Sunday, December 28, 2014

တရုတ်သံအမတ်နဲ့ သံရာရှိတွေကို ထွက်မလာရင် လုံခြုံရေးစည်းကို ကျော်မယ်လို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေ ကြွေးကြော်

Unknown  /  at  3:18 AM  /  No comments

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေ ကြတဲ့ ဆန္ဒပြသူတွေဟာ တရုတ်သံအမတ်နဲ့ သံအရာရှိတွေကို သံရုံးအပြင်ကို ခေါ်မထုတ်ပေးရန် လုံခြုံရေးစည်း ကို ကျော်မယ်ဆိုပြီး ကြွေးကြော်နေတယ်လို့ အဲဒီနေရာသို့ ရောက်ရှိနေသူတွေဆီက သိရှိရပါတယ်။

တရုတ်သံရုံးအရှေ့မှာ ဆန္ဒပြနေသူ ၃၀ ဝန်းကျင်ဟာ ဒီနေ့ညနေ လေးနာရီဝန်းကျင်လောက်က စတင်ပြီးတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရေး၊ လက်ပံတောင်း ပဋိပက္ခတွင် လုံခြုံရေးအကာကွယ်နဲ့ ခြံစည်းရိုးခတ်နေတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အချုပ်အခြာအာဏာကို ထိခိုက်နေပြီဆိုပြီး ဆန္ဒပြနေကြတာလို့ သူတို့ဆီကနေ သိရှိရပါတယ်။
The Voice Weekly

Share
Posted in: Posted on: Sunday, December 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.