
မုံရွာ ချင်းတွင်းမြစ်ကမ်း ကွေ့ကြီးရပ်ကွက်
လှည်းဆိပ်မှာ ဆီပီပါတွေ တင်ပြီး ဆိပ်ကပ်ထားတဲ့ အမြန်ရေယာဉ်ပေါ်မှာ
ထွန်းထားတဲ့ မီးချောင်းကွဲရာကနေ ဒီနေ့ နံနက် ၂ နာရီ ဝန်းကျင်က
မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မော်တော်ပေါ်မှာရှိတဲ့ ဆီပီပါတွေ ပေါက်ကွဲတဲ့အတွက်
ဆိပ်ကမ်းမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပြီး မြစ်လယ်သို့
မျှောလိုက်ရတယ်။ မီးလောင်ကျွမ်းပြီး ရေမိုင် ၇ မိုင်ခန့် အကွာအထိ
မျှောပါသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
“လမ်းတစ်လျှောက်မှာ ဆီပီပါတွေက ပေါက်ကွဲမှု ဖြစ်နေတော့ အနားကိုကပ်လို့ မရဘဲ
ဖြစ်နေတယ်။ ငြိမ်းသတ်ဖို့အတွက် ဇာတ်ပေါ်ကို မီးသတ်ကားတင်ပြီး လိုက်လံ
ငြိမ်းသတ်ပေမယ့် မီးအား အရမ်းကောင်းတော့ ငြိမ်းမရဘူး” ဒီကနေ့
ကြုံတွေ့ခဲ့ရမှုကို မုံရွာမြို့နယ် မီးသတ်ဦးစီးမှူးက ရှင်းပြတာပါ။
မီးလောင်ကျွမ်းမှုကို လေးနာရီခန့်အကြာ ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
ရေယာဉ် မီးလောင်ချိန်မှာ အဲဒီယာဉ်ပေါ်မှာ ပိုင်ရှင်ရဲ့ ဇနီးနဲ့
ရေလုပ်သားတစ်ဦး ရှိနေခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားချိန်မှာတော့ သူတို့တွေ
ခုန်ကျနေခဲ့ကြပါတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ရေယာဉ်ပေါ်မှာ ဆီပီပါ ဘယ်လောက် ပါတယ်ဆိုတာကို စာရင်းအတိအကျ မရသေးဘူး။
မော်တော်ပိုင်ရှင်ကို သိရှိထားပြီး ဖြစ်ပြီးတော့ မော်တော်ကိုလည်း
မီးငြိမ်းသတ်ပြီး မုံရွာ ဇတ်ဆိပ်ကမ်းသို့ ပြန်ဆွဲလာပြီလို့
မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
The Voice Weekly
Saturday, September 13, 2014
မုံရွာမှာ ဆီတင်ထားတဲ့ အမြန်ရေယာဉ် မီးလောင်ပေါက်ကွဲ
Unknown /  at 8:33 AM /  No comments
Share
Posted in: News
Posted on: Saturday, September 13, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
September 7 - September 14
- ကျောင်းသူတစ်ဦး တို့ဆေးဖြင့် ခေါ်ယူခံရ အထက(၁)စစ်ကို...
- ထူးဆန်းဂုဏ်ထင် လက်ပွားရှင် ရုပ်ပွားတော်မြတ်
- မှန်တဲ့စကားပြောကြရမယ်
- PFF Peace Cup 2014 Champion MYANMAR.
- ထိုင်းကတော့ငယ်နိုင်ပါဗျာ၊ အောင်ဇေယျမျိုးရှုံးရိုးမ...
- မြန်မာ နှင့် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်း တို့ ဆီမီ...
- မုံရွာမှာ ဆီတင်ထားတဲ့ အမြန်ရေယာဉ် မီးလောင်ပေါက်ကွဲ
- “ စကား ”
- “ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ ”
- ဝေဠုဝန် ငါးထပ်ကြီး မြတ်စွာဘုရား အား ဖူးမျှော်ကြည်ည...
-
▼
September 7 - September 14
0 comments: