Wednesday, July 16, 2014

ခိုတောင်မုန့် တီ

Unknown  /  at  6:22 PM  /  No comments





စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာရှိတဲ့ ခိုတောင်ရွာကို အစွဲပြုပြီး ခိုတောင်မုန့် တီ
လို့ ခေါ်ကြတယ်။ အများစုကတော့ မန္တလေးဘက်သွား မုန့် တောင်းခေါင်းပေါ်
ရွက်ပြီး ခေါင်းရွက်ဈေးသည်လို ရောင်းတာပါ။ နေရာတစ်နေရာစာလောက်ရရင်
ပဲတောင်းချပြီး ထိုင်ရောင်းကြတယ်။ စားတဲ့သူတွေကလဲ ဈေးတောင်းရှေ့ စောင့်
ကြောင့်ထိုင်ပြီး ၀ိုင်းအုံစားကြတယ်။

ခိုတောင်မုန့် တီဆိုတာ မုန့် တီဖတ်ကို ပန်းကန်ထဲထည့် ၊ပဲသီးပါးပါး၊ ဂေါ်ဖီထုပ်
ပါးပါးလေးတွေ လှီးထားတာ ထည့်ပါတယ်၊ ပြီးတော့ ဆီချက်အ၀ါ-အနီ ၊ ပဲမှုန့် ၊
ဘယာကြော် ထည့်နယ်ပေးတာမျိုးပါ၊ ကြက်သွန်နီပါးပါး၊ ဂေါ်ဖီပါးပါး၊ ငရုတ်သီး
စိမ်း လှီးထားတာကို သံပရာညှစ်ပြီး အချဉ်လုပ်ပေးထားတယ်။ ဟင်းချိုရည် က
တော့ ကြက်သွန်ဖြူ/နီ၊ ပိတ်စွယ်တို့  နဲ့ ပြုလုပ်ထားပြီး အဲဒီထဲမှာ တရုတ်နံနံ/
ဗမာနံနံတို့ လဲ ထည့်ပေးတာမျိုးပေါ့။

မြန်မာ့ရိုးရာအစားစာတွေထဲက တစ်ခုဖြစ်တဲ့ ခိုတောင်မုန့် တီကို လူမျိုးဘာသာ
မရွေး သုံးဆောင်နိုင်ကြပါတယ်။ ကျွန်တော်ကတော့ မင်းကွန်းဘက်ကို သွားတိုင်း
ခိုတောင်ရွာက မညို-ခိုတောင်မုန့် တီဆိုင်မှာပဲ စားဖြစ်တယ်။ မိတ်ဆွေတို့ ရော
ခိုတောင်မုန့် တီ စားဖြစ်ကြလား/ စားကြည့်ပါအုံးလားဗျ။

Share
Posted in: Posted on: Wednesday, July 16, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.