Sunday, December 28, 2014

အရှိန်မထိန်းနိုင်သည့်ကားမှ ဓာတ်တိုင်ဝင်တိုက်မိရာ လမ်းလျှောက်နေသည့် ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာ များရ၍ ပျံတော်မူ

Unknown  /  at  3:21 AM  /  No comments

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းဝင်းရှေ့ အနီးနေရာတွင် အရှိန်မထိန်းသည့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှ လမ်းဘေးဖုန်းဓာတ်တိုင် အားဝင်ရောက်တိုက်မိခဲ့ရာ လမ်းဘေးပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည့် ဘုန်းတော်ကြီးတစ်ပါး အား အဆိုပါ ဖုန်းဓာတ်ကြီုးများနှင့် ခိုင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့သည့် ဖြစ်စဉ်တစ် ရပ်အား ဒီဇင်ဘာ ၂၆ မနက် ၆ နာရီက ဖြစ်ပွားခဲ့သည်။
မုံရွာမြို့၊ အေးသာယာရပ်ကွက်နေ ဦးညွှန့်ဌေး ဆိုသူသည် HI 8 - 65... FUSO BUS အမျိုးအစားခရီးသည်တင် မှန်လုံယာဉ်တစ်စီးအား မောင်းနှင်းလာစဉ် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဖုန်းဓာတ်တိုင်အား ၀င် ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းဓာတ်တိုင်အားဝင်ရောက်တိုက်မိသည့်အချိန်တွင် လမ်းဘေးပလက် ဖောင်းအတိုင်းလမ်းလျှောက်လာသည့် သက်တော်(၈၁)နှစ်၊ ၀ါတော်(၆၁)၀ါ အရွယ်ရှိ ဘုန်းတော်ကြီး ဥူးဝေ ပုလ္လမှာ ဖုန်းဓာတ်တိုင်ပိ၍ ဦးခေါင်းတွင်ပေါက်ပြဲဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာဒုတပ်ဖွဲ့ခွဲမှူးရုံးရှိ ရဲအုပ် မြိုင်ဝင်းမှ မှတ်တမ်းများရယူထားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုအား မုံရွာမြို့မရဲစခန်းက ယာဉ်(ပ)၁၈၄/၂၀၁၄ ပုဒ်မ ၃၀၄ - က အရနှင့် (ပ) ၄၉၈/၂၀၁၄ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ကိုတိုး ချင်းတွင်း

Share
Posted in: Posted on: Sunday, December 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.