ဆားလင်းကြီးမြို့နယ်ရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး
ခတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရဦးမည်ဟု စစ်ကိုင်းတိုင်း သစ်တောနှင့်
သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက်က ဆိုလိုက်ပြီး ယင်းသို့ ပြောကြားခြင်းသည်
တရုတ်ကို ကာကွယ်ပြောခြင်း မဟုတ်ဟုလည်း ၎င်းက ဆိုသည်။
"ခြံစည်းရိုးက ဆက်ခတ်ရမှာပါ။ ခြံစည်းရိုးခတ်မှလည်း သူတို့လုပ်ငန်းက
ဆက်လုပ်လို့ရမှာပေါ့။ တရုတ်ဘက် ကာကွယ်နေတာ မဟုတ်ပါဘူး။
နိုင်ငံတော်အတွက်လည်း အကျိုးရှိလို့ ဆက်လုပ်နေတာပါ။" ဟု မဇ္ဈိမ ကို ပြောသည်။
သတ္တုတွင်းဝန်ကြီးက ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာသစ်ရှိ
လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏
အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကော်မတီ၏ ဆက်ဆံရေးရုံးတွင် ဒီဇင်ဘာ ၃၀
ရက် မွန်းတည့် ၁၂ နာရီ ခွဲက ထိုဒေသမှ ဆရာတော် ဦးတိက္ခဥာဏ် အပါအဝင်
သပိတ်ခေါင်းဆောင် ငါးဦးခန့်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု
မရရှိခဲ့ပေ။ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်က ဆက်ဆံရေးရုံး၏ ဥက္ကဋ္ဌလည်း
ဖြစ်သည်။
ဆရာတော် ဦးတိက္ခဥာဏ က "ဘုန်ကြီး ကြားကနေ သတ္တုတွင်း
ဝန်ကြီးနဲ့ ဒေသခံတွေအတွက် ညှိတယ်။ လက်မခံဘူး။ သူတို့မှာ
တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ဘာဆက်လုပ်ရမလဲ။ ဒီအတိုင်းဆို
အကုန်ဒုက္ခရောက်မယ့် အနေအထားပဲ။" ဟု မဇ္ဈိမကို မိန့်ကြားသည်။
ဆက်ဆံရေးရုံးတွင် သတ္တုတွင်းဝန်ကြီးနှင့် ဒေသခံများ ညှိနှိုင်းမှု မပြေလည်၍
ဆည်တည်းရွာတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းသို့ နာရီဝက်အတွင်း လာရောက်ကာ
ဆက်လက်ညှိနှိုင်းမည်ဟု ဝန်ကြီး ဦးသန်းထိုက်က ပြောခဲ့သော်လည်း
ညနေစောင်းသည်အထိ ရောက်မလာခဲ့ဟု ဒေသခံများက ပြောသည်။
ကုမ္ပဏီနှင့်
ဒေသအာဏာပိုင်များက ဝမ်ပေါင်ကုမ္ပဏီအတွက် ခြံစည်းရိုး တိုးမြှင့်ခတ်ရန်
ကြိုးပမ်းနေချိန်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃နာရီခန့်မှ စတင်ကာ ဒေသခံများက
ဝမ်ပေါင်ကုမ္ပဏီက ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးကာ ရွာမြေသတ်မှတ်၍
ခြံစည်းရိုး ပြန်လည်ခတ်လျက်ရှိသည်။
ဒေသခံ ၇၀ကို အမှုဖွင့်ထား
ယင်းသို့ ကုမ္ပဏီ၏ ခြံစည်းရိုးများကို ဖျက်ဆီးကာ အသစ်ခတ်သည့် တုံရွာနှင့်
ဆည်တည်းရွာမှ ဒေသခံ ၇၀ဦးကို ဆားလင်းကြီး မြို့နယ် ရဲစခန်းက ပုဒ်မ ၃၇၉
(ခိုးမှု)၊ ပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု) တို့ဖြင့် ထိုနေ့ ညနေကပင်
အမှုဖွင့်လိုက်ပြီဖြစ်သည်။
"ကျွန်မတို့က ကျွန်မတို့မြေကို ကာကွယ်နေတာပါ။ သူတို့ဖက်က အကြမ်းဖက် ဖြိုခွဲဖို့လုပ်နေတယ်။ကျွန်မတို
ဒေသခံများဘက်လည်း ဒီဇင်ဘာ ၂၉ရက်မှ စတင်ကာ ဆည်တည်းရွာတွင် သပတ်စခန်းဖွင့်၍
ခြံစည်းရိုး ဆက်လက်မခတ်ရန်၊ ဒေသခံ များ ပြန်လည်ခတ်ထားသည့် ခြံစည်းရိုးကို
မဖျက်ဆီးရန်၊ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန်၊ ဝမ်ပေါင်ကုမ္ပဏီ
အလိုမရှိ အပါအဝင် ဒေသခံများ၏ အခက်အခဲများ ဖြေရှင်းပေးရန် ဖွင့်ထားသည့်
ဆက်ဆံရေးရုံးမှာ ညှိနှိုင်းပေးနိုင်ခြင်း မရှိ၍ ဆက်ဆံရေးရုံးအလိုမရှိ စသည့်
ကြွေးကြော်သံများဖြင့် တောင်းဆိုလျက်ရှိသည်။
သပိတ်စခန်းတွင်
အလယ်ရွာ၊ ရွာသစ်၊ လယ်တီ၊ ဖောင်ကတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ တောကျောင်း
စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀ကျော်တို့က ဆန္ဒပြနေသည်။
လက်ပံတောင်းတောင် လုံခြုံရေးယူထားသော လုံခြုံရေးရဲများကလည်း သပိတ်စခန်း
ရုပ်သိမ်းပေးရန်နှင့် ဝမ်ပေါင်မှ ခတ်ထားသော ခြံစည်းရိုးများအား ဆက်လက်
မဖျက်ဆီးရန် အသံချဲ့စက်ဖြင့် အော်ဟစ် သတိပေးလျက်ရှိသည်။
ယင်းအပြင်
သပိတ်စခန်းကို ဒီဇင်ဘာ ၃၀ရက် ညပိုင်းတွင် ဖယ်ရှားရှင်းလင်းမည်ဟု
လုံခြုံရေးယူထားသည့် ဒု-ရဲအုပ်တစ်ဦးက မဇ္ဈိမကို အသိပေးသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး
ယူမထားသည့် မြေပေါ်တွင် ခြံစည်းရိုးခတ်ရာမှ အစပြုကာ ဒေသခံများနှင့် ဒီဇင်ဘာ
၂၂ရက်နှင့် ၂၃ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်က ပဋိပက္ခ
အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းသို့ သေနတ်ကြည်ထိမှန်ကာ
သေဆုံးခဲ့ရပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
ယင်းနောက်တွင် နှစ်ဖက် ပဋိပက္ခ ဆက်လက်ရှိနေပြီး ဒေသခံများက သပိတ်စခန်းဖွင့်လှစ်သည်အထိ ဖြစ်ပွားခဲ့ရသည်။
ယင်းဖြစ်စဉ်ကို အခြေခံ၍ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တွင် ဆန္ဒပြပွဲများ
ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာ ၂၉ရက်က
ဆန္ဒပြသူများအနက် ၅ဦးကို ဒဂုံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး
ပြည်မြို့တွင်လည်း ဆန္ဒပြသူများကို ပုဒ်မ ၁၈၊ ၁၉တို့ဖြင့်
အမှုဖွင့်အရေးယူထားသည်။
Mizzima
Tuesday, December 30, 2014
ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခြင်းကို ဆက်လုပ်မည်ဟု စစ်ကိုင်းတိုင်းသတ္တုတွင်းဝန်ကြီးပြော တရုတ်ကို ကာကွယ်ပေးခြင်း မဟုတ်ဟုပြော
Unknown /  at 9:29 AM /  No comments
Share
Posted in: News
Posted on: Tuesday, December 30, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 28 - January 4
- နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)
- ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာ
- မြန်မာ ယူ၂၀ အသင်း ကမ္ဘာ့ဖလား ယှဉ်ပြိုင်ကစားမည့် ကိစ...
- သွေးထိုးစည်းရုံးမှုတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတာလို...
- ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခြင်းကို ဆက်လုပ်မည်ဟ...
- "မေမေ.. ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ"
- အရှိန်မထိန်းနိုင်သည့်ကားမှ ဓာတ်တိုင်ဝင်တိုက်မိရာ လ...
- မင်းကွန်းဆရာတော်ဘုရာကြီး အလောင်းလျာ၏ ထူးခြားသော ဘ၀...
- သွန်းနေစိုး ရေးတဲ့ ကဗျာ
- တရုတ်သံအမတ်နဲ့ သံရာရှိတွေကို ထွက်မလာရင် လုံခြုံရေး...
-
▼
December 28 - January 4
0 comments: