
ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+
မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊
(28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို
အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I
(civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ
ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည်
တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊
ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက်
အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌
ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍
အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုည
ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း
ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော
မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ
ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့
ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊
အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊
စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ
စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ
သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု
တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင်
လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင်
တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။
အရှင်မြတ်သည်
ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ
ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး
ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊
တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ
ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။
http://www.dhammadutaonline.com/ မှကူးယူပူဇော်သည်…
Saturday, November 22, 2014
ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ထေရုပ္ပတ္တိအကျဉ်း
Unknown /  at 6:36 AM /  No comments
Share
Posted in: Biography
Posted on: Saturday, November 22, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
November 16 - November 23
- ၂၀၁၅ ရွှေးကောက်ပွဲ သန့်ရှင်းမျှတမှုရှိရန် မုံရွာတွင်...
- စကားကြီးဆယ်ခွန်း
- ;ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ ဓမ္မစာစုများ
- ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ထေရုပ္ပတ္တိအကျဉ်း
- ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲ FIFA U20 World Cup 2...
- မိဆင်းရဲ -- (တင်မိုး)
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မြန်မာနှင့်ဆူဇူကီးဖလားအုပ်စုတွင်း ပြိုင်ဘက်များ
- ၂၀၁၃-၁၄ လာလီဂါအကောင်းဆုံးဘောလုံးသမားဆု၊ အကောင်းဆုံ...
- အောင်မြင်မူတွေကို ထွေးပိုက်ပြီးတဲ့ အခါ
- ယူ-၁၉ အသင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်းလေးထောင်ကျော် ရရှိ
- တိုက်ခန်းပေါင်း ရှစ်ရာကျော်ပါဝင်သည့် တန်ဖိုးမျှအိမ...
- ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး မြို့နယ်ဆု ဝင်ပြိုင...
- ဆိုင်ကယ်စီးဦးထုပ်ဆောင်းရင် အမှတ်တရလက်ဆောင်ရတဲ့ မု...
- ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်
- တကယ်တော့ အမေဆိုတာ
- အိုဘားမား၏ မိန့်ခွန်းအပြည့်အစုံ
- ဦးထင်လင်းဦးကို မဘသ လမ်းညွှန်မှုဖြင့် ဝံသာနုရက္ခတအဖွ...
-
▼
November 16 - November 23
0 comments: