Monday, December 22, 2014

တစ်ပါးသူကို နာကျင်အောင် မလုပ်ပါနဲ့

Unknown  /  at  8:16 AM  /  No comments

တကယ်တော့ လူအတော် များများဟာ ကိုယ်တိုင် လုပ်ရတာထက် ဝေဖန်ကဲ့ရဲ့
ရတာကို ပိုမိုပြီး ကြိုက်ကြတယ်။ အကောင်းအဆိုး ကိုလည်း ဒွန်တွဲပြီး မကြည့်
တတ်သလို အဆိုးမြင်ဝါဒက ပိုမိုပြီး များနေပါတယ်။ အဲဒီမှာ စပြီးတော့ စိတ်ကောင်း
ရှိသူနှင့် စိတ်ကောင်း မရှိသူ ဆိုတာ ကွဲပြား သွားတော့ တာပါပဲ။

စိတ်ကောင်း ရှိသူတွေဟာ အကောင်းနဲ့ အဆိုးကို နှိုင်းယှဉ်ပြီးတော့ ကြည့်တတ် သလို ဝေဖန်ကဲ့ရဲ့ ရတာကိုလည်း မနှစ်သက်ဘူး။ လူတစ်ဖက်သားရဲ့ အားနည်းချက်
ကိုလည်း နားလည်တဲ့ အပြင် အမှားကိုလည်း ခွင့်လွှတ် တတ်ပါတယ်။

ဒါကြောင့် တစ်ဖက်သားရဲ့ အားနည်းတဲ့ အချက်ကို နှင်းချေပြီး လူစွမ်ကောင်း ဖြစ်အောင် မလုပ်ပါနဲ့။ ဝေဖန်ကဲ့ရဲ့တတ်ပြီး အမှားအမှန်ကို မခွဲခြား တတ်တဲ့ သူဖြစ်အောင် မနေပါနဲ့။ နုတ်နဲ့ ဖြစ်စေ၊ ကိုယ်နဲ့ ဖြစ်စေ တစ်ပါးသူ နားကျင်အောင် မပြုလုပ်ခြင်းဟာ မွန်မြတ်သော မင်္ဂလာ တစ်ပါးပါ။

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Share
Posted in: Posted on: Monday, December 22, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.