လာပြီး ပြိုပျက်နေသည့် ဘုရားများကို
သွားရောက်ဖူးမျှော်ပြီး ပြန်လည်ပြုပြင်ရာတွင်
ပါဝင်လှူဒါန်းမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
ဓာတ်ပုံ-အောင်ကိုဦး
မဇ္ဈိမ
Unknown /  at 11:08 AM / 

စစ်ကိုင်းမြို့
ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့်
စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လုံးကို
တာဝန်ရှိပြည်သူ တို့၏ သတင်းပေးမှုကြောင့် သြဂုတ် ၂၁ ရက် က သက်ဆိုင်ရာမှ
တာဝန်ရှိသူများက သွားရောက်စိစစ် သိမ်းဆည်းခဲ့ကြသည်။
စစ်ကိုင်းမြို့ စိန်ကုန်းရပ်နေ ကိုနန်းဝါ (၃၄ နှစ်) ကမ္ဘာကျော်
ထုံးစက်လုပ်သူသည် ဧရာဝတီမြစ်ရေများ ပြန်လည် ကျဆင်းသွားသဖြင့် ရေ၌
မျောပါလာသည့် ဘူးသီးခြောက်များ ကမ်းနားတစ်လျှောက် လိုက်လံကောက်ယူစဉ် 3
Colour လက်ဖက် ရည်ဆိုင်အနီး မြစ်ကမ်းနံဘေး၌ ယင်းကျောပိုးအိတ်အား
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မသင်္ကာဖွယ်
ပစ္စည်းများ ပါရှိသည်ဟု စစ်ကိုင်းမြို့ မရှိခဏဘုရားအနီး ကွမ်းယာရောင်းသူ
ဦးဖိုးပြုံး (၃၇ နှစ်)က သက်ဆိုင်ရာသို့ ဖုန်းဖြင့် ဆက်သွယ်
သတင်းပေးပို့ခဲ့သည်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး
မြသင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်း၊ မြို့မရဲစခန်းမှူး
ဒုရဲမှူးကျော်ထွန်းနိုင်တို့က သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ကျောပိုးအိတ်အတွင်း၌ ပလတ်စတစ်အိတ်နှင့် ထည့်လျက် OT - 536 / 2005
MG-I တံဆိပ်ပါ အစိမ်းရောင် လက်ပစ်ဗုံး ငါးလုံးနှင့် ပလတ်စတစ်ကော်ဘူးနှင့်
ထည့်ထားသည့် စနက်တံ ငါးခုတို့ကို တွေ့ရှိ သဖြင့် သက်သေများရှေ့၌
သိမ်းဆည်းခဲ့ပြီး တွေ့ရှိပစ္စည်းများအား မွန်းလွဲ ၂ နာရီတွင်
နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြောင်း
သိရသည်။
Ref: MOI
The Ladies News

Unknown /  at 10:38 AM / 

ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ်
ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄
ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန္တလေးငလျင်ကြောင့်
ပြိုကျပျက်စီးသွားသည့် စစ်ကိုင်း ခါဝဲတောင်ပေါ်ရှိ စူဠာမဏိမြစည်း
ခုံစေတီတော်ကြီးလည်း ပါဝင်သည့်အတွက် ၁၈ ဆူမြောက်စေတီတော်အဖြစ်
တည်ဆောက်နေပြီဖြစ်၍ သီတင်းကျွတ်လမတိုင်မီတည်ဆောက် ရေးလုပ်ငန်းများပြီးစီး
မည်ဖြစ်ကြောင်း သိရသည်။
စူဠာမဏိမြစည်းခုံစေတီမှာ သက္ကရာဇ် ၈၄၄
ခုနှစ်တွင် ဒုတိယ မင်းခေါင်၏နှမတော် ဟံသာဝတီ ပဲခူးဘုရင် ရာဇာဓိရာဇ်၏ချွေးမ
ဝိမလာဒေဝီအမည်ရှိ အမိစိုးမင်းက တည်ခဲ့သည်။ မူလတည်စဉ်က စူဠာမဏိစေ တီတော်ဟု
ဘွဲ့သမုတ်ခဲ့ သော်လည်း နောက်ပိုင်းတွင်မြစည်း ခုံစေတီတော်အဖြစ် ထင်ရှားသည်။
စစ်ကိုင်း-မန္တလေးငလျင် ကြောင့် ပြိုပျက်ခဲ့သောစေတီများကို ဓမ္မဒူတ
ဒေါက်တာအရှင်ဆေကိန္ဒက ပြုပြင်ခဲ့ရာ စစ်ကိုင်း မြို့ဘုရားများ ဖြစ်သည့်
လေးကျွန်းမာရ်အောင်၊ အောင်မြေလောက၊ သားဆုပန်၊ ချမ်းသာကြီး၊ သံပန်းကုန်း၊
ရွှေပွင့် လန်းဘုရားများအပါအဝင် စေတီ တော် ၁၇ ဆူအား ပြုပြင်တည်
ဆောက်ပြီးဖြစ်သည်။
(၁၈)ဆူမြောက်ပြုပြင်သည့် မြစည်းခုံစေတီတော်မှာ
အခြေ ၇၅ ပေပတ်လည်၊ အမြင့်ဥာဏ်တော် ၉၃ ပေရှိပြီး၊ ဘုံကိုးဆင့်ပါထီးတော်၊
အမြင့်မှာ ခြောက်ပေသုံးလက်မရှိပြီး ယခုအခါ စေတီလုံးတော်ပြည့်တည်ထား
ပြီးဖြစ်၍ အချောသပ်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ
လာမည့်သီတင်းကျွတ်လမတိုင်မီ အပြီးအစီးတည်ဆောက်မည်ဖြစ်သည်။
ဓမ္မဒူတဆရာတော်အနေဖြင့် ငလျင်ကြောင့်ပျက်စီးခဲ့သော စေတီများပြုပြင်
တည်ဆောက်ရာတွင် စစ် ကိုင်းမြို့မှ စေတီ ၁၈ ဆူအပြင် ကန့်ဘလူမလယ်ရွာမှ
ဘုရားသုံးဆူ နှင့် အညာသီဟတောဘုရားများ ပါဝင်ကြောင်း သိရသည်။
DW
#democracytoday
Unknown /  at 6:27 PM / 

ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ
စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့်
စစ်ကိုင်းစက္ကူအရုပ်များကို ပွဲတော်ရက်အမီရောင်း ချနိုင်စေရန်
စစ်ကိုင်းမြို့အနောက်တာရပ်ကွက်များ၌ တွင်ကျယ်စွာထုတ်လုပ်နေပြီ
ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းမြို့အနောက်ဘက်ရှိ ကန္နားတော်၊ ညောင်ကုန်း၊ ဂုံညင်းထောင်ရပ်ကွက
်များတွင်
ရိုးရာစက္ကူ အရုပ်နှင့် သစ်သားထည် ကလေးကစားစရာအရုပ်ပြုလုပ်သူများရှိရာ
ထုတ်လုပ်သူတချို့မှာ တစ်နှစ်ပတ်လုံး ထုတ် လုပ်ရောင်းချမှုရှိသည်။
အနောက်တာရပ်ကွက်များထဲ၌ စက္ကူဖြင့်ပြုလုပ်သည့် ဇီးကွက်၊ ပစ်တိုင်းထောင်၊
ဖိုးဝရုပ်၊ ခေါင်းလှုပ် အရုပ်များဖြစ်သည့် နွားရုပ်၊ မြင်းရုပ်များကို
ထုတ်လုပ်သကဲ့သို့ ညောင်ကုန်းအရှေ့ရပ်နှင့် ဂုံညင်းထောင်ရပ်တို့တွင်လည်း
ထုတ်လုပ်သူများသည်။ အဆိုပါအရုပ်များအပြင် သစ်သားဖြင့်ပြုလုပ်သည့်
မြင်းကကြိုးရုပ်၊ နွားရုပ်နှင့်ဓား၊ သေနတ်စသော အရုပ်များကို
ကန္နားတော်ရပ်မှထုတ် လုပ်သည်။
''ကျွန်မတို့ကတော့ တစ်နှစ်ပတ်လုံးစက္ကူအရုပ်လုပ်ငန်းကိုပဲ
အသက်မွေးဝမ်းကျောင်းအဖြစ်ထုတ်လုပ်ရောင်းချတယ်။ အများဆုံးထုတ်လုပ်တာက
ဇီးကွက်ရုပ်အလတ်စား၊ အသေးစား၊ ပစ်တိုင်းထောင် အကြီးစား၊ အသေးစား၊
ဖိုးဝရုပ်တစ်မျိုးဖြစ်ပါတယ်။ ထွက်သမျှအရုပ်တွေကို
မန္တလေးဘုရားကြီးစောင်းတန်းက ကုန်သည်တွေဆီပို့ရတယ်။ ကျွန်မတို့ဆီကို
တခြားမြို့ရွာတွေက လာဝယ်တဲ့သူတွေလည်းရှိပါတယ်။ ဇီးကွက်ရုပ်
အကြီးစားကြီးတွေ၊ ပစ်တိုင်းထောင်ရုပ်အကြီးစားကြီးတွေကျတော့
ဟိုတယ်ကြီးတွေကမှာတာရှိတယ်။ တချို့အိမ်တွေက ဧည့်ခန်းအလှထားဖို့
တကူးတကမှာတာရှိတယ်'' ဟု ကန္နား တော်ရပ်မှ စက္ကူအရုပ်ထုတ်လုပ်သူ မသန်းမာက
ပြောသည်။
စစ်ကိုင်းမြို့မှထုတ်လုပ်သည့် စက္ကူအရုပ်များကို
နှစ်စဉ်အညာဒေသပွဲတော်များဖြစ်သည့် မင်းကွန်း ရွှေကျွန်းပင်နတ်ပွဲ၊
တောင်ပြုန်းပွဲ၊ ရတနာ့ဂူပွဲ၊ ရွှေဘိုမြို့ထောင့်စေတီ တော်ပွဲ၊
မုံရွာသီတင်းကျွတ်ဘုရားကြီးပွဲ၊ ရွှေစာရံ ပွဲ၊ ကျောက်တော်ကြီးပွဲ၊
မြင်းခြံဘုရားပွဲ၊ ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲ၊ ကောင်းမှုတော်ဘုရားပွဲ၊
ကျောက်ကာရွှေကူနီပွဲစသောအညာ ဒေသဘုရားပွဲ၊ နတ်ပွဲများ၌ ရွာခံကုန်သည်များနှင့်
၁၂ ပွဲဈေးသည်များက ခင်း ကျင်းရောင်းချမှုရှိသည်။
အရုပ်ထုတ်လုပ်ရောင်းချသူများအနေဖြင့် တစ်နှစ်တာကာလအတွင်း နတ်တော်၊ ပြာသို၊
တပို့တွဲလများ၌ အရောင်းပါးသော်လည်း တပေါင်း၊ တန်ခူးလမှာ အရောင်းပြန်စလာရာ
ဝါဆိုလမှ စတင်၍ အရောင်းတွင် ကျယ်မှုရှိကြောင်းသိရသည်။
DW
#democracytoday
Unknown /  at 6:25 PM / 

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊
အကောင်းကြံ အမှန်လုပ် အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။
(မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ)
Unknown /  at 9:30 AM / 

* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။
(စစ်ကိုင်းရွှေဟင်္သာဆရာတော်)
Unknown /  at 9:16 AM / 

* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။
* ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။
* မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။
* သူ၏ကောင်းမှု၊ ဖျက်ဆီးပြု၊ အကုသိုလ်စုသာ။
* အကုသိုလ်ကား၊ ပါယ်လေးပါး၊ လျင်လျား ပို့သည်သာ။
* သာဓုခေါ်က၊ ကောင်းကျိုးရ၊ ရောက်ကြ ထက်နတ်ရွာ။
မှတ်ချက်။ ။ ပျက်စီးစေလိုသော စေတနာနှင့် ဖျက်လျှင် အကုသိုလ် ဖြစ်သည်။
ပျက်စီးနေသော ကျောင်း ကန် ဘုရား စေတီတို့ကို ကောင်းစေလိုသော စေတနာဖြင့် ဖျက်၍
အသစ်ပြုပြင်လျှင် ကုသိုလ် ဖြစ်သည်။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီး။
Unknown /  at 9:15 AM / 

* ကောင်းမှုထုပ်သာ၊ ကိုယ့်နောက်ပါ၊ မှတ်ပါအားထားရာ။
* အပါယ်ဘေးမှ၊ ကောင်းမှုက၊ ကယ်ကြတတ်သည်သာ။
* ဆင်းရဲကြောက်လျှင်၊ ကောင်းမှုပင်၊ တွင်တွင်စိုက်ကြပါ။
* ကောင်းမှုပွားက၊ ငရဲပ၊ ရောက်ရထက်နတ်ရွာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး
Unknown /  at 9:14 AM / 
* ကောင်းမှုထုပ်သာ၊ ကိုယ့်နောက်ပါ၊ မှတ်ပါအားထားရာ။
* အပါယ်ဘေးမှ၊ ကောင်းမှုက၊ ကယ်ကြတတ်သည်သာ။
* ဆင်းရဲကြောက်လျှင်၊ ကောင်းမှုပင်၊ တွင်တွင်စိုက်ကြပါ။
* ကောင်းမှုပွားက၊ ငရဲပ၊ ရောက်ရထက်နတ်ရွာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး
* တိုင်တိုင်ပင်ပင်၊ ပြုတတ်လျှင်၊ ဉာဏ်မြင်တိုးတက်ရာ။
* လူတိုင်းကိုလဲ၊ အယုံကဲ၊ မလွှဲမအပ်ရာ။
* လျှို့ဝှက်အပ်လှ၊ ကိုယ့်ကိစ္စ၊ ဖွင့်ဟ မပြောရာ။
* ဖွင့်ဟပြောက၊ မှုကိစ္စ၊ ပျက်တတ်လှသည်သာ။
* ပြောသင့်သူအား၊ ပြောမိငြား၊ တအားတက်သည်သာ။
* ပြောသင့် မသင့်၊ ဉာဏ်ချိန်ဖြင့်၊ ချင့်၍ ပြုအပ်စွာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
Unknown /  at 9:12 AM / 

* မြင့်မိုရ်တောင်ပါး၊ မှီခိုငြား၊ သားများ ဘေးကင်းစွာ။
* သာသနာကောင်း၊ မှီခိုအောင်း၊ အပေါင်း ဘေးကင်းစွာ။
* ထိုနည်းလည်းကောင်း၊ ဆရာကောင်း၊ မှီအောင်း ဘေးကင်းစွာ။
* မိကောင်း ဖကောင်း၊ မှီခိုအောင်း၊ သားပေါင်း(သမီးကောင်း) ဘေးကင်းစွာ။

* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။
* လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။
* လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။
* မျက်နှာကြည်လှ၊ စိတ်တည်ရ၊ ပွားက ဤမေတ္တာ။
* အိပ်-နိုး-ချမ်းသာ၊ အိပ်မက်မှာ၊ ကောင်းစွာ မက်တတ်ပါ။
* သေချိန်ကာလ၊ မတွေရ၊ သေက ထက်နတ်ရွာ။
* မေတ္တာကျေးဇူး၊ ဆွတ်၍ခူး၊ အထူးပွားများရာ။
* ကိုယ်နှင့်မခြား၊ မေတ္တာပွား၊ အများသတ္တ၀ါ။
* အများသတ္တ၊ ချမ်းသာမှ၊ ရကြ ကိုယ့်ချမ်းသာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး
Unknown /  at 9:11 AM / 

* ကိုယ့်ထက်သိတတ်၊ သူတော်မြတ်၊ ဆည်းကပ် မှီဝဲပါ။
* ကိုယ့်ထက်တတ်သူ၊ ဆည်းကပ်မူ၊ နည်းတူ တတ်သည်သာ။
* ပန်းမွန်မြတ်လေး၊ ရောကာထွေး၊ ဖက်မွှေး တတ်သည်သာ။
* တရားကိုယ်ကျင့်၊ ပျက်သူနှင့်၊ မသင့် မပေါင်းရာ။
* တရားပျက်သူ၊ ပေါင်းဖက်မူ၊ နည်းတူ ပျက်မည်သာ။
* တမာခါးသက်၊ မြစ်ရောယှက်၊ သရက် ခါးတတ်ပါ။
* ငါးပိပုပ်ထုပ်၊ ဖက်ရွက်စုတ်၊ အဟုတ် နံတတ်ပါ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး
Unknown /  at 9:10 AM / 

* အများအကျိုး၊ ရွက်သယ်ပိုး၊ ကိုယ်ကျိုးမယုတ်ပါ။
* ကိုယ်ကျိုးမထား၊ ဆောင်ရွက်ငြား၊ အများကြည်ညိုရာ။
* ရပ်ကျိုး ရွာကျိုး၊ ရွက်သယ်ပိုး၊ တန်ခိုးကြီးတတ်ပါ။
* ရပ်သူ ရွာသား၊ မေတ္တာပွား၊ ရှည်လျားတသက်တာ။
* ဘေးကင်း ရန်ကင်း၊ ရောဂါကင်း၊ လက်ငင်းချမ်းသာစွာ။
* ဘုရားအလောင်း၊ ထုံးကိုဆောင်း၊ ယုံကြောင်းပုံစံပါ။

* လူကြီးမိဘ၊ ရိုသေက၊ မုချ ကြီးပွားရာ။
* သူတော်သူမြတ်၊ တွေ့ကြုံလတ်၊ ခညွတ် ဆည်းကပ်ရာ။
* သူတော်စကား။ ကြားနာငြား၊ ကြီးပွား ချမ်းသာရာ။
* မိတ်ကောင်းနှင့်သာ၊ ပေါင်းသင်းပါ၊ မှန်စွာ ချမ်းသာရာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
Unknown /  at 9:09 AM / 
* လူကြီးမိဘ၊ ရိုသေက၊ မုချ ကြီးပွားရာ။
* သူတော်သူမြတ်၊ တွေ့ကြုံလတ်၊ ခညွတ် ဆည်းကပ်ရာ။
* သူတော်စကား။ ကြားနာငြား၊ ကြီးပွား ချမ်းသာရာ။
* မိတ်ကောင်းနှင့်သာ၊ ပေါင်းသင်းပါ၊ မှန်စွာ ချမ်းသာရာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။
(ရွှေဟသာင်္ ဆရာတော် ဘုရားကြီး)
Unknown /  at 9:08 AM / 
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။
(ရွှေဟသာင်္ ဆရာတော် ဘုရားကြီး)
* တိုင်တိုင်ပင်ပင်၊ ပြုတတ်လျှင်၊ ဉာဏ်မြင်တိုးတက်ရာ။
* လူတိုင်းကိုလဲ၊ အယုံကဲ၊ မလွှဲမအပ်ရာ။
* လျှို့ဝှက်အပ်လှ၊ ကိုယ့်ကိစ္စ၊ ဖွင့်ဟ မပြောရာ။
* ဖွင့်ဟပြောက၊ မှုကိစ္စ၊ ပျက်တတ်လှသည်သာ။
* ပြောသင့်သူအား၊ ပြောမိငြား၊ တအားတက်သည်သာ။
* ပြောသင့် မသင့်၊ ဉာဏ်ချိန်ဖြင့်၊ ချင့်၍ ပြုအပ်စွာ။
စစ်ကိုင်း ရွှေဟင်္သာဆရာတော်
Unknown /  at 9:07 AM / 

0 comments: