
ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့တွင်
အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေနှင့်
မုံရွာမြို့ပေါ်တွင် တက္ကသိုလ် ကျောင်းသားများက ဘွဲ့ရ ဆိုက်ကားနင်းသူ၊ ဘွဲ့ရ ရေစည်လှည်းတွန်းသူ စသဖြင့် သရုပ်ပြ၍ သြဂုတ်လ၂၉ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ သရုပ်ပြ ဆန္ဒထုတ်ဖော်မှုကို
မုံရွာစီးပွားရေးတက္ကသိုလ်မှ စတင်ခဲ့ပြီး ကျောက္ကာလမ်းမကြီးအတိုင်း
မုံရွာမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အထိ ကျောင်းသား ကျောင်းသူဦးရေ
တစ်ရာခန့်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ အမျိုးသားပညာရေး ကော်မရှင်
ဖျက်သိမ်းပေးရေး ဟူသည့် အချက် အပါအဝင်၊ အဆင့်မြင့်ပညာ
ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အလိုမရှိ စသည့် အချက်များကို
တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် မုံရွာတက္ကသိုလ်
အင်္ဂလိပ်စာဌာနမှ ကျောင်းသားတစ်ဦးက ဆိုသည်။
“လက်ရှိ
အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေပါ အချက်တွေမှာ ပညာရေး
စနစ်တစ်ခုလုံးကို ဗဟိုက ချုပ်ကိုင်နိုင်အောင် အခွင့်အလမ်းတွေ ပေးထားတာ
တွေ့ရသလို၊ ပညာရေးစနစ်ကောင်း တစ်ခုရဲ့အသက်ဖြစ်တဲ့
ကိုယ်ပိုင်စီမံခန့်ခွဲခွင့်နဲ့ ပညာရေးလွတ်လပ်ခွင့် ဆိုတဲ့ အချက်တွေကိုလည်း
ဗဟိုက လွှမ်းမိုးချုပ်ကိုင်နိုင်အောင် ပြဋ္ဌာန်းထားတဲ့အတွက် အလိုမရှိကြောင်း
ဆန္ဒထုတ်ဖော်ရတာပါ” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ
(တ.က.သ) မုံရွာမှ ကျောင်းသားတစ်ဦးက ပြောသည်။
မုံရွာမြို့ပေါ်ရှိ
တက္ကသိုလ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တစ်ရာခန့်သည်
မုံရွာမြို့ပေါ်တွင် အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန်
သြဂုတ်လ ၂၄ ရက်နေ့က မုံရွာခရိုင် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်နှင့်
ကျောင်းသားပရဟိတ အသင်းများ ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး
ယင်းဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ကျောင်းသား ၄ ဦးကို ပုဒ်မ ၁၈ ဖြင့်
နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ယခု ဆန္ဒထုတ်ဖော်မှုသည် ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒုတိယမြောက်
ဆန္ဒထုတ်ဖော်မှု ဖြစ်ပြီး ပါဝင်သူများကို အရေးယူရန် အစီအစဉ် ရှိ၊ မရှိ
မသိရသေးပေ။
The Voice Weekly
Tuesday, September 2, 2014
အမျိုးသားပညာရေး ဥပဒေကို မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
Unknown /  at 11:16 AM /  No comments
Share
Posted in: News
Posted on: Tuesday, September 2, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
0 comments: