Wednesday, July 16, 2014

အံ့ဖွယ်အောင်တော်မူ ..ကျောက်ချပ်စေတီတော်

Unknown  /  at  11:35 AM  /  No comments

စစ်ကိုင်းမြို့နယ် လင်းတလူးကျေးရွာ ရှိ အံ့ဖွယ်အောင်တော်မူ ..ကျောက်ချပ်စေတီတော်သို့ လာရောက် ဖူးမြော်သူများနှင့် ထိုစေတီ၏ အနောက်တောင် အရပ်ချောက်ကမ်းပါး နံရံများတွင် .ဖြစ်ပေါ်နေသော သဘာဝ သဲကျောက် ပန်းပွင့်များကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ များပြား လာကြောင်း သိရသည်။ ထိုကျောက်ချပ်စေတီ ကို မည်သည့် အင်္ဂတေမျှ မပါဘဲကျောက်ပြားချပ် ..လေးများ ဆင့်တင် တည်ထားကြောင်း၊ ..လေကြောင်း ကျသောနေရာတွင် တည်ရှိပြီး ငလျင်ဒဏ် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ သော်လည်း လုံးဝ ပျက်စီးခြင်း မရှိခဲ့ကြောင်း၊ ယခင်ကကျောက်ချပ်များမှာ ယခုကဲ့သို့ စီစီရီရီ မရှိဘဲ လွတ်နေကာ ..စေတီတော်ကို ဟိုဘက် ဒီဘက်ဖောက်၍မြင်ရကြောင်း၊ ယခုအခါ ဘုရားဖူး သူများက အနီးအပါးရှိကျောက်ချပ်များဖြင့် ..ဖြည့်၍ ကုသိုလ်ယူကြသောကြောင့် ..ပြည့်လုနီးပါးဖြစ်သော်လည်း ..ကြားတွင်အပေါက်များ ရှိသေးကြောင်း၊ ၁၃၇၁ ခုနှစ်မှစ၍ တိုင်းရင်းသမားတော် ဦးသန်းအောင်၊ ဒေါ်ရီရီအောင် တို့က မတည်၍ ရွာသူရွာသား များနှင့် ဘုရားဖူး လာသူများ စုပေါင်း လှူဒါန်းငွေဖြင့် ထီးတော် တင်လှူခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Yadanarpondaily

Share
Posted in: Posted on: Wednesday, July 16, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.