စစ်ကိုင်းတိုင်းဒေသကြီး အတွင်း တမလန်း ၊ ကျွန်းသစ် နှင့် အခြားသော
သစ်မာ မျိုးစုံ တို့ အား ခိုးထုတ်သယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်
တရားမ၀င်သစ်ခိုးထုတ်ယူနေလျှက်ရှိသည့် သူများ နှင့် သစ်တောဦးစီးဌာန
တာဝန်ရှိသူများ ရဲတပ်ဖွဲ့ မှ အကြီးအကဲကြီးများ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန မှ ထိပ်တန်း အရာရှိကြီး များ က တရားမ၀င်သစ်ခိုးထုတ်ယူ သယ်
ဆောင်နေသူ များ နှင့် အတူတစ်ကွပူးပေါင်းပြီး ဆောင်ရွက်နေလျှက်ရှိ
ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အကြီးတန်းအရာရှိ တစ်ချို့ နှင့်
မုံရွာရိုင် ရဲတပ်ဖွဲ့ အရာရှိ တစ်ချို့ က သလ္လာဝတီတိုင်မ်း ကို ပြောသည်။
တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အကြီးတန်းအရာရှိ တာဝန်ထမ်းဆောင်နေ သူ က
"ြေ့ပာရရင်တော့ အဓိက ပါဝင်ပတ်သက်နေတာ က တော့ သစ်တောဦးစီး ဌာန က အကြီးဆုံး အဆင့်တွေ ပါဝင်ပတ်သက်နေတယ်။AD အဆင့် DD အဆင့် တွေ အထိပါဘဲ။
ကျွန်တော်တို့ ရဲတပ်ဖွဲ့ အနေ နဲ့ ပြောရရင်လည်း မကောင်းတော့ မကောင်း ပါဘူး။ ရဲမှူး အဆင့် ရှိ သူတွေ ကိုယ်တိုင် က သစ်ခိုးထုတ်သူတွေရဲ့ ပေးစာ ကမ်းစား လောက် ကို စားပြီးတော့ လမ်းကြောင်းလိုက်ရှင်းပေးနေတာတွေ ရှိနေတယ်။သစ်ခိုးသယ်မဲ့သူတွေ က မသယ်ရင်တောင် သယ်စမ်းပါ ဘာမှ
မဖြစ် စေရဘူး တာဝန်ယူတယ် ဆိုပြီးတော့ ဖုန်းဆက်ပြောပြီး သစ်ခိုးထုတ်သယ်ဆောင်ခိုင်းနေတဲ့ ရဲအရာရှိတွေ ကလည်း ထုနဲ့ဒေး ရှိနေသေးတယ်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ-စ-စ)အနေ နဲ့ ကလည်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် နဲ့ ပေါင်းပြီး DD ,AD တွေ ကိုယ် တိုင် က သစ်ပွဲစားတွေလုပ်ပြီး သစ်ခိုးထုတ်နေကြတာပါ" ဟု ပြောသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ-စ-စ) က ဆိုရင် မင်းမင်းထွန်း ဆို တဲ့ သူ က သစ်ခိုးသယ်ဆောင်သူတွေ ရဲ့ လမ်းကြောင်းရှင်းရေး ကို ဦးဆောင်
ပြီး လာဘ်ငွေအများဆုံးရယူဆောင်ရွက်နေသူ တစ်ဦး ဖြစ်ပြီး စစ်ဘက် ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ မှာ ကိုမျိုးနိုင် နှင့် ၀င်းနိုင် တို့ ဖြစ်ကြောင်းလည်း သိရ သည်။
မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး က တော့ ၄င်း ၏ လက်ရင်းတပည့်
မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းဝင်း ထံ မှ တရားမ၀င်သစ်လုပ်ငန်း
လမ်းကြောင်း လိုက်လံ တောင်းခံရာ မှ ရရှိသည့် ငွေကြေးတို့ ကို လက်ခံရယူ နေသူ တစ်ဦးလည်း ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ရဲအရာရှိ
တစ်ဦး က ပြောသည်။
===================================================
သစ်ခိုးထုတ်ယူရေးလုပ်ငန်းများ အား ဆောင်ရွက်နေ သည့် မောင်မျိုး ဆိုသူ ၏ ကလူစာ ကား YGN 7I /5256 ကား နှင့် သစ်တောဌာန မှ အရာရှိ တစ်ဦး ၏ ကား SGG 9A/5655 တို့ အား သစ်ခိုးသယ်ဆောင်ရန် အတွက် ထွက်လာ စဉ် ရွှေတောင်ဦး အနီး ဒဟတ်ပန်း ထမင်းဆိုင် တွင် အတူ တွေ့ရှိရစဉ်ပုံ။

ThanLarWaddy Times

0 comments: