သက္ကရာဇ်(၁၁၄၃)ခုနှစ်တွင် နန်းတက်တော်မူ၍ အမရပူရမြို့ တော်ကို မင်းနေပြည်
တော်ကြီးအဖြစ် ပထမဆုံး မြို့ တည်နန်းတည်ဘုရင်ဖြစ်တော်မူသော ဗဒုံမင်း ခေါ်
ဘိုးတော်ဦးဝိုင်းသညိ စစ်ကိုင်းမြို့  မင်းကွန်းတောင်ရိုး၌ ပုထိုးတော်ကြီး၊ ခြင်္သေ့
ကြီး၊ ခေါင်းလောင်းကြီး၊ ကန်တော်ကြီး ဟူသော ကြီးလေးကြီးအပါအ၀င် သာသ
နာ့ အဆောက်အအုံတွေ များစွာပင် လှူဒါန်းခဲ့လေသည်။
များစွာသော လှူဒါန်းဖွယ်ဝတ္ထုတို့ တွင် ကြက်ထောင့်ရွာမှ ကန်တော်ကြီး သည်
တစ်ခုအဖြစ် ပါဝင်ခဲ့ပေသည်။ ကန်တော်ကြီးရှိရာ ကြက်ထောင့်ရွာသည် စစ်ကိုင်း
-မင်းကွန်း ကားလမ်းမကြီးဘေးတွင် တည်ရှိသည်။
ဘိုးတော်ဦးဝိုင်းသည် ကြက်ထောင့်ရွာမှာ ယာယီနန်းတော်ဖြင့် စံမြန်းနေတော်မူ
ခိုက် ကြက်ထောင့်ရွာရှေ့  ဧရာဝတီမြစ်ကမ်းမှ မင်းဝံတောင်ရိုးကို ဖြတ်ကျော်ပြီး
စာရေး-တစ်အိမ်ထဲ ရွာအထိ သွားလာရေး ချောမွေ့ လွယ်ကူစေရန် လှည်းလမ်း
ဖောက်တော်မူသည်။
ထို့ ပြင် လူတွေ နွားတွေ ကြက် ဌက် စသည့် တိရစ္ဆာန်များပါ ချမ်းချမ်းသာသာ
သုံးစွဲနိုင်ရန်ဆိုပြီး ကြက်ထောင့်ရွာ ကြက်ထောင့်ဘုရား တောင်ခြေရင်းနားတွင်
အချင်း တာလေးဆယ်၊အစောက် သံတောင်နှစ်ဆယ်ရှိ ကန်တော်ကြီးကို
သက္ကရာဇ်(၁၁၇၉)ခုနှစ် ပြာသိုလဆန်း(၁၄)ရက်နေ့ တွင် စတင်တူးဖော်ခြင်း
ပြုလုပ်တော်မူသည်။ ရေများ ပိုမိုအေးစိမ့်သောဌာ ကျောက်တုံး ကျောက်သား
တို့ ဖြင့် စီခင်းပြုလုပ်ထားတော်မူကြောင်း ကုန်းဘောင်ရာဇ၀င်မှာ တွေ့ ရပေသည်
အချင်း တာလေးဆယ်ဟုဆိုရာတွင်
(၁)တာမှာ(၇)တောင်ရှိ၍
တောင်အားဖြင့် (၄၀x၇) = ၂၈၀ တောင်
ကိုက်တောင်ဖြင့် (၂၈၀-၂) = ၁၄၀ ကိုက်
ပေအားဖြင့် (၁၄၀x၃) =၄၂၀ ပေ ရှိလေးထောင့်စပ်စပ် ရေကန်တော်ကြီး ဖြစ်ပေ
သည်။
ဘိုးတော်ဦးဝိုင်းသည် လမ်းဖောက်လုပ်ခြင်းကိစ္စ၊ ရေကန်တူးဖော်ခြင်း ကိစ္စအား
လုံးကို ကိုယ်တော်တိုင် ဦးစီးဦးကိုင် စီမံကြပ်မတ် လုပ်ဆောင်၍ ပြီးစီးတော်မူ မှ
အမရပူရ ရွှေနန်းတော်သို့  ပြန်လည်ကြွမြန်းတော်မူသည်။
သဗြူးမြသောင်း(ဓမ္မာစရိယ)


0 comments: