Saturday, November 22, 2014

မြန်မာနှင့်ဆူဇူကီးဖလားအုပ်စုတွင်း ပြိုင်ဘက်များ

Unknown  /  at  6:24 AM  /  No comments

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၄ ဆူဇူကီးဖလားနောက်ဆုံးအဆင့်တွင် စင်ကာပူ၊ ထိုင်း၊ မလေးရှားအသင်းတို့နှင့်အုပ်စု(ခ)၌ ကျရောက်နေသည်။ မြန်မာအသင်းသည် ဆူဇူကီးဖလား (ယခင်တိုက်ဂါးဖလား) ပြိုင်ပွဲချန်ပီယံဖြစ်ဖူးသည့်အသင်း သုံးသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ရုန်းကန်ရမည့်အနေအထားဖြစ်သည်။
အာဆီယံဒေသတွင်း လက်ရွေးစင်အသင်းများပါဝင်ယှဉ်ပြိုင်ရသည့် ယင်းပြိုင်ပွဲသမိုင်းတစ်လျှောက်  မြန်မာအသင်းသည် ၂၀၀၄ ခုနှစ်ပြိုင်ပွဲတစ်ကြိမ်သာအကြိုဗိုလ်လုပွဲအဆင့်သို့ရောက်ရှိခဲ့ဖူးသည်။ အုပ်စုတွင်း ပြိုင်ဘက်အသင်းများ၏ ပြိုင်ပွဲအကြိုပြင်ဆင်မှုကို အကျဉ်းချုပ်ဖော်ပြလိုက်ပါသည်။
 

လက်ရှိချန်ပီယံစင်ကာပူ
ဆူဇူကီးဖလားပြိုင်ပွဲ၏လက် ရှိချန်ပီယံသာမက ပြိုင်ပွဲသမိုင်း တစ်လျှောက် ချန်ပီယံဆုလေး ကြိမ်ရရှိထားကာ အအောင်မြင် ဆုံးအသင်းအဖြစ်ရပ်တည်နေ သည့်စင်ကာပူအသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲ အုပ်ခု(ခ)ပွဲစဉ်များ ၏  အိမ်ရှင်ဖြစ်သည့်အတွက် နောက်တစ်ဆင့်တက်ရန်ရေပန်း စားမှု ပထမနေရာတွင်ရှိနေသည်။
စင်ကာပူအသင်းသည် ဆူဇီ ကီးဖလား(ယခင်တိုက်ဂါးဖလား) ချန်ပီယံဆု သုံးကြိမ်ရယူပေးခဲ့ သည့် နည်းပြအေဗရာမိုဗစ်နှင့် လမ်းခွဲခဲ့ပြီးနောက် ဂျာမနီသား နည်းပြဘမ်းစတိန်းကိုင်တွယ်မှု ဖြင့်ပြင်ဆင်လျက်ရှိသည်။
 စင်ကာပူအသင်းအတွက် ပြိုင်ပွဲအကြိုခြေစမ်းပွဲများတွင်လာအိုအသင်းကို (၂-၀)ဂိုး၊ ပူးဝါးအာနယူးဂီနီအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဟောင်ကောင်အသင်းနှင့် ပထမခြေစမ်းပွဲတွင် ဂိုးမရှိသရေ၊ ဒုတိယခြေစမ်းပွဲတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ကာ မကာ အိုအသင်းနှင့်  နှစ်ဂိုးစီသရေ၊ ဘာရိန်းအသင်းနှင့် ခြေ စမ်းပွဲတွင် (၀-၂)ဂိုးဖြင့်ရှုံးနိမ့်ထားသည်။
  စင်ကာပူအသင်းမှ ကွင်း လယ်ကစားသမား Shahril Ishak မှာ ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးပြိုင် ပွဲတွင် အကောင်းဆုံးဘောလုံး သမားဆုရရှိထားကာဒုတိယဂိုး အများဆုံး(သွင်းဂိုးလေးဂိုး) သွင်း ယူထားသူဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲ တွင်လည်း အဓိကစောင့်ကြည့်ရ မည့်ကစားသမားဖြစ်သည်။
စင်ကာပူအသင်းသည်မြန် မာအသင်းနှင့်အုပ်စုဒုတိယပွဲစဉ် တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
 

 ကိုင်တီဆတ်၏ထိုင်း
၂၀၁၃ ဆီးဂိမ်းချန်ပီယံထိုင်း ယူ-၂၃ဘောလုံးအသင်းကို ရွှေ တံဆိပ်ရယူပေးခဲ့သည့် နည်းပြ ကိုင်တီဆတ်က ဆူဇူကီးဖလား ပြိုင်ပွဲဝင်မည့် ထိုင်းလက်ရွေးစင် အသင်းနည်းပြချုပ်ဖြစ်နေပါပြီ။ ကိုင်တီဆတ်အနေဖြင့် ပြီးခဲ့သည့် အင်ချွန်းအာရှအားကစားပြိုင်ပွဲ တွင် ထိုင်းယူ-၂၃ အသင်းကို အကြိုဗိုလ်လုပွဲအဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် ထိုင်းလက်ရွေးစင်နည်းပြအဖြစ် တာဝန်ပေးအပ်ခြင်းခံရခြင်းဖြစ်သည်။
ဆူဇူကီးဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် ဗိုလ်လုပွဲသို့ခြောက်ကြိမ်တက်ရောက်ခဲ့ပြီး ချန်ပီယံ သုံးကြိမ်ရရှိထားသည့် ထိုင်း အသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲ တွင်လည်း နောက်တစ်ဆင့်တက် ရန် အိမ်ရှင်စင်ကာပူပြီးနောက် ရေပန်းစားမှုဒုတိယနေရာတွင်ရှိ သည်။
ထိုင်းလက်ရွေးစင်အသင်း အနေဖြင့် ပြိုင်ပွဲအကြိုခြေစမ်းပွဲ များတွင် ဖိလစ်ပိုင်အသင်းကို (၃-၀)ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး တရုတ်အသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်တွင် နယူးဇီလန်အသင်းနှင့်ခြေစမ်းကစားမည်ဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုကို အဆုံးသတ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်းအသင်းက (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။   ယင်းပွဲစဉ်တွင်ထိုင်း အသင်းတိုက်စစ်မှူး  Teerasil Dangda က  ဟက်ထရစ်သွင်း ယူခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် (သွင်းဂိုးငါးဂိုး)ဖြင့် ဂိုးအများဆုံးသွင်းယူသည့် ကစားသမားဖြစ်ခဲ့ကာ ယခုနှစ်ပြိုင်ပွဲတွင်လည်း အဓိကစောင့်ကြည့်ရမည့် ကစားသမားဖြစ်သည်။ထိုင်းအသင်းသည် မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် တွေ့ဆုံမည်ဖြစ်သည်။
 
 မြန်မာအသင်းနှင့်အေဗရာမိုဗစ်
စင်ကာပူအသင်းကို ဆယ် နှစ်ခန့်ကိုင်တွယ်ကာ ဆူဇူကီး ဖလား(ယခင်တိုက်ဂါးဖလား) ချန် ပီယံသုံးကြိမ်ရယူပေးခဲ့သည့် ဆား ဗီးယားနည်းပြအေဗရာမိုဗစ်က လက်ရှိအချိန်တွင် မြန်မာ့လက် ရွေးစင်အသင်းနည်းပြချုပ်အဖြစ် စင်ကာပူကိုရောက်ရှိနေပါပြီ။
 ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၄ ခုနှစ်ပြိုင်ပွဲတစ်ကြိမ်သာ အကြိုဗိုလ်လုပွဲအဆင့်တက် ရောက်ထားနိုင်ခဲ့သည့် မြန်မာ အသင်းအနေဖြင့် အုပ်စုတွင်းလေး သင်းတွင် ရေပန်းစားမှုအောက် ဆုံး၌ ရပ်တည်နေသည်။
ပြီးခဲ့သည့် ၂၀၁၂ ဆူဇူကီး ဖလားပြိုင်ပွဲတွင် အုပ်စုနောက်ဆုံး ၌ ရပ်တည်ခဲ့မှုကြောင့် မြန်မာ အသင်းသည် ယခုနှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှဖြတ်သန်းခဲ့ရ သည်။ အုပ်စုပထမဖြင့် ခြေစစ်ပွဲ အောင်မြင်ပြီးနောက် ကာတာနိုင် ငံတွင် နှစ်ပတ်ကျော်လေ့ကျင့်မှု များပြုလုပ်ခဲ့ပြီး ကာတာကလပ် အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲယှဉ် ပြိုင်ကစားခဲ့ရာ နှစ်ပွဲသရေ၊ တစ်ပွဲ ရှုံးရလဒ်ရရှိထားသည်။
ခြေစစ်ပွဲအဆင့်တွင် မြန်မာ အသင်း၏ခြေစွမ်းကို ပရိသတ် များအားမရဖြစ်ခဲ့ကြသော်လည်း ဆူဇူကီးနောက်ဆုံးအဆင့်တွင်မူ လက်ရွေးစင်ကစားသမားတစ်ဦး ချင်း၏ အကောင်းဆုံးကြိုးစားမှုကို မြင်တွေ့ရမည်ဟု မိုဗစ်က ပြိုင်ပွဲ မတိုင်မီတွင် အာမခံထားသည်။
၂၀၁၄ နှစ်ဆန်းပိုင်းက မြန် မာ့လက်ရွေးစင်အသင်းကိုစတင်ကိုင်တွယ်ခဲ့သည့် အေဗရာမိုဗစ်က စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရယူပေးခဲ့သည်။ယင်းဆုဖလားသည် ရှစ်နှစ် အတွင်း လက်ရွေးစင်အဆင့်၌ မြန်မာအသင်းအတွက် ပထမဆုံးဆုဖလားဖြစ်ခဲ့သည်။  ပြီးခဲ့သည့် ၂၀၀၄ တိုက်ဂါးဖလား(ယခုဆူဇူ ကီးဖလား)ပြိုင်ပွဲတွင် အကြိုဗိုလ် လုပွဲအဆင့်သို့ တစ်ကြိမ်သာတက် ရောက်နိုင်ခဲ့သည့် မြန်မာအသင်း ကို ဆယ်နှစ်အကြာတွင် ဒုတိယ အကြိမ်အကြိုဗိုလ်လုပွဲတက် ရောက်နိုင်ရန် အေဗရာမိုဗစ်စွမ်း ဆောင်နိုင်မည်လားဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
 

မလေးရှား၏ပြင်ဆင်မှု
၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ ချန်ပီယံဖြစ်ထားပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် အကြိုဗိုလ်လုပွဲ အဆင့်သို့ ခုနစ်ကြိမ်တက်ရောက် ထားနိုင်ခဲ့သည့် မလေးရှားလက် ရွေးစင်အသင်းအနေဖြင့်လည်း ပြီးခဲ့သည့် သြဂုတ်လမှ ပြိုင်ပွဲ မတိုင်မီအထိ နိုင်ငံတကာခြေစမ်း ပွဲငါးပွဲယှဉ်ပြိုင်ကစားထားသည်။
မလေးရှားအသင်း၏ ပြိုင်ပွဲ အကြိုခြေစမ်းပွဲများတွင် ကမ္ဘော ဒီးယားအသင်းကိုသာ (၄-၁)ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး တာဂျစ်ကစ္စ တန်အသင်းကို (၁-၄)ဂိုး၊ အင်ဒို နီးရှားအသင်းကို (၀-၂)ဂိုး၊ ဆီးရီး ယားအသင်းကို (၀-၃)ဂိုး၊ ဗီယက် နမ်အသင်းကို (၁-၃)ဂိုးတို့ဖြင့် ရှုံး နိမ့်ထားသည်။
 မလေးရှားလက်ရွေးစင် အသင်းကိုလည်း ပြည်တွင်းနည်း ပြဆာလက်က ကိုင်တွယ်နေပြီး ၂၀၀၈ ဆူဇူကီးဖလားပြိုင်ပွဲနောက် ပိုင်း သုံးကြိမ်ဆက်အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်မလားဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။
၂၀၁၀ ဆူဇူကီးဖလား ပြိုင်ပွဲ တွင် မလေးရှားအသင်းဗိုလ်စွဲခဲ့ စဉ်က တိုက်စစ်မှူး Mohd Safee က သွင်းဂိုးငါးဂိုးသွင်းယူကာ ဂိုး အများဆုံးသွင်းယူခဲ့ပြီး ယခုနှစ် ပြိုင်ပွဲတွင်လည်း အဓိကစောင့် ကြည့်ရမည့်ကစားသမားဖြစ် သည်။
မလေးရှားအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာ အသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
၂၀၁၄ ဆူဇူကီးဖလား မြန်မာ အသင်း၏ အုပ်စုပွဲစဉ်များ
၂၃.၁၁.၁၄မြန်မာ-မလေးရှား
၂၆.၁၁.၁၄မြန်မာ-စင်ကာပူ
၂၉.၁၁.၁၄မြန်မာ-ထိုင်း
7Day Daily

Share
Posted in: Posted on: Saturday, November 22, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.