၁။ တစ်ခါ က သူဌေးသားတစ်ယောက်က သူ့အဖေကို ပြောတယ် ။
'' မောင်မြ တို့သားအဖက အရမ်းရိုးသားတာပဲ အဖေ ကျွန်တော် အပေါ်လည်း အတော် ကောင်းပါတယ်" လို့ ပြောတယ်။
အဲဒီမှာ အဖေလုပ်တဲ့ သူက
" အဲဒါဆို အဖေတို့ခရီးထွက်ရင် အဖေတို့ ရတနာ သေတ္တာကြီးကို သူတို့သားအဖဆီကို
အပ်ခဲ့တာပေါ့ကွာ " လို့ ဆိုပြီး ပြောတယ် ။ သားလုပ်တဲ့သူကလည်း
သဘောတူပြီးသော့ခတ်ထား သော
၂ ပေ X ၄ ပေ လောက်ရှိတဲ့ ရတနာသေတ္တာကြီးကို သူ့သူငယ်ချင်း
မောင်မြတို့ သားအဖ ဆီကို အပ်ခဲ့လေတော့တယ်။
နောက်တစ်လ လောက်ခရီးသွားက ပြန်လာတော့ သားလုပ်သူကို အဖေတို့ ရတနာသေတ္တာကြီးကို မောင်မြတို့ ဆီကနေ သွားယူခိုင်းတောပေါ့ ဗျာ ..
ခဏ နေတော့ သားလုပ်တဲ့ သူက ပြန်လာပြီး ပြောတယ် ။
" အဖေ အဖေ သားသူငယ်ချင်း မောင်မြတို့ သား အဖ က အတော် စိတ် ဆိုး
နေတယ် အဖေ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ခဲတွေ ထည့်ထားတဲ့ သေတ္တာ
ကြီး ကို ၇တနာ သေတ္တာ ဆိုပြီး သူတို့ ကို အပ်ခဲ့ ရမလား လို့ တဲ့လေ...."
၂။ သူငယ်ချင်းတစ်ယောက်က ပြောပြတယ် ။ သူအမည်က ကိုကိုမောင် ပေါ့ ။
သူ့ကောင်မလေး နဲ့ သူ မင်္ဂလာဆောင်ခါနီးတုန်းက မင်္ဂလာကိစ္စ စီစဉ်ရင်းနဲ့ ကောင်မလေး အိမ် ကို မကြာမကြာ ရောက်တုန်းကပေါ့.....
သူ့ကောင်မလေးရဲ့ ညီမတစ်ယောက်ရှိတယ်။ အသက်နှစ်ဆယ် အရွယ် ငယ်ငယ်ချောချောလေး
ပေါင်တို လည်ဟိုက်လေး ၀တ်ပြီး သူ့ကိုလည်း အကို အကို ဆိုပြီး ပွတ်သီးကပ်သီး
လုပ်နေတဲ့ ကောင်မလေး (ခယ်မလေး) တစ်ယောက် ပေါ့ ....
တစ်နေ့ အိမ်မှာ သူ့ကောင်မလေးနဲ့မိဘတွေ မရှိခိုက် သူ့ခယ်မလောင်းလေးက သူ့နားကို ကပ်ပြီး ပြောတယ် ။ အကို ကို ညီမ သဘောကျနေတာ ကြာပြီး
မမ နဲ့ မင်္ဂလာမဆောင်ခင် ညီနဲ့ အတူနေပေးပါလား ။ ဘယ်သူမှ သိကြပါဘူး ။
အကိုနဲ့ညီပဲ သိမှာပါ။ အကို သဘောတူရင် အပေါ်ထပ်က ညီမအခန်းထဲကိုလာခဲ့
ညီမ စောင့်နေမယ် နော် .. ဆိုပြီးတော့ အပေါ်ထပ်ကို ကောင်မလေး က
တက်သွားတယ်... အဲဒီအခါ မှာ ကိုကိုမောင် တစ်ယောက် ကြက်သေသေ သွားတယ် ။ ဘယ်လို
မှ မထင်မှတ်ထားတဲ့ ကိစ္စ ကို ကြားလိုက်ရတော့
ရင်တွေ ပန်းတွေ
တုန်သွားတယ် ... အဲဒါနဲ့ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ် ။
ပြီးတော့ ခြံထဲမှာ ရပ်ထားတဲ့ သူ့ကား ဆီကို အပြေးထွက်လာခဲ့
လိုက်တယ် ။ သူ့ကားနား ရောက်တော့ သူ့ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ သူ့ယောက္ခမ အထီးကြီးက ယောက္ခမ အမကြီးကို ပြောလိုက်တယ် ။
" မင်းသမီးတော့ ယောကျားကောင်း တစ်ယောက်ကို ရွှေးယူနိုင်ခဲ့တာပဲဟေးး" လို့ ပေါ့..
အဲဒီအခါ မှာ သူ့ချစ်သူက မျက်ရည်တွေ ၀ဲ ပြီး သူ့ကို ပြုံး ပြီး ကြည့်နေ
ရှာတယ် တဲ့ လေ ......
.......
သူငယ်ချင်းက ပြောတာ က
" တကယ်တော့ ငါ ကားထဲ က အဖေါ်ကို လာပြန်ယူတာပါ " တဲ့ ဗျာ.
တိန် .......
.....
ဗေဒင် မိတ်တွေများအားလုံး .. အမှန်တကယ်ရိုးသားတဲ့
သူများနဲ့ တွေ့ဆုံ ပေါင်းသင်းနိုင်ကြပါစေ လို့ ....
ဆန္ဒပြုလျှက် ....
..
ဆရာဗေဒင်
credit;ဗေဒင်
Thursday, September 25, 2014
ရိုးသားမှု ဆိုတာ
Unknown /  at 10:00 AM /  No comments
Share
Posted in: article
Posted on: Thursday, September 25, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
September 21 - September 28
- ဇေယျာရွှေမြေ-စစ်ကိုင်း
- ကိုယ့်လူမျိုးကို ချစ်တတ်ကြပါစေ
- "လွတ်လပ်တယ်ဆိုတာ"
- အမှန်တရားပါပဲ ...
- ရိုးသားမှု ဆိုတာ
- Man Utd 4-0 QPR
- အိမ်ကွင်း ပရိသတ်ရှေ့မှာ ရာသီမကုန်ခင် ချန်ပီယံဆုရယူ...
- ပုညရှင်...
- ဥမင်သုံးဆယ်ဘုရား
- ပါကစ္စတန်ရေဘေးဒုက္ခသည်တွေအတွက် သီတဂူဆရာတော်ကြီး ငွေလ...
- သီတဂူဗုဒ္ဓတက္ကသိုလ်
- ဇေယျာရွှေမြေ
- .....ရောက်ကြဖူးသလား ဇေယျာရွှေမြေ......
- ဂုဏ်ယူလိုက်ပါရွှေမြန်မာတို့ ......
- ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံ...
- လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
- သူတော်သူမြတ်တို့  ပျော်မွေ့ ရာ..........
-
▼
September 21 - September 28
0 comments: