
မြန်မာပီပီ မြန်မာ့သွေး ပြခဲ့ပြီ။
'ထီ'မထင်သူတွေ စိတ်ထားရဲရဲနီ။
ပင်ပန်းလှလည်း အလံမလဲ။
နာကျင်သော်လည်း အလံမလဲ။
မြန်မာဆိုတာ
တုဖက်ပြိုင်ဖို့သိပ်မလွယ်တဲ့ကောင်တွေဆိုတာ
ပြခဲ့။
ဒီည
အားလုံးမြင်ရတဲ့အတိုင်း
မြန်မာဆိုတာ 'အာဂ' လူတွေ။
ငါတို့ထက် ဘောလုံးအဆင့် ၅၀လောက်မြင့်တဲ့အသင်းကို
မရွံ့ပဲ မတွန့်ပဲ
ကျားကုတ်ကျားခဲ ငါတို့ပြိုင်ခဲ့။
တကယ့်တကယ်တမ်းမှာ …
ငါတို့က ပိုအားနည်းပါတယ်။
ငါတို့ ပိုလည်းချို့တဲ့တယ်။
ဒါပေမယ့် ဒီလိုအသင်းကြီးကို
ပွဲချိန်အတွင်း
သရေကျအောင်ကစားနိုင်ခဲ့။
ဒါကြောင့်
ငါတို့က ပိုကြိုးစားတယ်။
ဗိုလ်ချုပ်မှာခဲ့တဲ့အတိုင်း
ပြဲနေအောင် တို့တွေ ကြိုးစားခဲ့။
သူများထက်နှစ်ဆ တို့တွေကြိုးစားခဲ့။
နောက်ဆုံးမိနစ်ထိ တို့တွေကြိုးစားခဲ့။
နိုင်ခြင်းရှုံးခြင်းကို ရလာဒ်နဲ့မတွက်ပဲ
စိတ်ဓါတ်နဲ့တွက်မယ်ဆိုရင်
သေချာတယ်။
ငါတို့နိုင်တယ်။
ဒီလိုကြိုးစားမှုသာ ဆက်ခိုင်မြဲသွားမယ်ဆိုရင်
ဒီလို စိတ်ဓါတ်မျိုးသာ မျက်နှာစာအားလုံးမှာဆိုရင်
ကမ္ဘာ့မြေပုံပေါ်က ငါတို့နိုင်ငံကို
ရွှေကွပ်ထားဖို့သာ ကောင်းတော့ရဲ့။
ရှုံးနေတာတောင် တက်,မထောင်တဲ့သူတွေ
ခြေကွာတာတောင် ရဲရဲပြိုင်ဝံ့သူတွေ
ဒီလို လူငယ်တွေနဲ့ အနာဂတ်ကို
ငါတို့ ဘာစိုးရွံ့ရတော့မလဲ?
'မြန်မာ' 'မြန်မာ' 'မြန်မာ' 'မြန်မာ'
ရလာဒ်ရှုံးပေမယ့် အနိုင်ရတဲ့အတိုင်း
ကွင်းလုံးအနှံ့အားပေးသံတွေ ညံခဲ့။
တစ်ချို့လဲ မချိတင်ကဲ။
'ကောင်းရှုံးကွာ'လို့ ရေရွတ်ကြ။
ဟုတ်တယ် ငါတို့ကောင်းတယ်။
ပွဲရလာဒ်အရ တို့ရှုံးတယ်ပဲထားဦးတော့
ကောင်းခြင်းဂုဏ်ကို ငါတို့ပြသနိုင်ခဲ့တယ်။
ဒါကြောင့် ဒီပွဲရဲ့အနှစ်သာရမှာ
ငါတို့ရှုံးတယ်လို့ ဘယ်သူပြောမလဲ?
မြန်မာရှုံးတယ်လို့ ဘယ်သူပြောမလဲ?
သေချာတာက
ဆယ်စုနှစ်များစွာ
မြန်မာဆိုတာ ခပ်ညံ့ညံ့ကောင်တွေပါကွာဆိုတဲ့
တံဆိပ်ကို တွန်းလှန်နိုင်ခဲ့။
မြန်မာဟာ 'အာဂ' ဆိုတဲ့ ဂုဏ်ဟိတ်ကိုပြသနိုင်ခဲ့။
နောက်ဆို
ဒီကောင်တွေ သိပ်မလွယ်ဘူးကွလို့
သူတို့ဂရုစိုက်ကြပေတော့မယ်။
အဲဒီလို သိက္ခာဘက်ကကြည့်ပါ။
ဒါ့ကြောင့် … သေချာတယ်
ဒီညမှာ တို့မရှုံးဘူးဆိုတာ သေချာတယ်။
သွန်းနေစိုး
Sunday, October 26, 2014
မြန်မာမနိုင်ဘူးလို့ ဘယ်သူပြောမလဲ
Unknown /  at 2:10 AM /  No comments
Share
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
0 comments: