Tuesday, December 30, 2014

မြန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားမည့် ကိစ္စရပ်များအတွက် MFF ဥက္ကဋ္ဌနှင့် နယူးဇီလန် သံအမတ် ဒုတိယအကြိမ် တွေ့ဆုံ

Unknown  /  at  9:33 AM  /  No comments

Photo: မြန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားမည့် ကိစ္စရပ်များအတွက် MFF ဥက္ကဋ္ဌနှင့် နယူးဇီလန် သံအမတ် ဒုတိယအကြိမ် တွေ့ဆုံ
===============================================

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ နံနက် (၁၀) နာရီတွင် အဖွဲ့ချုပ် အစည်းအဝေးခန်း၌ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E. Mr. Bruce Shepherd နှင့် တွေ့ဆုံ၍ မြန်မာနှင့်နယူးဇီလန် လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲအား လာမည့်နှစ်အတွင်း ကျင်းပ သွားနိုင်ရေး အတွက်လည်းကောင်း၊ နယူးဇီလန် နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ယူ၂၀ အသင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ရာ လိုအပ်သည့် ကြိုတင်ပြင်မှုများ ပြုလုပ်ရေး အတွက် လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေဖြင့် နယူးဇီလန် သံအမတ်အား ဒုတိယအကြိမ် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး နယူးဇီလန် ဘောလုံး အဖွဲ့ချုပ်နှင့် ဆက်သွယ်ကာ မြန်မာ့ လက်ရွေး စင်အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ၂၀ အသင်းတို့၏ ခြေစမ်းပွဲများ၊ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲများအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

Ref ; #MFF

Share
Posted in: Posted on: Tuesday, December 30, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.