စစ်ကိုင်းမြို့နယ်
လင်းတလူး ကျေးရွာ အနီးတွင် ရတနာပုံခေတ် က သံရည်ကျို လုပ်ငန်း
လုပ်ကိုင်ခဲ့သည့် နေရာ တစ်ခုကို တွေ့ရသည်။ ထို သံရည်ကျို လုပ်ငန်းမှာ
လင်းတလူး ကျေးရွာ အနောက် တောင်ဘက် တစ်မိုင်ခွဲခန့် အကွာတွင် ရှိပြီး
ကနောင်မင်းသားကြီး ၏ စီစဉ်မှုဖြင့် ဆောင်ရွက် ခဲ့သောကြောင့် " ကနောင်မင်းသား
သံဖို " ဟု ဒေသခံ များက ခေါ်ဝေါ်လျက် ရှိကြောင်း သိရသည်။
၎င်း ကနောင်မင်းသား သံဖို ဟု ဒေသခံများ ခေါ်ဝေါ်သည့် နေရာတွင် သံရည်ကျို
ထည့်လုံ နှင့် ပုံသဏ္ဌာန် တူသည့် ချော်ရည်များ၊ သံရည်ကျိုစ များနှင့်
အလျားလေးပေ၊ အနံ နှစ်ပေခွဲ ခန့်ရှိသည့် သံရည်ကျို ခဲ့သည့် လက္ခဏာ ရှိသော
နေရာများ ကို တွေ့ခဲ့ရပြီး အဆိုပါနေရာ ဝန်းကျင်မှ ကျောက်များသည်
သံပါဝင်သည့် ကျောက်များ ဖြစ်နေ သည်ကို တွေ့ရသည်။
ဒေသခံ သက်ကြီး
ရွယ်အိုများ၏ ပြောပြချက် အရ ကနောင် မင်းသားကြီး စစ်ကိုင်းမြို့
သံဖိုရုံးတွင် အသုံးပြုရန် အတွက် သံများကို လင်းတလူး ကျေးရွာအနီး
ကနောင်မင်းသား သံဖိုမှ သံများ အရည်ကျို၍ ထုတ်ယူ သုံးစွဲခဲ့ကြောင်း သိရသည်။
လင်းတလူး ကနောင်မင်းသား သံဖို သည် ရတနာပုံခေတ် စက်မှု တော်လှန်ရေး ၏
သမိုင်းဝင် နေရာတစ်ခု ဖြစ်သော်လည်း တိမ်မြုပ်လျက် ရှိနေသည်။ ရှေးဟောင်း
သုတေသန နှင့် ဘူမိဗေဒ ပညာရှင်များ အနေဖြင့် လေ့လာ သုတေသနပြု ဖော်ထုတ်
သင့်သည့် နေရာတစ်ခု ဖြစ်သည်ဟု လင်းတလူး ကျေးရွာ သစ္စာဝါဒီကျောင်း ဆရာတော်က
မြွက်ကြား ခဲ့ကြောင်း သိရှိရသည်။
Yadanarpondaily
Wednesday, July 16, 2014
ရတနာပုံခေတ် ကနောင်မင်းသား သံဖိုကို သုတေသန ပညာရှင်များ လေ့လာသင့်
Unknown /  at 8:41 AM /  No comments
Share
Posted in: News
Posted on: Wednesday, July 16, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
July 13 - July 20
- ငါတို့ သွေးထဲမှာ လည်ပတ်နေတယ် စစ်ကိုင်း စစ်ကိုင်း....
- ပုထိုးဘုရားစေတီ ဘိုးဘွားအမွေတည် အကျိုးပွားစေရည်
- ကမာကူရဂျပန်ဘုရားကြီး
- ဒုတိယပုဂံလို့  မှတ်တယ်ဗျို့ ........
- ငါတို့တည်ဆောက်ခဲ့တဲ့ အသင်းပုံရိပ်ဟာ သေဆုံးခဲ့ပြီ။
- ရောက်ကြဘူးသလား ဇေယျာရွှေမြေ...
- ဆုတောင်းပြည့် ဗျာဒိတ်ပေးစေတီတော်
- ဤနေရာကား ဇေယျာရွှေမြေ-စစ်ကိုင်းတည်း
- ခိုတောင်မုန့် တီ
- ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ
- အံ့ဖွယ်အောင်တော်မူ ..ကျောက်ချပ်စေတီတော်
- ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ...
- အားလပ်ရက်မှာ လည်စရာ တွင်းတောင်ကိုရောက်ဖူးချင်လား
- မုံရွာမြို့ အင်းရွာသစ်ရပ်ကွက်တွင် လက်ပစ်ဗုံးနှင့် ...
- ရတနာပုံခေတ် ကနောင်မင်းသား သံဖိုကို သုတေသန ပညာရှင်မ...
-
▼
July 13 - July 20
0 comments: