Saturday, September 13, 2014

ကျောင်းသူတစ်ဦး တို့ဆေးဖြင့် ခေါ်ယူခံရ အထက(၁)စစ်ကိုင်းတွင် စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်

Unknown  /  at  11:47 PM  /  No comments

Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။

အထက(၁) စစ်ကိုင်း ကျောင်းဝင်ပေါက်သုံးခု၌ လုံခြုံရေး စီစီတီဗွီကင်မရာ များ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့ အမှတ်(၁) အစိုးရအထက်တန်း ကျောင်းမှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ကို ပြင်ပမှ တို့ဆေးတို့ လာရောက်ခေါ် ယူမှုများရှိလာ သဖြင့် ကျောင်းအဝင်အထွက်၊ ဂိတ်တံခါးကြီးများတွင် လုံခြုံရေး စီစီတီဗွီကင်မရာများ တပ်ဆင်တော့မည်ဖြစ် ကြောင်း ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်း ဝင်တစ်ဦးက ပြောသည်။

အထက(၁)စစ်ကိုင်းမှ အဋ္ဌမတန်းကျောင်း သူ မ----- ကို သြဂုတ် ၂၅ ရက်တွင် အမျိုးသမီးတစ် ဦးက တို့ဆေးတို့၍ ဆိုင်ကယ်ဖြင့် တင်ဆောင်သွားရာ မန္တလေးသွား ကမ်းနားလမ်း ဒေါ်အေးကြင်ထမင်းဆိုင် ရှေ့ လမ်းဆုံ၌ အဆိုပါကျောင်းသူမှာ သတိရလာပြီး အကူအညီတောင်းရာ ဆိုင်ကယ်စီးသူအမျိုးသမီးမှာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားသည်။

အဆိုပါ ကျောင်း သူအား ဒေါ်အေးကြင်ထမင်းဆိုင်မှ အကျိုးဆောင်၍ စစ်ကိုင်းရဲစခန်း၊ စစ်ကိုင်းအထက(၁)တို့သို့ ဆက်သွယ် သဖြင့် တို့ဆေးဖြင့်အတို့ခံရသည့် ကျောင်းသူမှာ စစ် ကိုင်းမြို့ရှိ မိဘများထံ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိ ရသည်။

''စက်တင်ဘာ ၃ ရက်မှာ တစ်ကြိမ်ထပ်ဖြစ် တယ်။ အဋ္ဌမတန်း(B)က ကျောင်းသား မောင်----- ကို ကျောင်းထဲအထိ ဝင်ခေါ်သွားတာ။ ဒီကလေးက ဆိုင်ကယ်ပေါ်ပါသွားပြီး ကျောင်းတောင် ဘက်နားက တိုင်းလျှပ်စစ်ရုံးရှေ့မှာ သတိရလာပြီး ဆင်းနေရစ်တာ တို့ဆေးနဲ့ တို့ခေါ်လာတာလို့လဲ ပြောတယ်။ တချို့က တော့ ဆေးထိုးအပ်ကလေးနဲ့ စိုက်မိပြီးမှ ပါသွားတာ လို့ပြောတယ်။ ဒီကိစ္စအတွက် အထက(၁) မိဘဆရာ အသင်း အစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကလုပ် ဖြစ်တယ်'' ဟု မိဘဆရာအသင်းဝင်တစ်ဦးက ပြောသည်။

ကျောင်းသားများခေါ်ဆောင်ခံရမှုမှာ နှစ် ကြိမ်ရှိလာသဖြင့် အထက(၁)ကျောင်းဂိတ်ပေါက်ကြီး သုံးခုတွင် တစ်ဂိတ်လျှင် စီစီတီဗွီကင်မရာနှစ်လုံးစီတပ် ဆင်မည်ဖြစ်ရာ တပ်ဆင်မှုလုပ်ငန်းကို စက်တင်ဘာ ၁၇ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိ ကျောင်းတက်ကျောင်းဆင်းချိန်များ တွင် ဂိတ်အပြင်နေရာများ၌ ဆရာ၊ ဆရာမများအား စောင့်ကြည့်တာဝန်ပေးထားသည့်အပြင် ကျောင်းသား ကျောင်းသူများကို သတိပေးစကားများပြောကြားထား ကြောင်း ယင်းကျောင်းရှိ ဆရာ၊ ဆရာမများထံမှ သိရ သည်။

Share
Posted in: Posted on: Saturday, September 13, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.