Thursday, November 27, 2014

■ အထက်တန်းကျသော မြန်မာပရိသတ်များ ■

Photo: ■ အထက်တန်းကျသော မြန်မာပရိသတ်များ ■
=============================

မြန်မာ ၀း ၀ မလေးရှား ဘောလုံးပွဲအပြီးမှာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ “ကိုယ့်အမှိုက် ကိုယ်ရှင်း၊ ကိုယ့်ကြည့်ခဲ့တဲ့နေရာ ကိုယ်သန့်ရှင်း” တဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

2014 World Cup ဘောလုံးပွဲမှာ ဘရာဇီးနိုင်ငံကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဂျပန်နိုင်ငံသားတွေဟာ ဒီလိုမျိုး နိုင်ငံကြီးသားပီသတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ခဲ့ကြတဲ့အတွက် ကမ္ဘာတစ်ဝန်းလုံး က အံ့သြစွာ၊ လေးစားစွာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

စင်္ကာပူရောက် မြန်မာပရိသတ်တွေကိုလည်း အလေးအနက် လေးစားဂုဏ်ယူမိ ကြောင်း တင်ပြလိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားအားလုံးကို ကိုယ်စားပြုပါ တယ်။ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

အထူးသဖြင့် ပြည်ပမှာ ရောက်ရှိနေတဲ့ အိမ်ရှင်နိုင်ငံအပါအ၀င် ပြည်ပနိုင်ငံတွေ အတွက်လည်း မြန်မာပရိသတ်တွေရဲ့ အထက်တန်းကျတဲ့ စိတ်ဓါတ်နဲ့ လုပ်ဆောင်ချက်ကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ အသိအမှတ်ပြုကြ မှာပဲ ဖြစ်ပါတယ်။

ဒီစိတ်ဓါတ်၊ ဒီခံယူချက်၊ ဒီလုပ်ဆောင်ချက်တွေ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ၊ နောင်လာမယ့် မျိုးဆက်တွေလက်ထက်မှာ လက်ဆင့်ကမ်း သယ်ဆောင်သွားစေဖို့လည်း မျှော်လင့်ပါတယ်။

ပါဝင် ဆောင်ရွက်ခဲ့ကြ တဲ့ စင်္ကာပူက မြန်မာပရိသတ် တွေကို ”လေးစားပါ တယ်” ပြီးတော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားထက် ပိုပြီး လေးနက်တဲ့ စကား မရှိတော့တာလည်း အမှန်ပါပဲ။

Ref : Hmuu Zaw, Photo Credit : Aung Min Swe
Yangon Media Group's Pageမှကူးယူဖော်ပြသည်

Unknown  /  at  5:26 PM  /  No comments

Posted in: , Read Complete Article»

0 comments:

ချစ်တတ်ရဲ့လား

ဒီကနေ့ မြို့ပြနေ မြန်မာမိဘ အများစုကို ကြည့်လိုက်ရင် သူတို့ သားသမီးတွေကို ဘယ်လို ဖြည့်ဆည်းပေး၊ ဂရုစိုက်ပေးပြီး မေတ္တာထားကြောင်း ပြရမလဲဆိုတဲ့ ပုံစံတွေ အတွေ့ရ များလာတယ်။

တချို့ဆို တစ်နေကုန် ကိုယ့်သား၊ သမီး ကျောင်းကြို၊ ကျောင်းပို့၊ ကျူရှင်ကြိုပို့နဲ့ပဲ တစ်နေကုန်သွားတဲ့ မိဘမျိုးတောင် ရှိလာတယ်။ ကျောင်းလိုက်ပို့ရင်လည်း လွယ်အိတ်၊ ထမင်းဘူး၊ ရေဘူးကအစ အကုန်သယ်ပေးတယ်။ မုန့်စားနားချိန်၊ ထမင်းစားနားချိန်မှာ ပါးစပ်ထဲကို ခွံ့ကျွေးတယ်။ တတ်နိုင်တဲ့ မိဘတချို့ဆို ကလေးက တောင်းတာမှန်သမျှ လိုလေးသေး မရှိအောင် အချိန်မဆိုင်း ရှာပေး၊ ဝယ်ပေးကြတယ်။

တကယ်တမ်း ဆန်းစစ်ကြည့်တော့ သား၊ သမီးတွေ သူတို့အပေါ် ချစ်ခင်တာ၊ အားကိုးတာကို လိုချင်တဲ့အတွက် မိဘဝတ္တရားရှိလို့ ဖြည့်ဆည်းပေးတယ်ဆိုတဲ့ အချက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြသလားလို့။ တစ်ခါတစ်ခါကျတော့ သူတို့ ပူဆာတဲ့အသံကို နားအညည်း မခံနိုင်လို့ ဝယ်ပေးတာမျိုးလည်း ရှိတယ်။

တည့်တည့်ပြောရရင် သူတို့ အတ္တကို အရင်ဦးစားပေးပြီး လူအများရှေ့မှာ မော်ချင်၊ ကြွားချင်တဲ့စိတ်၊ နားပူနားဆာ လုပ်တာကို သည်းမခံနိုင်တဲ့စိတ်၊ ကိုယ့်ကို ပိုချစ်လာလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ လိုတာ ဖြည့်ဆည်းပေးနေကြတာ များတယ်။

စောစောပိုင်း ငယ်နုစဉ် ကာလမှာတော့ ဒီလိုဖြည့်ဆည်းပေးတာမျိုးက သိပ်ပြဿနာ ရှိတယ်လို့ မထင်ရဘူး။ အချိန်တန် နားညည်း သက်သာသွားတာကိုး။ ငယ်ကတည်းက တောင်းတိုင်းရနေတဲ့ ကလေးတွေမှာ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ပြဿနာတွေ အများကြီး ရှိသွားနိုင်တယ် ဆိုတာကို အတော်များများ မသိကြဘူး။

ပထမပြဿနာက လွယ်လွယ်တောင်းရင် လွယ်လွယ်ရတဲ့အတွက် ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ တောင်းတဲ့အချိန်မှာ ချက်ချင်းရတဲ့အတွက် အဲဒီပစ္စည်း တစ်ခုခုအတွက် စိုက်ထုတ်ရမယ့် အချိန်၊ ငွေ၊ လုပ်အားသဘော နားမလည်တော့ဘူး။ လွယ်လွယ်ရတော့ လွယ်လွယ်မေ့ ဆိုသလိုပေါ့။ ကိုယ်ပိုင် အင်အား၊ အစွမ်းအစ မထုတ်ချင်တော့ဘူး။ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနည်းရာကနေ တုံးသွားနိုင်တဲ့အထိ ပြဿနာ ရှိသွားတတ်တယ်။

ဒုတိယပြဿနာက လောကကြီးရဲ့ အပေးအယူ သဘောကို လက်တွေ့ကျကျ နားမလည်တော့ဘူး။ ဆိုလိုတာက ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အဲဒီလိုချင်တာနဲ့ ညီမျှတဲ့ ကြိုးစားအားထုတ်မှု တစ်ခုခု ကိုယ်က ပြန်ပေးရတယ်ဆိုတာ မသိတော့ဘူး။

ကြာလာတဲ့အခါ ယနေ့ မြန်မာလူငယ်တချို့ အလုပ်ကို ခါးချိုးမလုပ်ချင်တော့ဘူး။ ဘယ်ကနေ ငွေလွယ်လွယ်ရမလဲ ဆိုတာမျိုးပဲ ရှာလာကြတယ်။ ရလာရင်လည်း ရတဲ့ငွေကို ဘီယာဆိုင်၊ အရက်ဆိုင်နဲ့ ကေတီဗီလို နေရာမျိုးတွေ၊ အဝတ်အစား အသုံးဆောင်ပစ္စည်း ဝယ်ပစ်လိုက်တာမျိုးတွေမှာ အလွယ်တကူ သုံးပစ်လိုက်တတ်ကြတယ်။

တချို့ဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို လွယ်လွယ်ငွေရတဲ့ လမ်းရှာပေးပြီး အတင်းဇွတ်လျှောက်ခိုင်းတာမျိုး အထိပါ တွေ့လာရတယ်။

ဒါတွေ အဖြစ်များလာရင်၊ လူငယ်အများစုကို ကူးစက်လာရင် သူများနောက်မှာ အများကြီး ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ သူများကိုမီဖို့ နေနေသာသာ ကိုယ့်ဘာသာ နောက်လန်ကျမသွားအောင် မနည်းထိန်းနေရတာနဲ့တင် အချိန်ကုန်သွားမယ်။

ဒီနေ့သိရင် ဒီနေ့ပြင်လို့ ရတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘဆိုရင် ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင် အစစအရာရာ လိုက်လုပ်မပေးသင့်ဘူး။ ကိုယ်စွမ်းကိုယ်စ ရှိအောင် တာဝန်တစ်ခုခု ယူချင်စိတ်ရှိအောင် ငယ်ကတည်းက သူတို့လုပ်နိုင်တဲ့ ကိစ္စတွေ သူတို့ဘာသာ လုပ်ခိုင်းရမယ်။ နိုင်တဲ့ တာဝန်တစ်ခုခုပေးပြီး နေ့စဉ် အချိန်မှန်မှန် မပျက်မကွက် လုပ်ဖို့ လေ့ကျင့်ပေးရမယ်။

သူက ပူဆာလို့ ဝယ်ပေးချင်ရင်တောင် အိမ်မှုကိစ္စ နေ့စဉ် ဘာဝိုင်းလုပ်ရင် ဘာပေးမယ်၊ အတန်းထဲမှာ ပ၊ ဒု၊ တ ဝင်ရင် ဘာရမယ်၊ စကားရည်လုပွဲ၊ အားကစားပွဲများ ဝင်ပြိုင်ရင် ဘာဝယ်ပေးမယ် စတဲ့ မက်လုံးတစ်ခုခုပေးပြီး လောကကြီးမှာ ဘာမှ အလကားမရဘူး ဆိုတဲ့အသိ စွဲသွားအောင် တည့်ပေးရမယ်။

မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊ သမီးဆိုး စာရင်းသွင်း၊ အမွေပြတ်စွန့်လွှတ်၊ အိမ်ပေါ်ကနှင်ချ လုပ်တာမျိုးက မိဘတာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက်တာဝန် မကျေတဲ့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။

အယ်ဒီတာ (၂၂-၁၁-၂၀၁၄)

--------------------------------
Editor's Word, The Voice Daily Vol-2/No-191 (#voiceeditorial)
Unknown  /  at  5:24 PM  /  No comments

Posted in: Read Complete Article»

0 comments:

“ ကမ္ဘာလောကကို မီးဝိုင်းရှို့နေတဲ့သူထဲ မပါစေနဲ့ ”

Photo: “ ကမ္ဘာလောကကို မီးဝိုင်းရှို့နေတဲ့သူထဲ မပါစေနဲ့ ”
•••••••••••••••••••••••••••••••••••••••••••

“ ကမ္ဘာကိုတုန်လှုပ်စေသော လူတွေထဲမှာ
ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်တွေ
မပါဝင်ဖို့ အရေးကြီးတယ်။

လူ့လောကကြီးရဲ့လိုအပ်ချက်တွေကို ကျွန်ုပ်တို့
ဘာသာရေးခေါင်းဆောင်တွေ ၀ိုင်းဝန်းဖြည့်စွက်
ပေးနိုင်ကြဖို့ အားထုတ်ကြရမယ်။

ပူလောင်နေတဲ့ကမ္ဘာမှာ ကျွန်ုပ်တို့က မီးသတ်
သမားတွေလို - ကိလေသာမီး၊ သောကမီး၊ စစ်မီး
တွေကို ငြိမ်းသတ်နိုင်တဲ့သူများအဖြစ် ကမ္ဘာ့အရေး
မှာ ပါဝင်ကြရမယ်။

ကမ္ဘာလောကကို မီးဝိုင်း
ရှို့နေတဲ့လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ”

- သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ

credit;Tun Wai

ကမ္ဘာ့အဆင့် ရပ်တည်မှု (FIFA Ranking)

Photo: FIFA က ထုတ်ပြန်လိုက်တဲ့ နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု (FIFA Ranking) ပါ .. အာဆီယံဒေသတွင်းမှာတော့ ဖိလစ်ပိုင်က ဦးဆောင်ထားပြီး ကျွန်တော်တို့ မြန်မာအသင်းက ထိုင်းအသင်းရဲ့ အထက်၊ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာတော့ ယခင်လရဲ့ အဆင့်သတ်မှတ်ချက်အောက် (၃)ဆင့် လျှော့ကျသွားပြီး (၁၄၀) မှာရပ်တည်နေပါတယ်ခင်ဗျာ

Ref ; #MSCS
credit;Myanmar Sports New's
FIFA က ထုတ်ပြန်လိုက်တဲ့ နိုဝင်ဘာလအတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု (FIFA Ranking) ပါ .. အာဆီယံဒေသတွင်းမှာတော့ ဖိလစ်ပိုင်က ဦးဆောင်ထားပြီး ကျွန်တော်တို့ မြန်မာအသင်းက ထိုင်းအသင်းရဲ့ အထက်၊ တတိယနေရာမှာ ရပ်တည်နေပါတယ်။

Unknown  /  at  5:22 PM  /  No comments

ဆန္ဒပြသူများမှ မကြာခဏ အသုံးပြုလာသည့်အတွက် မြို့အထင်ကရ ဗိုလ်ချုပ်ကြေးရုပ်ကြီးအား ပျက်စီးယိုယွင်း လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်

Photo: ဆန္ဒပြသူများမှ မကြာခဏ အသုံးပြုလာသည့်အတွက် မြို့အထင်ကရ ဗိုလ်ချုပ်ကြေးရုပ်ကြီးအား ပျက်စီးယိုယွင်း လာမည်ကို ဒေသခံပြည်သူများက စိုးရိမ် ==============
မုံရွာ၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံနေရာတွင် တည်ရှိသော မြို့အထင်ကရဖြစ် သည့် ဗိုလ်ချုပ်ကြေးရုပ်ကြီးမှာ ဆန္ဒပြသူများမှ မကြာခဏ တက်ရောက်အသုံးပြုလာသည့်အတွက် ပျက်စီးယို ယွင်းလာမည်ကို မုံရွာဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။ “ ပြင်သစ်နိုင်ငံသားတွေဟာ သူတို့ရဲ့ ဆန္ဒကိုဖော်ထုတ်ကြတဲ့အခါ ပဲရစ်မျှော်စင်ကြီးပေါ်တက်ပြီး ဆန္ဒမပြကြပါ ဘူး..။ လေပါတီရုပ်ထုကြီးပေါ်တက်ပြီးလည်း ဘယ်သူမှ ဆန္ဒမပြကြပါဘူး..။ နိုင်ငံတော်မှာ အထင်ကရရှိတဲ့ ရုပ် ၀တ္ထုတွေကို နိုင်ငံသားတွေအားလုံးက ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်မှ ရေရှည်တည်ခန့် ခိုင်မြဲမှာပါ..” ဟု မုံရွာမြို့ခံ စာရေးဆရာ ကိုတိုး (ချင်းတွင်း)မှ ပြောကြားသည်။ နိုင်ငံတကာတွင် နိုင်ငံတစ်နိုင်ငံတိုင်း၏ အထင်ကရရုပ်ဝတ္ထုကြီးများတည်ရှိသည်။ အဆိုပါ ရုတ်ဝတ္ထုကြီးများကို နိုင်ငံသားတိုင်းက တရိုတသေ ချစ်မြတ်နိုးစွာဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ကိုယ်ကျိုးဆန္ဒများအတွက် ၎င်း အထင်ကရရုပ်ဝတ္ထုကြီးများကို မည်သည့်အခါမှ အလွဲသုံးစားပြုလုပ်ခြင်းမရှိကြောင်း ကိုတိုး(ချင်းတွင်း)မှ ဆက်လက်၍ ပြောပြသည်။ မုံရွာမြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်ကြေးရုပ်ကြီးပေါ်တွင် ဆန္ဒပြသူများမှ မကြာခဏတက်ရောက်ပြီး ထိုသူ တို့၏ ဆန္ဒများအတွက် ဗိုလ်ချုပ်ကြေးရုပ်ကြီးအား အသုံးချလျက်ရှိသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကြီး၏ မူလဂုဏ်ဒြပ်များညှိုးနွမ်းစေကာ အလှဆင်ပစ္စည်းများ ပျက်စီးယိုယွင်းလာမည်ကို မုံရွာဒေသခံပြည်သူများမှ စိုး ရိမ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း စာမျက်နှာမှ ကူးယူဖော်ပြပေးခြင်းဖြစ်သည်။
credit;Monywa Times

Unknown  /  at  5:21 PM  /  No comments

ယူရိုပါလိဂ်ပွဲစဉ်ရလဒ်များ (နိုဝင်ဘာ ၂၈)

ဒိုင်နမိုမော်စကို ၂-၁ ပါနာသီနိုင်ကို့စ်

ခရက်စ်နိုဒါ ၁-၁ လိုင်လီ

ဖီယင်နု ၂-၀ ဆီဗီလာ

ရီဂျီကာ ၂-၀ စတန်းဒက်လိုင်ဂီ

ဝုဖ်ဘတ် ၀-၂ အဲဗာတန်

စလိုဗန် ၁-၃ ယန်းဘွိုင်းစ်

စပါတာပရပ် ၀-၀ နာပိုလီ

အဲဘော့ ၁-၀ စတူအာဘူခါရက်

ဒိုင်နမိုကိဗ် ၂-၀ ရီယိုအေ့ဗ်

ဒိုင်နမိုမင့်စ် ၀-၂ ပီအေအိုကေ

ဂူအင်ဂမ့် ၁-၂ ဖီအိုရင်တီးနား

လိုကီရန် ၁-၀ လီဂီယာဝါဆော

ထရက်ဇွန်စပေါ ၃-၁ မီတာလစ်

အက်စ်တိုရီ ၃-၂ ပီအက်စ်ဗီ

အက်ဖ်စီဇူးရစ် ၃-၁ လီမာဆိုး

ဗီလာရီးရဲလ် ၂-၂ မိုချန်ဂလာဘတ်

ဟယ်ဆင်ကီ ၂-၁ ကိုပင်ဟေဂင်

တိုရီနို ၀- ၀ ဘရုဂျက်

ထရိုင်ပိုလစ် ၂-၂ ဘီဆစ်တပ်

စပါး ၁-၀ ပါတီဇန်

အက်စ်ထရာ ၁-၀ ဒိုင်နမိုဇာဂရက်

ဆဲလ်တစ် ၁-၃ ဆဲလ်ဘတ်

စိန့်အီတီယန် ၁-၁ ကွာရာဘတ်

အင်တာမီလန် ၂-၁ ဒီနီပရို

Nz(ရိုးရာလေး)
www.yoyarlay.com
Unknown  /  at  5:20 PM  /  No comments

ဒိုင်နမိုမော်စကို ၂-၁ ပါနာသီနိုင်ကို့စ်

ခရက်စ်နိုဒါ ၁-၁ လိုင်လီ

ဖီယင်နု ၂-၀ ဆီဗီလာ

ရီဂျီကာ ၂-၀ စတန်းဒက်လိုင်ဂီ

ဝုဖ်ဘတ် ၀-၂ အဲဗာတန်

စလိုဗန် ၁-၃ ယန်းဘွိုင်းစ်

စပါတာပရပ် ၀-၀ နာပိုလီ

အဲဘော့ ၁-၀ စတူအာဘူခါရက်

ဒိုင်နမိုကိဗ် ၂-၀ ရီယိုအေ့ဗ်

ဒိုင်နမိုမင့်စ် ၀-၂ ပီအေအိုကေ

ဂူအင်ဂမ့် ၁-၂ ဖီအိုရင်တီးနား

လိုကီရန် ၁-၀ လီဂီယာဝါဆော

ထရက်ဇွန်စပေါ ၃-၁ မီတာလစ်

အက်စ်တိုရီ ၃-၂ ပီအက်စ်ဗီ

အက်ဖ်စီဇူးရစ် ၃-၁ လီမာဆိုး

ဗီလာရီးရဲလ် ၂-၂ မိုချန်ဂလာဘတ်

ဟယ်ဆင်ကီ ၂-၁ ကိုပင်ဟေဂင်

တိုရီနို ၀- ၀ ဘရုဂျက်

ထရိုင်ပိုလစ် ၂-၂ ဘီဆစ်တပ်

စပါး ၁-၀ ပါတီဇန်

အက်စ်ထရာ ၁-၀ ဒိုင်နမိုဇာဂရက်

ဆဲလ်တစ် ၁-၃ ဆဲလ်ဘတ်

စိန့်အီတီယန် ၁-၁ ကွာရာဘတ်

အင်တာမီလန် ၂-၁ ဒီနီပရို

Nz(ရိုးရာလေး)
www.yoyarlay.com

Posted in: Read Complete Article»

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.