မြန်မာမကြီးတစ်ယောက်
မြန်မာ့မြေပေါ်မှာ သေနေတယ်။
တိုင်းတပါးသားကို အဲဒီမြေ မပေးလို့တဲ့
သူတို့အသတ်ခံရတာ။
ဟုတ်တယ်။ ဒါဟာ လူသတ်မှုပဲ။
နေ့ခင်းကြောင်တောင် အကြမ်းဖက်မှုပဲ။
ကိုယ့်မြေကို
ကိုယ်ဖက်တွယ်ချင်စိတ်လေးတစ်ခုတည
သူ့ခမျာ အသတ်ခံရရှာတာ။
လက်ယက္ကန်းထည် ခေါင်းပေါင်းစလေးရယ်
သွေးတွေပေလူးနေတဲ့ ရာဘာဖိနပ်ရယ်
လက်မှာ နောက်ဆုံးဆုပ်ကိုင်သွားရှာတဲ့
ဆေးလိပ်တိုလေးရယ်
ဒါပဲ သူ့ဆီက ရတယ်လို့ ကြားရ။
သူ့ခေါင်းကို ဖောက်ထွက်သွားတဲ့ကျည်ဆံ။
သူပိုင်တဲ့မြေအတွက်
အသက်ပေးသွားရလေတဲ့ အဖြစ်ပေါ့။
သူတို့ခံရတာ မျှတရဲ့လား?
မိရိုးဖလာ ဓါးမဦးချ
လုပ်ကိုင်လာတဲ့မြေကို မစွန့်ချင်တာနဲ့ပဲ။
သူ့ကို သေခိုင်းသင့်သလား?
အမျိုးဘာသာ စည်းရိုးထိုးမကွလို့
လူယုတ်မာတွေက အရေခြုံအသံဟစ်နေကြချိန်မှာ
လယ်သူမကြီးတစ်ယောက်
မြေပေါ်သွေးအလိမ်းလိမ်း အသက်ပျောက်ရှာ။
မြန်မာ့မြေပေါ်မှာ မြန်မာတွေအသတ်ခံရ
တိုင်းတပါးကို အဲဒီမြေပေးအပ်ဖို့
မြန်မာတွေ မချိမဆန့်သေနတ်ဒါဏ်ရာနဲ့
မြေပေါ်တွန့်လိမ်နေရ။
သြော် လုပ်ရက်လွန်းကြပေ။
အမှန်တရားဟာ
မှိုင်းတိုက်မှုတွေကြား ပုန်းကွယ်နေရချိန်မှာ
အကြမ်းဖက်မှုက ဂုတ်ခွစီးနေပြီ။
အဓမ္မဝါဒကို ပြောဟောကြတဲ့နိုင်ငံ
အဓမ္မဝါဒီတွေက အသင်းဖွဲ့ကြတဲ့နိုင်ငံမှာ
မျက်စိကန်းနေတဲ့ သေနတ်ပြောင်းဟာ
ကိုယ့်အမျိုးသားတွေရဲ့သွေးကို သောက်ဖို့
ပလူပျံထွက်ခွာလာပြီ။
နောက်တစ်ကြိမ် ကျည်သင့်သူဟာ
ခင်ဗျားဖြစ်နိုင်သလို ကျုပ်လည်းဖြစ်နိုင်တယ်။
'ငါတို့အမျိုး စည်းရိုးထိုးမယ်'
'အမျိုးသားရေးအရ ဖွတ်ဘောပဲမမယ်'
အနှစ်မဲ့ လိမ်ညာသံတွေ ဆူညံဖုံးနေတဲ့အောက်မှာ
ဒိဠိတရုတ်ရဲ့ သြဇာခံအဖြစ်သို့ …
မြန်မာ့သွေးစက်တွေကို လမ်းခင်း၍ …
Thorn Nay Soe
Monday, December 22, 2014
လယ်မြေဖုန်ဖုန်မှာ လယ်သူမရဲ့သွေးတွေ စွန်းခဲ့ပြီ။
Unknown /  at 8:25 AM /  No comments
Share
Posted in: Poem
Posted on: Monday, December 22, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 21 - December 28
- အမျိုးသားရေးသမားတွေ ဖတ်ဖို့
- လက်ပံတောင်းကျိန်စာ
- ၀မ်ပေါင်ကုမ္ပဏီမှ ၀မ်းနည်းကြေကွဲစာ ထုတ်ပြန်
- ဆေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်
- လယ်မြေဖုန်ဖုန်မှာ လယ်သူမရဲ့သွေးတွေ စွန်းခဲ့ပြီ။
- လက်ပံတောင်းတောင် ပဋိပက္ခ အမျိုးသမီး တစ်ဦး သေဆုံး
- ဆရာတော်များ၏တရားဓမ္မများစုစည်းရာ
- နှလုံးသားအာဟာရ
- စစ်ကိုင်းတိုင်ဒေသကြီးထွက် အင်ကြင်းကျောက်များသည် ကမ...
- တစ်ပါးသူကို နာကျင်အောင် မလုပ်ပါနဲ့
- ဆရာတော်များ၏တရားဓမ္မများစုစည်းရာ
-
▼
December 21 - December 28
0 comments: