ဒီကနေ့
မြို့ပြနေ မြန်မာမိဘ အများစုကို ကြည့်လိုက်ရင် သူတို့ သားသမီးတွေကို
ဘယ်လို ဖြည့်ဆည်းပေး၊ ဂရုစိုက်ပေးပြီး မေတ္တာထားကြောင်း ပြရမလဲဆိုတဲ့
ပုံစံတွေ အတွေ့ရ များလာတယ်။
တချို့ဆို တစ်နေကုန် ကိုယ့်သား၊ သမီး
ကျောင်းကြို၊ ကျောင်းပို့၊ ကျူရှင်ကြိုပို့နဲ့ပဲ တစ်နေကုန်သွားတဲ့
မိဘမျိုးတောင် ရှိလာတယ်။ ကျောင်းလိုက်ပို့ရင်လည်း လွယ်အိတ်၊ ထမင်းဘူး၊
ရေဘူးကအစ အကုန်သယ်ပေးတယ်။ မုန့်စားနားချိန်၊ ထမင်းစားနားချိန်မှာ
ပါးစပ်ထဲကို ခွံ့ကျွေးတယ်။ တတ်နိုင်တဲ့ မိဘတချို့ဆို ကလေးက
တောင်းတာမှန်သမျှ လိုလေးသေး မရှိအောင် အချိန်မဆိုင်း ရှာပေး၊ ဝယ်ပေးကြတယ်။
တကယ်တမ်း ဆန်းစစ်ကြည့်တော့ သား၊ သမီးတွေ သူတို့အပေါ် ချစ်ခင်တာ၊
အားကိုးတာကို လိုချင်တဲ့အတွက် မိဘဝတ္တရားရှိလို့ ဖြည့်ဆည်းပေးတယ်ဆိုတဲ့
အချက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြသလားလို့။ တစ်ခါတစ်ခါကျတော့ သူတို့
ပူဆာတဲ့အသံကို နားအညည်း မခံနိုင်လို့ ဝယ်ပေးတာမျိုးလည်း ရှိတယ်။
တည့်တည့်ပြောရရင် သူတို့ အတ္တကို အရင်ဦးစားပေးပြီး လူအများရှေ့မှာ
မော်ချင်၊ ကြွားချင်တဲ့စိတ်၊ နားပူနားဆာ လုပ်တာကို သည်းမခံနိုင်တဲ့စိတ်၊
ကိုယ့်ကို ပိုချစ်လာလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ လိုတာ ဖြည့်ဆည်းပေးနေကြတာ
များတယ်။
စောစောပိုင်း ငယ်နုစဉ် ကာလမှာတော့
ဒီလိုဖြည့်ဆည်းပေးတာမျိုးက သိပ်ပြဿနာ ရှိတယ်လို့ မထင်ရဘူး။ အချိန်တန်
နားညည်း သက်သာသွားတာကိုး။ ငယ်ကတည်းက တောင်းတိုင်းရနေတဲ့ ကလေးတွေမှာ
တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ပြဿနာတွေ အများကြီး ရှိသွားနိုင်တယ် ဆိုတာကို
အတော်များများ မသိကြဘူး။
ပထမပြဿနာက လွယ်လွယ်တောင်းရင်
လွယ်လွယ်ရတဲ့အတွက် ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။
တောင်းတဲ့အချိန်မှာ ချက်ချင်းရတဲ့အတွက် အဲဒီပစ္စည်း တစ်ခုခုအတွက်
စိုက်ထုတ်ရမယ့် အချိန်၊ ငွေ၊ လုပ်အားသဘော နားမလည်တော့ဘူး။ လွယ်လွယ်ရတော့
လွယ်လွယ်မေ့ ဆိုသလိုပေါ့။ ကိုယ်ပိုင် အင်အား၊ အစွမ်းအစ မထုတ်ချင်တော့ဘူး။
ကိုယ်စွမ်း၊ ဉာဏ်စွမ်းနည်းရာကနေ တုံးသွားနိုင်တဲ့အထိ ပြဿနာ ရှိသွားတတ်တယ်။
ဒုတိယပြဿနာက လောကကြီးရဲ့ အပေးအယူ သဘောကို လက်တွေ့ကျကျ နားမလည်တော့ဘူး။
ဆိုလိုတာက ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ တစ်ခုခုရှိရင်
အဲဒီလိုချင်တာနဲ့ ညီမျှတဲ့ ကြိုးစားအားထုတ်မှု တစ်ခုခု ကိုယ်က
ပြန်ပေးရတယ်ဆိုတာ မသိတော့ဘူး။
ကြာလာတဲ့အခါ ယနေ့ မြန်မာလူငယ်တချို့
အလုပ်ကို ခါးချိုးမလုပ်ချင်တော့ဘူး။ ဘယ်ကနေ ငွေလွယ်လွယ်ရမလဲ ဆိုတာမျိုးပဲ
ရှာလာကြတယ်။ ရလာရင်လည်း ရတဲ့ငွေကို ဘီယာဆိုင်၊ အရက်ဆိုင်နဲ့ ကေတီဗီလို
နေရာမျိုးတွေ၊ အဝတ်အစား အသုံးဆောင်ပစ္စည်း ဝယ်ပစ်လိုက်တာမျိုးတွေမှာ
အလွယ်တကူ သုံးပစ်လိုက်တတ်ကြတယ်။
တချို့ဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို လွယ်လွယ်ငွေရတဲ့ လမ်းရှာပေးပြီး အတင်းဇွတ်လျှောက်ခိုင်းတာမျိုး အထိပါ တွေ့လာရတယ်။
ဒါတွေ အဖြစ်များလာရင်၊ လူငယ်အများစုကို ကူးစက်လာရင် သူများနောက်မှာ
အများကြီး ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ သူများကိုမီဖို့ နေနေသာသာ
ကိုယ့်ဘာသာ နောက်လန်ကျမသွားအောင် မနည်းထိန်းနေရတာနဲ့တင် အချိန်ကုန်သွားမယ်။
ဒီနေ့သိရင် ဒီနေ့ပြင်လို့ ရတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘဆိုရင် ကလေးတွေ
ကိုယ့်အားကိုယ်ကိုးတတ်အောင် အစစအရာရာ လိုက်လုပ်မပေးသင့်ဘူး။
ကိုယ်စွမ်းကိုယ်စ ရှိအောင် တာဝန်တစ်ခုခု ယူချင်စိတ်ရှိအောင် ငယ်ကတည်းက
သူတို့လုပ်နိုင်တဲ့ ကိစ္စတွေ သူတို့ဘာသာ လုပ်ခိုင်းရမယ်။ နိုင်တဲ့
တာဝန်တစ်ခုခုပေးပြီး နေ့စဉ် အချိန်မှန်မှန် မပျက်မကွက် လုပ်ဖို့
လေ့ကျင့်ပေးရမယ်။
သူက ပူဆာလို့ ဝယ်ပေးချင်ရင်တောင် အိမ်မှုကိစ္စ
နေ့စဉ် ဘာဝိုင်းလုပ်ရင် ဘာပေးမယ်၊ အတန်းထဲမှာ ပ၊ ဒု၊ တ ဝင်ရင် ဘာရမယ်၊
စကားရည်လုပွဲ၊ အားကစားပွဲများ ဝင်ပြိုင်ရင် ဘာဝယ်ပေးမယ် စတဲ့
မက်လုံးတစ်ခုခုပေးပြီး လောကကြီးမှာ ဘာမှ အလကားမရဘူး ဆိုတဲ့အသိ စွဲသွားအောင်
တည့်ပေးရမယ်။
မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို
လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊
သမီးဆိုး စာရင်းသွင်း၊ အမွေပြတ်စွန့်လွှတ်၊ အိမ်ပေါ်ကနှင်ချ လုပ်တာမျိုးက
မိဘတာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက်တာဝန် မကျေတဲ့ ခပ်ညံ့ညံ့
နိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။
အယ်ဒီတာ (၂၂-၁၁-၂၀၁၄)
------------------------------
Editor's Word, The Voice Daily Vol-2/No-191 (#voiceeditorial)
Thursday, November 27, 2014
ချစ်တတ်ရဲ့လား
Unknown /  at 5:24 PM /  No comments
Share
Posted in: article
Posted on: Thursday, November 27, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
0 comments: