မုံရွာမြို့နယ် ခတ္တ ကန်တောင်ရွာ ဗောဓိတစ်ထောင်သာ သနာ့နယ်မြေတွင်
တည်ထားကိုးကွယ် မည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
သတ္တဌာန အောက်ဌာပနာတော်သွင်းခြင်းနှင့် ဒုတိယအကြိမ်အလှူငွေ ပေးအပ်ခြင်း ကို
မတ် ၂၂ရက်နံနက်ပိုင်းက ကျင်း ပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ် ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူ ရှင်များ၊ ဒေသခံပြည်သူများတက် ရောက်ခဲ့ကြသည်။
''ရပ်တော်မူဘုရားကြီးကို ဆည် မြောင်းဝန်ကြီးဌာနက တာဝန်ယူ တည်ဆောက်နေပြီး
ကိုယ်လုံးတော် ပိုင်းကို စတီးလ်နဲ့တည်ဆောက်သွား မှာပါ။ မျက်နှာတော်ကတော့
လေး ကျွန်းစကြာရပ်တော်မူဘုရားကြီးမို ပုံစံအတိုင်းလုပ်သွားမယ်။ ပြီးတဲ့အ
ထိဆို ခန့်မှန်းချေ ကျပ်နှစ်ဘီလီယံ ကျော်လောက်ကုန်မယ်လို့ မှန်းထား တယ်။
အထပ် ၁၁ထပ်ပါမယ်။ အခု လောလောဆယ် ပလ္လင်တော်ကတော့ ပြီးပြီ၊
ကျပ်သိန်းခုနစ်ထောင်လောက် ကုန်နေပြီ''ဟု ဗောဓိတစ်ထောင်မှ ဆရာတော်တစ်ပါးက
မိန့်ကြားသည်။
ယခုကျင်းပသည့် အလှူငွေ ပေးအပ်ခြင်းအခမ်းအနားတွင် အ နယ်နယ်အရပ်ရပ်မှ အလှူရှင် ၁၁၆ ဦးတို့၏ လှူဒါန်းငွေ ကျပ်သိန်း ၄၂ဝဝ ကျော်ကို သက်ဆိုင်ရာတာဝန်ရှိသူ များက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြ သည်။
ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ရုပ်ပွားတော်ကြီးမှာ ဉာဏ်တော်အမြင့် ၂၃၄ပေရှိပြီး အမြင့်ပေ ၄၂၄ပေရှိ လေးကျွန်းစကြာရပ်တော်မူဘုရား ကြီး ထိုင်တော်မူဟန် အနေအထား ဖြင့် ဗန္ဓတောင်ကုန်းပေါ်၌ တည်ထား ခြင်းဖြစ်သည်။
KTS
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|

0 comments: