Tuesday, November 18, 2014

တကယ်တော့ အမေဆိုတာ

Unknown  /  at  5:36 PM  /  No comments

သင့်အမေက ၉ လလောက် ဝမ်းထဲမှာ လွယ်ပြီး ၁၀ လမြောက်လောက်မှာ မွေးတယ်။ အဲဒီ ၉ လအတွင်းမှာ
(၁) ပျို့အန်တယ်။
(၂) အစားရှောင်ရတယ်။
(၃) အနေအထိုင်၊ အသွားအလာ ဆင်ခြင်ရတယ်။
(၄) ကျန်မာရေးကိုလည်း ဂရုစိုက်ရပါ သေးတယ် အစဖြင့် အများကြီး ရှိပါတယ်။
အမေဟာ သင်၏
(၁) အကောင်းဆုံး မိတ်ဆွေ
(၂) အကောင်းဆုံး သူငယ်ချင်း
(၃) အကောင်းဆုံး ပဲ့ကိုင်ရှင် ဖြစ်ပါတယ်။
အမေဟာ သူမ၏ ဝမ်းထဲမှာ သင်ရှိနေပြီ ဆိုတဲ့အသိ ရှိနေစဉ် ကတည်းက သင့်ကို ဂရုစိုက် လာလိုက်တာ ယနေ့ထိ တိုင်ပေါ့။ သူမပင်ပန်းတာတွေကို သင်မသိခဲ့ဘူး။ သူမဟာ သင့်ကို လူတော် လူကောင်းတစ်ယောက်ဖြစ်စေ ချင်တယ်။ ပညာတွေ တတ်စေချင်တယ်။ ဘဝမှာ အပှုအပင်တွေ ကင်းဝေး စေချင်တယ်။
ဒါဟာ သူမက သင့်အပေါ်မှာ ထားတဲ့ စိတ်ဆန္ဒလေးတွေပါ။ ယခု သင့်အမေ အတွက် ဘာတွေများ လုပ်ပေးပြီးပြီးလဲ။ ဘယ်လောက်များ ကျေးဇူး ဆပ်ပြီးပြီးလဲ။ အချိန်မီသေး ပါတယ်။ သင့်အမေ အတွက် တစ်ခုခုတော့ ပြန်လည်ပေးဆပ် လိုက်ပါ။

ကျော်လင်းနိုင်

Share
Posted in: Posted on: Tuesday, November 18, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.