
နည်းပညာတက္ကသိုလ်(ကလေး)တွင်
စာမေးပွဲပြန်လည်ဖြေဆိုရန် ကြေညာချက်ထုတ်ပြန်ပြီးနောက် ကျောင်းသား၊
ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)
ကလေးမြို့ နည်းပညာတက္ကသိုလ်တွင်
စာမေးပွဲအဖြေလွှာများ ပျောက်ဆုံးသွားသော ကြောင့် ယင်းတက္ကသိုလ်မှ
လက်ထောက်ညွှန်ကြားရေးမှူးက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့
နည်းပညာတက္ကသိုလ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်းက
တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။
အဖြေလွှာများ ပျောက်ဆုံးသွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက်
ပြန်လည်ဖြေဆိုရန် လိုအပ်သည့် ဘာသာရပ်များကို အဆိုပါတက္ကသိုလ်၏
ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော်လည်း ကျောင်းသားများက
စာမေးပွဲပြန်မဖြေနိုင်ကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အဖြေလွှာများပျောက်ဆုံးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်တွင်
သိရှိခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံးသွားသော အဖြေလွှာများမှ အချို့ကို
ကျောင်းနံဘေးရှိ ရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး
အချို့အဖြေလွှာများမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း ကလေး နည်းပညာတက္ကသိုလ်မှ
ဆရာတစ်ဦးက ပြောသည်။
နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈
ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
အဖြေလွှာပျောက်ဆုံးမှုများ ဖြစ်ခဲ့သော်လည်း ကလေးမြို့ နည်းပညာတက္ကသိုလ်၌
စက်တင်ဘာ ၁၈ ရက်တွင် ပုံမှန်ဖြေဆိုရမည့် စာမေးပွဲများ
ဆက်လက်ဖြေဆိုခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
အဖြေလွှာများပျောက်ဆုံးမှုကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အမှုဖွင့်အရေးယူထား သည်။
‘‘ကျောင်းမတိုင်ခင် ဒီဘား ထုတ်တာ (ကျောင်းပျက်ရက်များ၍
ကျောင်းထုတ်ခြင်း)တော်တော်များတယ်လို့ သိရတယ်။ စာမေးပွဲ ရက်မှာလည်း
ကျောင်းသားတွေ ထပ်ပြီး အထုတ်ခံရတယ်လို့ကြားတယ်။ အဲဒီလိုတွေဖြစ်လို့
ဒေသခံတွေက အဖြေလွှာတွေကို ရေအိုင်ထဲလွှင့်ပစ်တယ်လို့တော့ ကြားတာပဲ။
ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မသိဘူး’’ဟု နည်းပညာတက္ကသိုလ် ဆရာတစ်ဦးကပြောသည်။
ကလေးမြို့နည်းပညာတက္ကသိုလ်တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကလည်း
စာမေးပွဲဖြေဆိုခါနီး အချိန်တွင် ဒေသခံများက စာမေးပွဲမေးခွန်းများပါသည့်
သေတ္တာကို ယင်းကျောင်းအနီးရှိ သုသာန်တွင် ၀ှက်ထားသည့်
ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါဆရာကပြောသည်။
7DayDaily
Sunday, September 21, 2014
ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ
Unknown /  at 12:55 AM /  No comments
Share
Posted in: News
Posted on: Sunday, September 21, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
September 21 - September 28
- ဇေယျာရွှေမြေ-စစ်ကိုင်း
- ကိုယ့်လူမျိုးကို ချစ်တတ်ကြပါစေ
- "လွတ်လပ်တယ်ဆိုတာ"
- အမှန်တရားပါပဲ ...
- ရိုးသားမှု ဆိုတာ
- Man Utd 4-0 QPR
- အိမ်ကွင်း ပရိသတ်ရှေ့မှာ ရာသီမကုန်ခင် ချန်ပီယံဆုရယူ...
- ပုညရှင်...
- ဥမင်သုံးဆယ်ဘုရား
- ပါကစ္စတန်ရေဘေးဒုက္ခသည်တွေအတွက် သီတဂူဆရာတော်ကြီး ငွေလ...
- သီတဂူဗုဒ္ဓတက္ကသိုလ်
- ဇေယျာရွှေမြေ
- .....ရောက်ကြဖူးသလား ဇေယျာရွှေမြေ......
- ဂုဏ်ယူလိုက်ပါရွှေမြန်မာတို့ ......
- ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံ...
- လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
- သူတော်သူမြတ်တို့  ပျော်မွေ့ ရာ..........
-
▼
September 21 - September 28
0 comments: