Saturday, September 13, 2014

မြန်မာ နှင့် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်း တို့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားမည်

Unknown  /  at  8:35 AM  /  No comments

Photo: မြန်မာ နှင့် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်း တို့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားမည်

ယနေ့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၄) နာရီနှင့် ညနေ (၆း၃၀) နာရီတွင်AFF Nutifood U-19 Cup 2014 အုပ်စု
(က)နှင့် အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်ကစား ခဲ့ကြရာ
မြန်မာ ယူ-၁၉ အသင်းက အင်ဒိုနီးရှား ယူ-၁၉ အသင်းကို (၃) ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ဂျပန် ယူ-၁၉ အသင်းက အိမ်ရှင် ဗီယက်နမ် ယူ-၁၉ အသင်းကို
(၃) ဂိုး၊ (၂) ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ ခဲ့သဖြင့်
အုပ်စု (က) မှ အုပ်စုဗိုလ် မြန်မာ ယူ-၁၉ အသင်းနှင့် အုပ်စု (ခ) မှ အုပ်စု ဒုတိယ
ဗီယက်နမ် ယူ-၁၉ အသင်း ၊ အုပ်စု (ခ) မှ အုပ်စုဗိုလ် ဂျပန် ယူ-၁၉ အသင်းနှင့် အုပ်စု (က)မှအုပ်စု ဒုတိယ ထိုင်း ယူ-၁၉ အသင်းတို့ ဆီမီးဖိုင်နယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
စက်တင်ဘာလ (၁၁) ရက်၊ မြန်မာစံတော်ချိန် ညနေ (၄) နာရီတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ဗီယက်နမ် ယူ-၁၉အသင်း၊ ယင်းနေ့ မြန်မာစံတော်ချိန် ညနေ
(၆း၃၀) နာရီတွင် ဂျပန် ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့
ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

Share
Posted in: Posted on: Saturday, September 13, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.