Tuesday, November 18, 2014

ဆိုင်ကယ်စီးဦးထုပ်ဆောင်းရင် အမှတ်တရလက်ဆောင်ရတဲ့ မုံရွာက Campaign

Unknown  /  at  5:39 PM  /  No comments




မုံရွာမြို့အနီးတ၀ိုက်မှာ ဆိုင်ကယ်ဦးထုပ်ကို စည်းကမ်းတကျ ဆောင်းပြီး စီးလာတဲ့ ခရီးသွားတွေကို အဖွဲ့ဝင် ၃၀ ကျော်လောက် ပါဝင်တဲ့ မုံရွာမြို့က ပရဟိ လူငယ်တွေအဖွဲ့က အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေ ပေးပြီး စည်းရုံးလှုံဆော်မှုတွေ လုပ်နေပါတယ်။

ဒီလှုံဆော်မှုလေးကို We are Citizen (ကျနော်တို့ဟာ နိုင်ငံကြီးသားတွေမို့ ဆိုင်ကယ်စီးရင်း ဦးထုပ် ဆာင်းကြစို့) လို့ ခေါင်းစဉ်ပေးထားပါတယ်။

ဒါဟာ မုံရွာမှာရှိတဲ့ ဆိုင်ကယ်စီးသူတွေ နေ့တိုင်း အများဆုံးတွေ့ကြုံနေရတဲ့ ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုနှုန်းတွေ ဒီမတော်တဆကြောင့် လူသေမှုနှုန်းတွေကို လျော့ချချင်တဲ့ ရည်ရွယ်ချက်ပါတဲ့။

“အဲ့ဒါကြောင့် ဦးထုပ်ဆောင်းဖို့အတွက် ဆွဲဆောင်တဲ့ အနေနဲ့ ကျနော်တို့က ဦးထုပ်ကို စည်းကမ်းတကျပေါ့ ဆောင်းတဲ့အခါမှာ မေးသိုင်းကြိုးတပ်ပြီး တကယ့် စည်းစနစ်တကျ စည်းနဲ့ကမ်းနဲ့ ဆိုင်ကယ်မောင်းတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့ တီရှပ်လေးတွေဝေတယ်။ လက်ဆောင်ပစ္စည်းလေးတွေပေးတယ်။ နောက် ဆိုင်ကယ်တွေမှာ We are Citizen ဆိုတဲ့ တံဆိပ်ပါတဲ့ စတစ်ကာလေးတွေ ကပ်ပေးတယ်။ သူတို့ဘာကြောင့် ဦးထုပ်ဆောင်းရ သလဲဆိုတဲ့ စစ်တမ်းလေးတွေကောက်တယ်။ ရလာတဲ့ စစ်တမ်းလေးတွေပေါ် မူတည်ပြီး ကျနော်တို့က နောက် ထပ် ဘာတွေ ဆက်လှုပ်ရှားမှုတွေ လုပ်သွားမလဲဆိုတာ တွေးပြီး ဆက်လုပ်သွားမှာပါ။” လို့ ဒီ campaign မှာ ပါဝင်တဲ့ ကိုကျော်ဝေဖြိုး(The Villager) က ပြောပါတယ်။

ဒါကို လုပ်နေတာ နှစ်လနီးပါးရှိပြီး အကြိမ်အရေအတွက်အားဖြင့် သုံးကြိမ်၊ အကျီအထည်ပေါင်း ၂ ရာကျော် ၃ ရာလောက်အထိ ဝေပြီး စာရင်း ကောက်နိုင်သွားပါပြီတဲ့။

ဘယ်လိုနေရာတွေမှာ လုပ်နေသလဲဆိုတော့ မုံရွာမြို့နယ်တ၀ိုက်မှာရှိတဲ့ ဥပမာ-ရဲတွေ ဘာတွေ ဖမ်းလေ့မရှိ တဲ့နေရာဆိုရင် ဆိုက်ကယ်ဦးထုပ် အများအားဖြင့် ဆောင်းလေ့မရှိကြပါဘူး။ အဲ့လို နေရာပတ်ဝန်းကျင်တွေကို အဖွဲ့ဝင်တွေအနေနဲ့ ရှောင်တခင် လှည့်လည်စောင့်ကြည့်ပြီးတော့ လက်ဆောင်တွေ ပေးနေတာပါလို့ ဆိုပါတယ်။

“ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူတွေကိုတော့ လွှတ်တယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ကျတော့ ကျနော်တို့ target ထဲမှာ မပါဘူး။ ကျနော်တို့ကတော့ စည်းကမ်းတကျ ဦးထုပ်ဆောင်းပြီးတော့ စီးတဲ့သူတွေ ကိုပဲ ကျနော်တို့က တားပြီးတော့ ဂုဏ်ပြုတာပါ။ ဦးထုပ်ဆောင်းတာကို အသိအမှတ်ပြုတယ်၊ ဂုဏ်ပြုတယ် ဆိုတဲ့ သဘောပေါ့။ သူတို့ကနေမှတဆင့် စည်းရုံးတယ်။ သူတို့လက်ဆောင်တွေရသွားရင် တခြားသူတွေကို လည်းပြောပေးပါ။ နောက်လည်း အခုလို ဦးထုပ်နဲ့ စည်းကမ်းတကျဆောင်းပေးပါဆိုပြီး သူတို့ကို တိုက်တွန်း လိုက်ပါတယ်။” လို့ သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပါတယ်။

သူတို့ရဲ့ လှုံဆော်မှုအပေါ် စိတ်ဝင်တစားနဲ့ လိုက်ပါဆောင်ရွက်လာနိုင်တဲ့ ဆိုင်ကယ်စီးသူတွေ တိုးလာ တယ်လို့လည်း ဆိုပါတယ်။

ဒါကို စတင်တဲ့ ခေါင်းဆောင်တွေက ကိုယ့်အိတ်ကိုယ်စိုက်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် စ လှုပ်ရှားခဲ့တာ အခုဆိုရင် ပါဝင်လှူဒါန်းချင်တဲ့ အလှူရှင်တွေလည်း ပေါ်လာပါပြီတဲ့။

ဒီလှုံဆော်မှုကို ကလေး၊ မန္တလေးနဲ့ နေပြည်တြော်မို့တွေမှာလည်း စတင်လုပ်ဆောင်ဖို့ ကြိုးစားနေပါပြီ။

ဒီလို ဆိုင်ကယ်ဦးထုပ်ဆောင်းစီးဖို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတရပ်ကို လုပ်ဆောင်နေတဲ့ လူငယ်ပြည်သူ တွေအနေနဲ့ မော်တော်ပီကယ် ရဲကြီးတွေကို ဘာပြောချင်ပါသေးလဲလို့ မေးကြည့်တော့

“သူတို့ကတော့ စည်းကမ်းပိုင်းဆိုင်ရာနဲ့ ကိုင်တွယ်တာပေါ့ဗျာ။ သူတို့လည်း မလုပ်တာတော့ မဟုတ်ဘူး လုပ်ပါတယ်။ မန္တလေးမှာဆိုလည်း အခု ဖမ်းတာဆီးတာတွေ လုပ်နေတယ်။ ဒါပေမယ့် သူတို့ကျတော့ ဘယ်ရှုထောင့်က သွားသလဲဆိုတော့ အပြစ်ပေးတယ်ဆိုတဲ့ ရှုထောင့်ကပဲ သွားတယ်။ အဲ့ဒါကို ကျနော်တို့က သတိထားမိတယ်။ အပြစ်ပေးတယ်ဆိုတော့ ကြောက်လို့ပဲဆောင်းရတဲ့သဘောပဲရှိတယ်။ အမှန်ဖြစ်ရမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ့်အသက်အန္တရာယ်ကာကွယ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ ဦးထုပ်ဆောင်း တယ်ဆိုတာ ဖြစ်ရမယ့်အစား သူတို့က မော်တော်ပီကယ်ကိုပဲ ကြောက်လို့ ဆောင်းရတယ်ဆိုတာပဲ ဖြစ်နေတဲ့ အတွက် ကျနော်တို့က အဲ့လိုမဖြစ်ရအောင် သူတို့ကိုလည်း ကျနော်တို့ အနှောင့်အယှက်လုပ်တာမဟုတ်ပါဘူး။ ကူညီတာပါ။ ကူညီတဲ့အနေနဲ့ ကျနော်တို့က ဂုဏ်ပြုတယ်ဆိုတဲ့ လမ်းဘက်ကနေ ဆက်သွားလိုက်တာ။ သူတို့က မလုပ်ဘူးတော့မဟုတ်ဘူး။ နည်းလမ်းဟောင်းကြီးအတိုင်းပဲ အပြစ်ပေးတဲ့အနေနဲ့ လုပ်နေတာကို တွေ့ရတယ်။

irrawaddy

Share
Posted in: Posted on: Tuesday, November 18, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.