ဟန်လင်းပျူမြို့ကိုရပ်ပြီးပြောရဦးမယ်၊
ကျွန်တော်ကရန်ကုန်မှာပါ ဟန်လင်းမှာမဟုတ်ပါဖူး၊
၂၀၁၃ နိုဝင်ဘာ တုန်းကသွားခဲ့တာလို့ ပြောပါတယ်၊
အဲဒါ ရွှေဘိုမြို့အနီး ကျွန်တော်ရောက်နေတယ်လို့ ထင်တာတွေရပ်ပေးဦး၊
နောက်တစ်ခေါက်ကြတော့ နာဆာဆိုဒ်ထဲကနေ အာကာသပုံတွေယူပြီး
တင်မယ် အဲဒီကြတော့မှ အာကသရောက်နေတယ်လို့ မထင်ရင်တွေ့ပြီ၊
အော် ဦးမျိုးဆွေသန်းကြီး အာကာသရောက်နေတာလား
အဲဒီလိုနှုတ်ဆက်ပါ။
အခုတော့ ကိုယ်စတဲ့ဇာတ်ဆိုတော့ စိတ်ရှည်ဦးမယ်။
မြန်မာတွေသမိုင်းပုံကဒီလိုပါ -
အကြိုသမိုင်းမှာ ကျောက်ခေတ်ရယ်၊ ကြေးခေတ်ရယ်၊ သံခေတ်ရယ်
ဆိုတာရှိတယ်၊ အဲဒါတွေမြန်မာနိုင်ငံထဲကနေတူးဖော်လို့ ရထားတယ်၊
လွယ်လွယ်မြင်အောင်ပြောရရင် ပြဒါးလင်းဂူက ကျောက်ခေတ်လူသားက
လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀၀ ) က၊ ညောင်ကန်ကြေးခေတ်လူသားကလွန်ခဲ့တဲ့
အနှစ်လေးထောင်((၄၀၀၀)က၊ အခု ဟန်လင်းမြို့ဟောင်းက လွန်ခဲ့တဲ့နှစ်ပေါင်း
တစ်ထောင့်ခြောက်ရာ (၁၆၀၀) ကျော်က၊ ဟန်လင်းမြို့ဟောင်းမှာ မြေပေါ်
မြေအောက်တွေ့ရတဲ့ပစ္စည်းတွေက ပျူခေတ်ယဉ်ကျေးမှုပစ္စည်းတွေလို့ 
ညွှန်ပြနေလို့ ရှေးဟောင်းသုတေသနကတူးဖော်ရေးလုပ်တော့ ၄ရာစုကနေ
၉ ရာစုအထိထွန်းကားခဲ့တဲ့ပျူမြို့ပြနိုင်ငံယဉ်ကျေးမှုနဲ့ ဟန်လင်းမြို့ဟောင်းကို
တူးဖော်တွေ့ရှိတယ်။
အခုရှေးဟောင်းသုတေသနက ဆက်လက်ပြီးတူးဖော်ရေးတွေ
လုပ်ဆောင်ကြတော့ အဲဒီတုန်းက ရှေးဟောင်းသုတေသနဌာန
အထက်မြန်မာပြည်မန္တလေးတာဝန်ခံ ဦးမြတ်ဆွေကတူးဖော်တဲ့အခါ
ပျူခေတ်ယဉ်ကျေးမှုတွေတွေ့ရှိရာ မြေလွှာတွေကအောက်ကမြေလွှာမှာ
ကျောက်ခေတ်ကအရိုးစုရုပ်ကြွင်းတွေတွေ့ရှိရတယ်၊အဲဒီအပေါ်ကမြေလွှာမှာ
ကြေးခေတ်ယဉ်ကျေးမှုခေတ်က ကြေးခေတ်အရိုးစုရုပ်ကြွင်းတွေတွေ့ရတယ်
အဲဒီအပေါ်ကမြေလွှာကနေ သံခေတ်ယဉ်ကျေးမှုရုပ်ကြွင်းတွေတွေ့ ရတယ်
အဲဒီတော့ ဒီလို နှစ်ထောင်သောင်းချီတဲ့ယဉ်ကျေးမှုတွေ အဆက်ဆက်
တစိုက်မတ်မတ် ဒီတစ်နေရာထဲမှာ မြှုတ်နှံခဲ့ကြတာ ကမ္ဘာမှာဒီတစ်နေရာ
ထဲမှာတွေ့ရတဲ့နေရာဖြစ်သွားတယ်။
ကမ္ဘာမှာ ကိုယ်ဘယ်ကလာတယ်ဆိုတာ သိမှ ဘယ်ကိုဘယ်လိုသွားရမယ်
ဆိုတာသိကြရဖို့ နဲ့ ကိုယ့်ယဉ်ကျေးမှုအဆင့်အတန်းဘယ်လောက်မြင့်မား
တယ်ဆိုတာပြသကြဖို့ တူးဖော်မှုတွေအသည်းအသန်လုပ်နေကြပါတယ်၊
ကျွန်တော်တို့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး ယဉ်ကျေးမှုခေတ်
အဆက်ဆက်ကို မှန်ကန်စွာဖြတ်သန်းခဲ့ကြောင်း ဒီလိုတူးဖော်မှုတွေက
ကမ္ဘာကို သက်သေခံနိုင်ခဲကြတယ်၊ ဒါ့အပြင်ဒီလိုမြှုတ်နှံတဲ့နေရာတစ်ခုထဲ
ကိုပဲ နှစ်ထောင်သောင်းချီပြီး စွဲမှတ်လို့ ဆက်တိုက်မြှုတ်နှံခဲ့ကြတယ်ဆိုတဲ့
လူမျိုးတွေဆိုတာနဲ့ ဒီမြေဒီရေထဲမှာပဲ ဆင့်ကဲဖြစ်စဉ်အတိုင်း သပ်ရပ်စွာ
ကြီးပြင်းပေါက်ဖွားခဲ့ကြတဲ့သူတွေလို့ အခုတူးဖော်ထားတဲ့ ကျင်းကနေ
သက်သေခံနိုင်ပြီး ပိုလှပသပ်ရပ်တဲ့ မြန်မာတို့ ရဲ့သမိုင်းပုံကိုလည်း ဖော်ထုတ်နိုင်ပါလိမ့်မယ် ဆိုတာပါပဲ။
အခု ကမ္ဘာ့အမွေအနှစ်စာရင်းထဲကနေရာအဖြစ် ဒီနေရာတွေကိုသတ်မှတ်ပြီး
ကမ္ဘာ့ရန်ပုံငွေနဲ့ ဆက်လက်ထိန်းသိမ်းကြတော့မယ်ဆိုတာလည်း ဒီတူးဖော်မှု
တွေရဲ့အကျိုးဆက်တွေပဲဖြစ်တယ်။
အခု အမေရိကမှာရှိတဲ့ နာမည်ကြီး မက်ထရိုပိုလီတန်ပြတိုက်ကြီးမှာ
မြန်မာနိုင်ငံက ပျူခေတ်က ယဉ်ကျေးမှုအနုပညာလက်ရာတွေကို
မြန်မာနိုင်ငံရှေးဟောင်းသုတေသနထံကနေ ငှားရမ်းပြီးပြပွဲခင်းကျင်းပြသလျက်
ရှိပါတယ်၊ မိတ်ဆွေထဲက ပန်းချီဆရာအောင်မြတ်ဌေးက အခုအမေရိကမှာ
ယဉ်ကျေးမှုဖလှယ်ရေး အခြားအစီအစဉ်နဲ့ သူ့အနုပညာပြပွဲတွေလုပ်ဖို့
ရောက်နေလို့ မက်ထရိုပိုလီတန်ပြတိုက်ကိုသွားပြီး မြန်မာနိုင်ငံကပြပွဲကို
ဓါတ်ပုံရိုက်ပြီးပို့ပေးပါဦးပြောရပါတယ်၊ ဒီလိုနိုင်ငံကြီးတစ်နိုင်ငံက
ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အနုပညာကို သူ့နိုင်ငံမှာခင်းကျင်းပြသတယ်ဆိုတာ
အကြောင်းမဲ့မဟုတ်ဖူးဆိုတာလည်းသိစေချင်ပါတယ်။
အပေါ်ကပုံတွေက မက်ထရိုပိုလီတန်ပြတိုက်မှာ အခုလက်ရှိခင်းကျင်းပြသ
ထားတဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာ လက်ရာတွေဖြစ်ပါတယ်။
ဒါဘာလည်းလို့ သိပြီး ဂုဏ်ယူရမယ့်အရာလို့ သိတဲ့ဥာဏ်နဲ့ လည်းပြည့်စုံ
စေချင်ပြီး၊ ကိုယ် ဘယ်ကလာတယ်ဆိုတာသိပြီးမှ ဘယ်တွေကို ဘယ်လို
သွားရမယ်ဆိုတဲ့ လမ်းကိုလည်း သိတဲ့ဥာဏ်တွေနဲ့လည်း အားလုံးကို
ပြည့်စုံစေချင်ကြောင်းပါ။

0 comments: