Wednesday, December 24, 2014

အမျိုးသားရေးသမားတွေ ဖတ်ဖို့

Unknown  /  at  10:10 AM  /  No comments

၁။ ကမ္ဘာမှာ
ကုလားအစွန်းရောက်တွေရဲ့ အန္တရာယ်
ကြီးနေတာ မှန်တယ်။ ဒါပေမဲ့ …

မြန်မာမှာတော့
တရုတ်ဂုတ်သွေးစုပ်တွေရဲ့ အန္တရာယ်က
ပိုကြီးပြီး ပိုအပူတပြင်းဖြစ်နေပြီ။

ဘာလို့ဆို တရုတ်က ဂုတ်ခွစီးထားတာ၊
အထက်မြန်မာပြည်တစ်ဝှမ်းလည်း သိမ်းထားပြီ။
တရုတ်မှာ လက်နက်ကိုင်အင်အားလည်းရှိတယ်
မီးဗုံးတွေလည်းရှိတယ်။

ဒီတော့
အမျိုးသားရေးအတွက် အဖွဲ့ဖွဲ့ထားသူတွေအနေနဲ့
အရင်ဖြေရှင်းသင့်တာ တရုတ်အန္တရာယ်ဖြစ်တယ်။
တရုတ်ရန်ကိုသာ အရင်ဖြေရှင်းပေးပါ။
အနီးကပ် ခြိမ်းခြောက်နေတဲ့တရုတ်ရန်သာ
ငြိမ်းသွားရင်
ကုလားရန်ကို အတူဖြေရှင်းပါ့မယ်။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်နော်
တရုတ်ရန်ကို အတူဖြေရှင်းရင်
အာဏာပိုင်နဲ့ ထိပ်တိုက်တွေ့မှာ။
အဲဒါဆို ကောင်းကောင်းအနွှာခံရမှာ
အမျိုးသားရေးသမားတွေက အဲ့ဒီလိုသတ္တိရှိပါ့မလား?
ဘာမှပြန်မခုခံနိုင်တဲ့ လက်ထိပ်ခတ်ခံထားရသူကို
ထောင်မကျကျအောင် ရုံရှေ့အော်တာလောက်
လုပ်ရဲသူတွေများလား?

အမျိုးဘာသာအရေးမှာ
လက်ပံတောင်းက ရွာသားတွေသေတာ
လယ်တွေအသိမ်းခံရတာလည်း
အမျိုးသားရေးပဲ။

လယ်တီသိမ်အဖျက်ခံရတာလည်း
ဘာသာရေးပဲ။

ကုလားမုဒိန်းတစ်ခုတည်း
အမျိုးဘာသာနဲ့ဆိုင်တာ မဟုတ်ဘူး။

ကိုယ့်အမျိုးသားတွေ ထိခိုက်ခံနေရသမျှ
အမျိုးသားရေးပဲ ဖြစ်တယ်။

၂။ မြန်မာပြည် ဘာကြောင့်ဆင်းရဲနေသလဲ သိလား
တကယ်က မြန်မာပြည်ချမ်းသာ ပါတယ်။
မြန်မာပြည်သူတွေသာ ဆင်းရဲတာ။

အရင်က ကားတွေ ထိုင်းနယ်စပ်ကသွင်းကြတော့
မြန်မာက သူဌေးကြီးတွေ လှမ်းဝယ်တဲ့ကားတွေကို
ထိုင်းသူဌေးတွေ
(စီးဖို့နေနေသာသာ မြင်တောင်မမြင်ဘူးလို့)
မြစ်ကမ်းစပ်မှာ လာမျှော်ကြည့်ကြရသတဲ့။

မြန်မာပြည်ရဲ့ လက်တစ်ဆုပ်စာ ထိပ်ပိုင်းက
ပြည်သူတစ်ရပ်လုံးရဲ့ ဓနဥစ္စာကို မောင်ပိုင်စီးထားပြီး
မတန်အင်ကာ သုံးဖြုန်းနေတာ။

အဲဒီလူတွေအားလုံးဟာ
အာဏာပိုင်ထိပ်သီးတွေနဲ့ ပတ်သက်သူတွေချည်းပဲ
ဒဲ့ပြောရရင် အာဏာပိုင်မိသားစုထဲမှာ
ဆင်းရဲတဲ့သူဆိုတာ မရှိဘူး။
အလယ်အလတ်တန်းစားတောင် မရှိဘူး။
ကျိကျိတက် ချမ်းသာသူချည်းပဲ။

ဒီတော့ အဲဒီ ထိပ်သီးလက်တစ်ဆုပ်စာဆီက
ကြွယ်ဝမှုတွေကို ပြည်သူတွေဆီခွဲပေးလိုက်ရင်
(တစ်နည်းအားဖြင့်
လူအယောက်တစ်ထောင်လောက်ဆီက
မတရားသိမ်းပိုက်ထားသမျှကို
ပြည်သူသန်း၅၀ ဆီခွဲပေးရင်)
ပြည်သူတိုင်း
ဒီ့ထက် နှစ်ဆလောက်ချောင်လည်ကြလိမ့်မယ်။

အမျိုးသားရေးဆိုတာ
အမျိုးသားကြီးပွားတိုးတက်ရေးဖြစ်တယ်။

နိုင်ငံတကာမှာ
အောက်ကျနောက်ကျ ဖြစ်နေသူတွေရဲ့ဘာသာဟာ
ဘယ်လို ထွန်းပြောင်မလဲ?

ဘာစောင့်ဥပဒေထုတ်ထုတ်
တိုင်းတပါးမှာ ကျွန်သွားခံနေရရင်
သူတို့ အနိုင်ကျင့်သမျှခံရမှာပဲ။
မိန်းကလေးတွေဆိုလဲ သူတို့ရန် ခံရမှာပဲ။

ဒီတော့ အမျိုးဘာသာအရေး
တကယ်စေတနာရှိရင်
အာဏာရှင်ေ-ာမခြင်းကိုရှောင်ပါ။
ပြည်သူကျောမွဲတွေဘက်က ရပ်ပါ။
အခု လက်ပံတောင်းမှာလို
ကိုယ့်အမျိုးသားတွေ သေကြေဒုက္ခရောက်တဲ့ခါ
လက်သီးလက်မောင်းတန်းပါ။
အနည်းဆုံးကြေငြာချက်ကလေးဖြစ်ဖြစ် ထုတ်ပါ။
Thorn Nay Soe

Share
Posted in: Posted on: Wednesday, December 24, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.