မြန်မာလူငယ်များ မင်္ဂလာပါ(လက်ခုပ်သံများ)
မြန်မာနိုင်ငံကို ပြန်ရောက် လာခွင့်ရတာဟာ အံ့ဩစရာပါပဲ။ အားလုံးပဲ
ထိုင်ကြပါ၊ ထိုင်ကြပါ။ကျွန်တော်တို့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။
‘‘ပြုပြင်ပြောင်းလဲရေးက အတုအယောင်ပဲ’’၊ ‘‘အပြောင်းအလဲ’’။ အိုကေ။ ကောင်းပြီ။
ခင်ဗျားတို့ အနေနဲ့ ပြီးရင် မေးခွန်းတွေမေးဖို့ အခွင့်အရေးရပါမယ်။
ဟုတ်ပြီ။ ဒါတွေကို ဘေးဖယ်ထား လိုက်ပါ။ ကျွန်တော်တို့ ဒီအတွက် ပဲ ဒီခန်းမကို
ရောက်နေတာလေ။ ကြည့်ပါ။ ခင်ဗျားတို့ဟာ ဒီလို ခန်းမတစ်ခုထဲကို ရောက်နေရင်
ဆန္ဒပြနေစရာမလိုပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ မေးခွန်းတွေကို
တိုက်ရိုက်မေးနိုင်လို့ပဲ ဖြစ်တယ်။
လွန်ခဲ့တဲ့ ၂နှစ်က
ကျွန်တော်ဟာ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ဒီနိုင်ငံကို ပထမဆုံးအကြိမ်
ရောက်လာခဲ့တယ်။ ကျွန်တော်တို့ကို ဖော်ဖော်ရွေရွေ၊ ပျူပျူငှာငှာ
နှုတ်ဆက်ခဲ့တဲ့အတွက်အလေးအနက် ခံစားမိပါတယ်။ နှစ်နိုင်ငံလုံးရဲ့ အလံတွေကို
ဝှေ့ယမ်းနှုတ်ဆက်နေတဲ့ ကလေး လေးတွေကို မြင်ခဲ့ရတယ်။ ပြီး တော့ ကျွန်တော်ဟာ
ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကွဲပြားခြားနားတဲ့ ဓလေ့ထုံးစံတွေကို
တွေ့မြင်ရပြီး စိတ်အားတက်ကြွမိခဲ့တယ်။ ကွဲပြားတဲ့ ယုံကြည်မှု၊
လူ့အဖွဲ့အစည်းအသီးသီးရဲ့ မတူညီတဲ့ဘာသာရေးဆိုင်ရာနေရာတွေက
ကျွန်တော်ကမ္ဘာပတ်ပြီး ခရီးသွားခဲ့တယ်။ ဥရောပကနေအာဖရိက၊ တောင်အမေရိကပြီး
တော့ အရှေ့တောင်အာရှကိုပေါ့။အဲဒီအခါ ကျွန်တော်သဘောကျ တဲ့ အရာတွေထဲက တစ်ခုဟာ
လူငယ်လူရွယ် ယောက်ျားလေး၊ မိန်းကလေးတွေနဲ့ တွေ့ဆုံရတာ ပါပဲ။
ခင်ဗျားတို့လိုပေါ့။ အစည်း အဝေးခန်းမကြီး တစ်ခုမှာ တွေ့ဆုံရတဲ့အခါ ပိုပြီး
ပျော်စရာကောင်းပါတယ်။ ပြီးတော့ ပိုပြီးလည်း အရေးပါလာတယ်။
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဟာ ဒီနိုင်ငံနဲ့ ဒီဒေသရဲ့ အနာဂတ်ကို အဆုံး
အဖြတ်ပေးရမယ့် ငယ်ရွယ်တဲ့ ခေါင်းဆောင်လေးတွေ ဖြစ်နေလို့ ပဲ။ ဒီတော့
ကျွန်တော်က ကိုယ့်ရဲ့ ရည်ညွှန်းမှတ်ချက်တွေကို လိုရင်းရောက်အောင်
တိုတိုတုတ်တုတ်ပဲပြောမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ခင်ဗျားတို့ဆီက
မေးခွန်းတွေနဲ့ မှတ်ချက်တွေကို ရနိုင်သမျှ လိုချင်လို့ပါ။
အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတအနေနဲ့ ကျွန်တော်ဟာ အမေရိကန်နဲ့
အရှေ့တောင်အာရှ ဒေသရဲ့ ဆက်ဆံရေးကို ပိုပြီး နက်ရှိုင်းလာအောင်
အလေးထားလုပ်ဆောင်ပါတယ်။ ပြီးတော့အရှေ့တောင်အာရှရဲ့ လူငယ်လူရွယ် တွေနဲ့ပေါ့။
ကျွန်တော့်လုပ်ဆောင်မှုမှာ သာမန်ထက်ပိုတဲ့အကြောင်းပြချက်တေ
အရှေ့တောင်အာရှလူငယ်စွမ်းရည် အစီအစဉ်ကို ကျွန်တော်အကောင်အထည်ဖော်ပေးခဲ့တ
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အမေရိကန်သမ္မတအဖြစ်စပြီး ကျွန်တော်တာဝန်ယူတော့
ကျွန်တော်ပြောခဲ့တယ်။ အမေရိကန်ဟာ လက်သီးဆုပ်ထားတာကို
ဖြေချလိုက်တဲ့ဘယ်လိုနိုင်ငံကိုမ
ဒါပေမဲ့ ပြုပြင်တိုးတက်မှု
ခရီးရှည်ကြီးဟာ တစ်ညတည်းနဲ့ အပြီး မသတ်နိုင်မှန်း ကျွန်တော်တို့သိ တယ်။
အတားအဆီး၊ အနှောင့် အယှက်တွေ၊ အစပြုပုံ အမှားတွေ ရှိလိမ့်မယ်။
နောက်ပြန်သွားတဲ့ ကိစ္စတွေလည်း ရှိကောင်းရှိမယ်။ အမေရိကန်ရဲ့ ၂၃၈ နှစ်ကြာ
သမိုင်းကြောင်းမှာလည်း ဒီအဖြစ် တွေအမှန်တကယ်ကြုံခဲ့ဖူးတယ်။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်အတွင်းမှာ
တွေ့ကြုံခဲ့တယ်။ ကျွန်တော်တို့ဟာ တိုး တက်မှုတချို့ကို တွေ့မြင်ခဲ့ရပြီ။
ဒီတိုးတက်မှုတွေကို အသိအမှတ် ပြုသင့်တယ်။
ကျွန်တော်တို့
သိထားပြီးသားပါ။ ဒါပေမဲ့ တကယ်တမ်းအချက်အလက်တွေအရ နိုင်ငံရေး အကျဉ်းသားတွေ
လွတ်မြောက် လာတယ်။ လူတွေက နိုင်ငံရေးဆွေးနွေးမှုတွေမှာ
ပိုပြီးတော့ပါဝင်လာတယ်။ လွှတ်တော်တစ်ရပ်ရှိလာပြီ။ အရပ်ဘက်အဖွဲ့ အစည်းတွေ
ထွက်ပေါ်လာတယ်။ ဒီလို အခြေအနေတွေ ရှိပေမယ့်တချို့သော ပြုပြင်ပြောင်းလဲမှု
တွေကတော့ လုံလောက်တဲ့ မြန် ဆန်တိုးတက်မှု မရှိသေးဘူး။ သတင်းမီဒီယာသမားတွေ၊
လူ နည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်တိုက်ခိုက်မှုတွေ ရှိနေသေးတယ်။
အမေရိကန်အနေနဲ့ ရခိုင်ပြည် နယ်နဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှု ကဏ္ဍအတွက်
အလေးအနက် စိုးရိမ်နေဆဲ ဖြစ်တယ်။လူနည်းစုတချို့ဟာ ခွဲခြားဆက် ဆံမှုနဲ့
ဖိနှိပ်အနိုင်ကျင့်မှုတွေကို ခံစားနေရတုန်းပဲ။
ဒီခရီးစဉ်မှာ
ကျွန်တော်ဟာ သမ္မတ ဦးသိန်းစိန်ရယ်၊ ဒေါ် အောင်ဆန်းစုကြည်ရယ်နဲ့
တွေ့ဆုံခဲ့တယ်။ ပြီးတော့ လွှတ်တော်အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်း
ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖြစ်ခဲ့တယ်။ ကျွန်တော်တို့
အဓိကဆွေးနွေးခဲ့တာက လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို အသေအချာလေးစားတန်ဖိုး ထားဖို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ပြည်သူ
တွေဟာ ဒေသတွင်းမှာရော ကမ္ဘာပေါ်မှာပါ သူတို့နဲ့ မှန်ကန်ထိုက်တန်တဲ့ နေရာကို ရောက်ရှိနိုင်လိမ့်မယ်။ နောက်ပြီးကျွန်တော်ဂုဏ်ယူစွာနဲ့
ဒါကြောင့် တိုးတက်ပြောင်း လဲမှုတွေကတော့ မလွဲဧကန် ဖြစ် လာမှာပဲ။
သမိုင်းကြောင်းဟာ အမြဲတမ်းရှေ့ကို ချီတက်နေတာမဟုတ်ဘူး။
သမိုင်းဟာတစ်ခါတလေဘေးကို ယိုင်သွားတတ်တယ်။ တစ်ခါတလေ
နောက်ပြန်ဆုတ်သွားနိုင်တယ်။ နှစ်ပေါင်းများစွာ
ပဋိပက္ခတွေဖြစ်ခဲ့ပြီးတဲ့အချိန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်တဲ့အခါ
အချိန်ယူရမှာပဲ။ အတိတ်ကိုပြန်ကြည့်ပြီး ဖြစ်ရပ်ဆိုးတွေကြောင့်ရလာတဲ့အနာ
ပါဝင် ကူညီဆောင်ရွက်မှုတွေလည်း လိုအပ်ပါတယ်။
အမေရိကန်ပြည်သူတွေက အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေဆိုတာဟာ
အလကားရလာတာမဟုတ်မှန်း သိကြတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊
စိတ်မသက်မသာဖြစ်မှုတွေကိုယုံကြည်
အခု ကျွန်တော်နားလည် ထားတဲ့ မြန်မာစကားပုံ တစ်ခုရှိ တယ်။
ကျွန်တော်ပြောမယ့်စကား မှန်၊ မမှန်သေချာအောင် အရင် လုပ်လိုက်ဦးမယ်။
ငုပ်မိသဲတိုင် . . . ကျွန်တော့်ကို ကူကြပါဦး။ အဲဒါ မှန်ရဲ့လား။
တက်နိုင်ဖျားရောက်။ (လက်ခုပ်သံများ)
မြန်မာစကားကို နားမလည်တဲ့
ကျွန်တော်အပါအဝင် (ရယ်သံများ) အမေရိကန်တွေအတွက် ကတော့ ဒီစကားရဲ့ အဓိပ္ပာယ်ဟာ
ရေထဲကို ငုပ်လျှိုးသွားမယ်ဆိုရင် အောက်ခြေသဲမြေထိ ရောက်ရပါ မယ်။ အမြင့်ကို
တက်မယ်ဆိုရင် ထိပ်ဆုံးနေရာထိ ရောက်ရပါ မယ်။ မဆုတ်မနစ်အားထုတ်မှု ကို
ထိန်းထားရမယ်ဆိုတဲ့ သဘောပါ။
အမေရိကန်ဟာ ဒီနိုင်ငံနဲ့
ဒီဒေသရဲ့ လူငယ်လူရွယ်တွေကို သူတို့ မျှော်လင့်တဲ့ အမြင့်ဆုံးနေ ရာ
ရောက်တဲ့အထိ တက်နိုင်ဖို့ အတွက် ကူညီသွားဖို့ စိတ်ပိုင်း ဖြတ်ထားပါတယ်။
ဒီနိုင်ငံအပေါ် ကျွန်တော်တို့ ယုံကြည်ထားတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဒီကို နှစ်ကြိမ်တိုင်တိုင် ရောက်ခဲ့ တာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ အခြေခံတွေဖြစ်တဲ့
တာဝန်ယူနိုင် တဲ့ တုံ့ပြန်နိုင်တဲ့ အနာဂတ်မျိုးကိုတွေ့မြင်နေရလို့ပ
ဒါကြောင့် ကျွန်တော်တို့ ဟာ ဒီနိုင်ငံအပေါ် စွန့်စားရွေး ချယ်ခဲ့တယ်။
ဒါ့အပြင် ဒီဒေသတစ်ခုလုံးကိုလည်း စွန့်စားရွေးချယ်လိုက်တယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကွဲပြားတဲ့ နိုင်ငံတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊
တိုင်းရင်းသားမျိုးနွယ်တွေဟာ အတူတကွ ပေါင်းစည်းလာပြီး အပြင်လောကရဲ့
စိန်ခေါ်မှုတွေကို ဦးတည် ရင်ဆိုင်လာကြတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
လူ့အခွင့်အရေး၊ ပညာရေးအဆင့် မြှင့်တင်မှု၊ ဆင်းရဲမွဲတေမှု
တိုက်ဖျက်ရေး၊လုပ်ငန်းခွင် နယ်ပယ်၊ အစိုးရနဲ့ အသင်းအဖွဲ့တွေမှာ
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်တွေကို
တွန်းလှန်နိုင် စွမ်းမြှင့်တင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
စတာတွေမှာ နောက်ထပ် လူငယ်တွေဟာ ခင် ဗျားတို့ရဲ့ ခြေရာကို လိုက်နင်းရ မယ်။
ကောင်းမွန်တဲ့ ပညာသင်ယူမှုနဲ့ အခွင့်အလမ်းတွေ ရှိရ မယ်။
ငယ်ရွယ်တဲ့
ခေါင်းဆောင်တွေဟာ ဒေသတွင်းမှာ ရှိနေတဲ့ ကွဲပြားခြားနားမှုတွေကို
အားနည်းချက် တစ်ခုအနေနဲ့ လက်ခံယုံကြည်ရမှာ မဟုတ်ဘူး။ ခွန်အားတစ်ရပ်လို့
ခံယူရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်ဦးချင်းအရ ကွဲပြားခြားနားမှုတွေ
အများကြီး ရှိတယ်ဆိုတာကို သတိပြုရမယ်။ မတူညီတဲ့ ဓလေ့ထုံးစံတွေ၊
လူ့အသိုက်အဝန်းတွေပေါ့။ ဒါပေမဲ့ကျွန်တော်တို့ဟာအတူတကွ ပေါင်းစည်း
လုပ်ဆောင်တဲ့အခါပိုပြီး သန်မာ အားကောင်းလာလိမ့်မယ်။
ဒီတော့ ဒီဒေသ၊
ခင်ဗျားတို့ ဒေသရဲ့ အနာဂတ်ကို စစ်အာဏာရှင်၊ ဒါမှမဟုတ် စစ်တပ်ရဲ့
အလိုအတိုင်း ဖော်ဆောင်ရမှာ မဟုတ်ဘူး။ ဒီဒေသရဲ့ အနာဂတ်ကို
စွန့်ဦးလမ်းပြသူတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည်
ဖော်သူတွေက ဖန်တီးရမှာ ဖြစ်တယ်။ ခင်ဗျားတို့ဟာ အဲဒီအရာတွေကို လက်တွေ့
လုပ်ဆောင်ရမယ့် ခေါင်းဆောင်တွေ ဖြစ်လာရမယ်။ ခင်ဗျားတို့ရဲ့ မျိုးဆက်ဟာ
လူ့အသိုင်းအဝိုင်းကို ပုံဖော်ရာမှာ တခြားအရင် မျိုးဆက် အားလုံးထက်
ပိုပြီးတော့ အလားအလာကောင်း တွေ ပိုင်ဆိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့
ခင်ဗျားတို့မှာ နေရာတိုင်းက စွမ်းအားနဲ့ ဗဟုသုတတွေ ရှိနေလို့ပဲ။
ခင်ဗျားတို့မှာ မိဘတွေ၊ ဘိုးဘွားတွေထက် ပိုင်းခြားသိမြင်နိုင်စွမ်းနဲ့
အတွေ့အကြုံကောင်းတွေ ပိုများလာတယ်။ ပြီးတော့ ခင်ဗျားတို့ဟာ အခုအချိန်မှာ
ဒီဒေသကြီး တစ်ခုလုံးအ ပြင် တစ်ကမ္ဘာလုံးက လူငယ်တွေ နဲ့ အတွေ့အကြုံ၊
ဗဟုသုတတွေ မျှဝေဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပြီ။ လွန်ခဲ့တဲ့ နှစ် ၂၀၊
ဒါမှမဟုတ် နှစ် ၅၀ လောက်က ဒါမျိုး မဖြစ်နိုင်ဘူးလေ။
လမင်းဦးဟာ
မြန်မာနိုင်ငံသားတွေရဲ့ ဇာတ်ကြောင်းကို ပြောပြနိုင်ဖို့ သူ့ရဲ့အင်အားကို
အသုံးချခဲ့တယ်။ အမေရိကန်က ဂတ်တီစ်ဘာ့ဂ် ကောလိပ်မှာ သူပညာသင်ယူခဲ့တယ်။
Facebookကနေ စောင့်ကြည့်ရင်း သိလာတဲ့အပြောင်းအလဲတွေက မွေးရပ်မြေကို
ပြန်သွားဖို့ သူ့ကို လှုံ့ဆော်ပေးခဲ့တယ်။ နောက်တော့ မြန်မာ့လယ်သမားတွေရဲ့
အခက်အခဲ တွေအကြောင်း ဖော်ပြထားတဲ့ ဆုရ Documentary တစ်ခုကို
ဖန်တီးနိုင်ခဲ့တယ်။ ပြီးတော့ သူကပြောခဲ့တယ်။ ‘‘ကျွန်တော့် နိုင်ငံဟာ
နှစ်ပေါင်းများစွာ တံခါးပိတ်နေခဲ့တယ်။ နောက်ထပ် ပြောပြစရာ ဇာတ်လမ်းတွေ
အများကြီး ရှိသေးတယ်’’ဆိုတာပါပဲ။ ဒီတော့ ခင်ဗျားတို့ လူငယ်တွေမှာ ပြောစရာ
ရှိတာတွေကို ပြောပြဖို့ အခွင့်အရေးရှိတယ်။ ဒီလို ဇာတ်လမ်းတွေကို
ပြောပြရမယ်။ ခင်ဗျားတို့မှာ ဒီမိုကရေစီ အစိုးရ တစ်ရပ်အတွက် အရမ်းအရေးပါတဲ့
ဖွဲ့ စည်းအုပ်ချုပ်ပုံ ဥပဒေတွေကို တိုး တက်လာအောင်
မြှင့်တင်လုပ်ဆောင်နိုင်တဲ့ စွမ်းအားမျိုး ရှိတယ်။ ပြီးတော့ အရပ်ဘက်
အဖွဲ့အစည်းတွေ၊ သမာသမတ်ကျတဲ့ တရားစီရင်မှုစနစ်၊ လွတ်လပ်တဲ့ သတင်းထုတ်ပြန်မှု၊
ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတွေ ဖော်ဆောင်ဖို့က အစပေါ့။ ဒါတွေကို
တည်ဆောက်ဖို့က ဒီနိုင်ငံမှာအရမ်းလိုအပ်နေတယ်။
မြန်မာလို
နိုင်ငံမျိုးတွေမှာ ခင်ဗျားတို့ လူငယ်တွေက အဲဒီလို နည်းလမ်းတွေကနေ
ပါဝင်ကူညီဖို့ဆိုတာ အရမ်းအရေး ပါတယ်။ ခင်ဗျားတို့ကို ဥပမာတစ်ခုလောက်
ပြောပြပါရစေ။ ရိုင်ယန်လူးဝစ်မက်ဒရစ်ဟာ ဂျာနယ်လစ် တစ်ယောက်ဖြစ်လာဖို့
အိပ်မက်မက်ခဲ့သူဖြစ်တယ်။ သူချစ်မြတ်နိုးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ
တိုင်ဖွန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ပြီးတဲ့ နောက် အပျက်အစီးတွေကြား
မတ်တတ်ရပ်နေတဲ့ အချိန်မှာ သူ ဟာ ကိုယ့်နိုင်ငံသားတွေနဲ့အတူ ပြန်လည်
တည်ဆောက်ရေး ကဏ္ဍရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ဖို့ ရွေးချယ်ခဲ့တယ်။
ဒီနေ့မှာတော့ သူကိုယ်တိုင် ပါဝင်ပူးတွဲ တည်ထောင်ထားတဲ့ အဖွဲ့အစည်း ဟာ
ဆိုလာအမိုးပြားတွေ ဖြန့်ဝေပြီး လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုနဲ့ ပြန်လည်
နာလန်ထမှု အတွက် ကူညီပေးနေပါပြီ။ သူဟာကိုယ်ပိုင် ကျွမ်းကျင်မှုတွေကို
အသုံးချပြီး တခြား ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေက လူငယ်တွေကို
ကိုယ့်နိုင်ငံ၊ကိုယ့်ပြည်သူတွေက
ပြီးတော့ ဝေဝေနုဟာ နိုင်ငံရေး အကျဉ်းသား တစ်ယောက်အနေနဲ့ သူ့ရဲ့ငယ်ဘဝ
သက်တမ်းခုနစ်နှစ်လောက်ကို သံတိုင်တွေနောက်မှာ ဖြတ်သန်းခဲ့ရတယ်။
အဲဒီအချိန်တွေကို ဘဝရဲ့ တက္ကသိုလ်လို့ သူက ခေါ်ခဲ့တယ်။ ဒီနေ့မှာတော့ သူဟာ
အဲဒီလို ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ တက္ကသိုလ်ဘွဲ့မျိုးကို သည်းခံနိုင်မှု
စွမ်းရည်အတွက် လက်တွေ့ အသုံးချနေပြီ။သူပြောတာက “ကျွန်မတို့ဟာ လည်း
အကြောင်းတရား တစ်ခုတည်းအတွက် အရာများစွာကို စတေးခဲ့ရတယ်။ အဲဒါ
ဒီမိုကရေစီပဲ”တဲ့။
မုန်းတီးမှုတွေကို ကျော်လွှားဖို့အတွက်
ခင်ဗျားတို့မှာ အခွင့်အရေးရှိတယ်။ ချုပ်တည်းမှုထက် လွတ်မြောက်မှုဆီ
သေချာဦးတည်နိုင်အောင် လုပ်ဆောင်ပါ။ ခင်ဗျားတို့ တိုင်းပြည်ကို
အုပ်ချုပ်နေတဲ့ အကြောင်းတရားဟာ ကြောက်ရွံ့ခြင်းထက် မျှော်လင့်ချက် ဖြစ်နေတာ
သေချာအောင် လုပ်ပါ။ ခင်ဗျားတို့ဟာ ကိုယ့်နိုင်ငံကို ကွဲပြားပြီး
သစ်လွင်တဲ့ လမ်းကြောင်းတစ်ခုပေါ် သတ်မှတ်ပေးနိုင်တဲ့ စွမ်းအားမျိုး
ရှိပါတယ်။
အမေရိကန်က ခင်ဗျားတို့ကို လက်တွဲဖော်အဖြစ် အလိုရှိနေတဲ့
အကြောင်းတရား အားလုံးက ဒါပါပဲ။ ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အနာဂတ်ကို
ကိုယ်တိုင်ပုံဖော်ရာမှာ အတတ်နိုင်ဆုံး နည်းလမ်းမျိုးနဲ့ ကူညီပေးချင်တယ်။
ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် ခင်ဗျားတို့ လိုအပ်တဲ့ ကိရိယာတွေ၊
အဆက်အသွယ်တွေ၊ အရင်းအမြစ်တွေကို ပိုင်ဆိုင်လာဖို့ ကျွန်တော်တို့က
လိုလားတယ်။
ဒီတော့ ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့
လမ်းကြောင်းတစ်ခုက ကျွန်တော့် အနေနဲ့ YSEALIကို ထင်ရှားမြင်သာတဲ့
တိုးချဲ့မြှင့်တင် မှု တစ်ခုနဲ့ ကြေညာလိုက်တာပါပဲ။ ဒီအသိအမြင် ဖလှယ်ရေး
အစီအစဉ်အရ အရှေ့တောင်အာရှ နိုင်ငံတွေက လူငယ်ခေါင်းဆောင် ၅၀၀ကို နှစ်စဉ်
အမေရိကန် ပြည်ထောင်စုဆီ ဖိတ်ခေါ်ပါတယ်။ ဒီလူငယ်တွေက သူတို့ရဲ့ ခေါင်းဆောင်မှု
ပရော်ဖက်ရှင်နယ် စွမ်းရည်တွေ၊ အပြန်အလှန် ချိတ်ဆက် လုပ်ဆောင်မှုတွေ၊
အတွေ့အကြုံနဲ့ အတွေးအခေါ် ဖလှယ်မှုတွေ လုပ်ဆောင်ကြတယ်။ ပြီးရင်တော့
ကိုယ့်ဒေသနဲ့ ကမ္ဘာကြီးကို ပြောင်းလဲဖို့အတွက် ပိုမိုကောင်းမွန်တဲ့
ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ နေရပ်ကို ပြန်သွားကြပါတယ်။
ဒီလူငယ်တွေထဲက တချို့ဟာ သီတင်းငါးပတ်တာ ကာလအတွင်း အမေရိကန်ရဲ့
အကောင်းဆုံးသော တက္ကသိုလ် တချို့က လမ်းညွှန်သင်ပြမှုတွေကြောင့်
အကျိုးဖြစ်ထွန်းခဲ့ပါလိမ့်မယ်။ စွန့်ဦးတီထွင်မှု၊ သဘာဝပတ်ဝန်းကျင်
စောင့်ရှောက်မှု၊ လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးလို ကဏ္ဍတွေမှာပေါ့။
တချို့တွေကတော့ အမေရိကန် ပြည်ထောင်စုအတွင်းက ဒေသဆိုင်ရာ
အစိုးရအဖွဲ့အစည်းတွေ၊ NGO တွေကပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ်တွေနဲ့
အလုပ်တွဲလုပ်ခွင့်ရပါလိမ့်မယ်။ ပြီးတော့ ဒီအစီအစဉ်မှာ ခင်ဗျားတို့တွေဘက်က
အကျိုးအမြတ်ရှိသလိုပဲ ခင်ဗျားတို့ အမေရိကန်မှာ ရှိနေစဉ် အတောအတွင်း
အမေရိကန် ပြည်သူတွေကလည်း ခင်ဗျားတို့ဆီကနေပြန်သင်ယူရတာတေ
အမေရိကန်ကနေ အတွေးအခေါ်သစ်တွေ၊ အတွေ့အကြုံ သစ်တွေ ပိုင်ဆိုင်ပြီး
နေရပ်ပြန်သွားတဲ့အခါ ကျွန်တော်တို့ရဲ့ သံရုံးတွေနဲ့ USAID အဖွဲ့တွေက
ခင်ဗျားတို့ရဲ့ အိပ်မက်တွေ လက်တွေ့ အမှန်တကယ် ဖြစ်လာနိုင်အောင် လိုအပ်တဲ့
အထောက်အပံ့ နဲ့ အရင်းအမြစ်တွေ ကူညီပံ့ပိုးပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မှာ
ကျွန်တော်က ဂုဏ်ယူစွာနဲ့ ကြေညာချင်တာက အမေရိကန်ဟာ နှစ်စဉ်နှစ်တိုင်း
ဒီဒေသအတွင်းမှာ YSEALI အစည်းအဝေးတွေ ကျင်းပဖို့အတွက် နှိုးဆော်ဖိတ်ခေါ်တယ်
ဆိုတာပါပဲ။ လူငယ်တွေအနေနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို အပြန်အလှန်
ဝေမျှဖို့ အခွင့်အရေးမျိုး ပေးအပ်ချင်တယ်။ ပြီးတော့ သူတို့အချင်းချင်း
ချိတ်ဆက်ထားတဲ့ ကွန်ရက်ကို ပိုပြီးတော့ ပြီးပြည့်စုံလာစေချင်ပါတယ်။
ဒီတော့ ခင်ဗျားတို့ထဲက တချို့ဟာ ဒီအခွင့်အရေးကို ရယူနိုင်လိမ့်မယ်လို့
ကျွန်တော် မျှော်လင့်တယ်။ ခင်ဗျားတို့ထဲက အများစုဟာ ကျောင်းသားဘဝက
ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ (ဒေါ်)
အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့ရဲ့ နေရာကို ဆက်ခံဖို့၊
တည်ငြိမ်အေးချမ်းပြီး ကြွယ်ဝချမ်းသာတဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့
အရှေ့တောင်အာရှရဲ့ ခေါင်းဆောင်တွေအဖြစ် ခင်ဗျားတို့အတွက်
မှန်ကန်သင့်တော်တဲ့ နေရာကို ရယူကြဖို့ ကျွန် တော်မျှော်လင့်တယ်။
ခင်ဗျားတို့ သာ အဲဒီအတိုင်း လုပ်ဆောင် မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုထက်
ပိုကောင်းတဲ့ မိတ်ဆွေနဲ့ လက်တွဲဖော်မျိုး ထပ်မရှိနိုင်ဘူးဆိုတာ ကျွန်တော်
ကတိပေးတယ်။
ကဲ၊ ကျေးဇူးအများကြီးတင် ပါတယ်။ (ကျေးဇူးတင်ပါတယ်
မြန်မာဘာသာဖြင့်) အခုကျွန် တော်ခင်ဗျားတို့ဆီက မေးခွန်းတွေကို
လိုချင်ပါတယ်။ (လက်ခုပ်သံများ)။။
7daydaily
Tuesday, November 18, 2014
အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ
Unknown /  at 5:35 PM /  No comments
Share
Posted in: News
Posted on: Tuesday, November 18, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
November 16 - November 23
- ၂၀၁၅ ရွှေးကောက်ပွဲ သန့်ရှင်းမျှတမှုရှိရန် မုံရွာတွင်...
- စကားကြီးဆယ်ခွန်း
- ;ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ
- ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ထေရုပ္ပတ္တိအကျဉ်း
- ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲ FIFA U20 World Cup 2...
- မိဆင်းရဲ -- (တင်မိုး)
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မြန်မာနှင့်ဆူဇူကီးဖလားအုပ်စုတွင်း ပြိုင်ဘက်များ
- ၂၀၁၃-၁၄ လာလီဂါအကောင်းဆုံးဘောလုံးသမားဆု၊ အကောင်းဆုံ...
- အောင်မြင်မူတွေကို ထွေးပိုက်ပြီးတဲ့ အခါ
- ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ
- တိုက်ခန်းပေါင်း ရှစ်ရာကျော်ပါဝင်သည့် တန်ဖိုးမျှအိမ...
- ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး မြို့နယ်ဆု ဝင်ပြိုင...
- ဆိုင်ကယ်စီးဦးထုပ်ဆောင်းရင် အမှတ်တရလက်ဆောင်ရတဲ့ မု...
- ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်
- တကယ်တော့ အမေဆိုတာ
- အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ
- ဦးထင်လင်းဦးကို မဘသ လမ်းညွှန်မှုဖြင့် ဝံသာနုရက္ခတအဖွ...
-
▼
November 16 - November 23
0 comments: