
ရတနာပုံ ၂-၁ နေပြည်တော်
ရန်ပိုင် ၅ နေဇော်အောင် ၈၀
ဖွန်ဆီကာ ၇၃
ရတနာပုံအသင်းနဲ့ နေပြည်တော်အသင်းရဲ့ ပွဲစဉ်ကို မူလက ညနေ(၄)နာရီမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် စက်တင်ဘာလ(၁၄)ရက်နေ့
နံနက်အစောပိုင်းက ရွာသွန်းခဲ့တဲ့မိုးကြောင့် ဗထူးကွင်းအတွင်းမှာ
ရေများဝင်နေခဲ့တာကြောင့် ဒီပွဲစဉ်ကို ည(၆း၃၀)နာရီမှသာ
စတင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
ရတနာပုံအသင်းဟာဒီပွဲစဉ်ကို
အနိုင်ရရင် ၃နှစ်တာ ဝေးကွာနေတဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုဖလားကို
ပြန်လည်ရရှိမှာ ဖြစ်တာကြောင့် ပွဲထွက်လူစာရင်းမှာ သီဟစည်သူ၊ ဇော်မင်းထွန်း၊
ရန်ပိုင်၊ ဖွန်ဆီကာ ၊အောင်မြင့်အေး စည်သူအောာင် စတဲ့ ကစားသမားအစုံအလင်နဲ့
ပွဲထွက်လာခဲ့ပါတယ်။
နေပြည်တော်အသင်းကတော့ ပွဲထွက်လူစာရင်းမှာရော အရန်လူစာရင်းမှာပါ ပြည်ပကစားသမားတွေ မပါဝင်ဘဲနဲ့ ရတနာပုံအသင်းကို ရင်ဆိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မတိုင်မီမှာ ကွင်းအတွင်း ရေ၀င်ခဲ့တာကြောင့် ကစားရခက်ခဲခဲ့ပါတယ်။
ရတနာပုံအသင်းဟာ ပွဲစတာနဲ့ ဖိအားပေးကစားခဲ့ပြီး ပွဲချိန်(၅)မိနစ်
မှာပဲ
ရတနာပုံတို့ ဦးဆောင်းဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့
တိုက်စစ်မှုးရန်ပိုင်က ပင်နယ်တီစည်းထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။
ဒီပွဲစဉ်မတိုင်မီ ကွင်းအတွင်းကို
ရေ၀င်ခဲ့တာကြောင့် နှစ်သင်းစလုံးဟာ
ခက်ခက်ခဲခဲ့ကစားခဲ့ရပြီး အမြင့်ဘောတွေနဲ့သာ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။
အထူးသဖြင့် အရှေ့ဘက်တန်းပွဲကြည့်စင်
ဘက်ခြမ်းမှာ ရွံ့ဗွက်များဖြစ်ပေါ်နေခဲ့ပြီး ကစားသမားများအနေနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။
ဒါ့အပြင် ပွဲကစားနေစဉ်မှာလည်း ရတနာပုံ ပရိသတ်
အချို့ဟာ ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ပွဲချိန်မိနစ်(၂၄)မိနစ်မှာတော့ နေပြည်တော်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး
ဒီဂိုးကို ခိုင်ထူး
ရဲ့ကန်သွင်းချက် ကောင်းမွန်ခဲ့ပေမယ့် သီဟစည်သူ
ကာကွယ်နိုင်ခဲ့လို့ ထောင့်ကန်ဘောနဲ့သာ ကျေနပ်ခဲ့ပါတယ်။
ပွဲချိန်(၃၉)မိနစ်မှာတော့ တိုက်စစ်မှုး ရန်ပိုင်
ဒဏ်ရာအနည်းငယ်
ရရှိခဲ့တာကြောင့် သက်နိုင်နဲ့ လူစားထိုးခဲ့ရပြီး ပထမပိုင်း အပြီးမှာတော့
ရတနာပုံက နေပြည်တော်ကို (၁-၀)ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲစတင်တဲ့ အချိန်မှာလည်း ရတနာပုံအသင်းကသာ ဖိအားပေးကစားခဲ့ပါတယ်။ ပြည်ပကစားသမားတွေ မပါဝင်တဲ့ နေပြည်တော်အသင်း
ရဲ့ ကစားပုံဟာ ဒီပွဲစဉ်မှာ အလုပ်မဖြစ်ခဲ့ဘဲ လူငယ်ကစားသမားတွေရဲ့
ပြေးအားတွေကိုသာ အားကိုးပြီး ကစားခဲ့ရတာကြောင့် ရတနာပုံအသင်းကို ယှဉ်မကစား
နိုင်ခဲ့ပါဘူး။
ပွဲချိန်မိနစ်(၅၀)အကျော်မှာ ရတနာပုံအသင်းအနေနဲ့ အခွင့်အရေးတွေ
ရရှိခဲ့သေးပေမယ့် တိုက်စစ်မှုးတွေ အဆုံးသတ်လွဲချော်ခဲ့တာကြောင့် ရတနာပုံ
တို့ ဂိုးအရနည်းခဲ့တာပါ။ ပွဲချိန် (၆၅)မိနစ်မှာ ရတနာပုံအသင်းအတွက်
ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောအဖြစ်
သတ်မှတ်ပေးခဲ့တာ
ကြောင့် ရတနာပုံတို့ နစ်နာခဲ့ရပါတယ်။
ပွဲချိန်(၇၃)မိနစ်မှာတော့ ရတနာပုံအသင်း ဒုတိယဂိုး ရရှိခဲ့ပြီး
အောင်မြင့်အေးရဲ့ ပေးပို့မှုကို ဖွန်ဆီကာက အနီးကပ် သွင်း
ယူပေးခဲ့ပါတယ်။
ပွဲချိန်မိနစ်(၈၀)မှာတော့ နေပြည်တော်အသင်း ချေပဂိုး တစ်ဂိုး ရရှိခဲ့ပြီး
ဒီဂိုးကိုတော့ နေဇော်အောင်က အဝေး ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ
ပါ။
ဒါပေမယ့် နောက်ပိုင်း ပွဲချိန်တွေမှာ နေပြည်တော်အသင်းအနေနဲ့ ချေပဂိုး
မရရှိတော့တာကြောင့် ပွဲအပြီးမှာ ရတနာပုံအသင်းက (၂-၁)ဂိုးနဲ့ အနိုင်
ရရှိခဲ့ပြီး
၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ရဲ့ ချန်ပီယံ ဆုကို ရယူနိုင်ခဲ့ပါတယ်။
Mizzima Sport News
Sunday, September 21, 2014
အိမ်ကွင်း ပရိသတ်ရှေ့မှာ ရာသီမကုန်ခင် ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ရတနာပုံ
Unknown /  at 1:07 AM /  No comments
Share
Posted in: sports
Posted on: Sunday, September 21, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
September 21 - September 28
- ဇေယျာရွှေမြေ-စစ်ကိုင်း
- ကိုယ့်လူမျိုးကို ချစ်တတ်ကြပါစေ
- "လွတ်လပ်တယ်ဆိုတာ"
- အမှန်တရားပါပဲ ...
- ရိုးသားမှု ဆိုတာ
- Man Utd 4-0 QPR
- အိမ်ကွင်း ပရိသတ်ရှေ့မှာ ရာသီမကုန်ခင် ချန်ပီယံဆုရယူ...
- ပုညရှင်...
- ဥမင်သုံးဆယ်ဘုရား
- ပါကစ္စတန်ရေဘေးဒုက္ခသည်တွေအတွက် သီတဂူဆရာတော်ကြီး ငွေလ...
- သီတဂူဗုဒ္ဓတက္ကသိုလ်
- ဇေယျာရွှေမြေ
- .....ရောက်ကြဖူးသလား ဇေယျာရွှေမြေ......
- ဂုဏ်ယူလိုက်ပါရွှေမြန်မာတို့ ......
- ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံ...
- လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
- သူတော်သူမြတ်တို့  ပျော်မွေ့ ရာ..........
-
▼
September 21 - September 28
0 comments: