
၁။ အချို့က ကြိုးစားတယ်။ သူများ တစ်ရက် ၈ နာရီ
လုပ်ရင် သူက ၁၆ နာရီ လုပ်ချင်လုပ်တတ်တယ်။ ဒါပေမယ့် ငွေကြေး ကြွယ်ဝ
ချမ်းသာတဲ့ အနေအထား တစ်ခုကို မရောက်ဘူး။ ယင်းဟာ ဥာဏ်အထောက်အပံ့
လိုနေသေးလို့ ဖြစ်ပါ လိမ့်မယ်။ အလုပ်ဆိုတာ
ကြိုးစားတိုင်းလည်း မရ ပါဘူး။ ဥာဏ်ကိုလွှာပြီး သုံးဖို့ လိုအပ် ပါလိမ့်မယ်။
ဥပမာ ရာထူး တစ်ခုမှာပဲ ပေးအပ်တဲ့ တာဝန်သာ ကြေအောင် လုပ်နေ တာထက် ပိုမို
မြင့်မားတဲ့ အဆင့်ကို ရောက်နိုင် တဲ့ အရည်အချင်းတွေသာ ထုတ်ပြနိုင်မယ်
ဆိုရင် ဒါဟာ ဥာဏ်ရဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်။
၂။ အချို့က
ဥာဏ်ကောင်းတယ်။ ဒီခေတ်စကားအရဆိုရင် ဂျီးနယက်စ် ဆိုပြီးတော့ ခေါ်ကြတယ်။
နောက်ကျမှအိပ်ချင်အိပ်မယ်။ စောစောအိပ်ချင်အိပ်တယ်။ ရုံးကို သွားချင်မှလည်း
သွားတယ်။ အလုပ်ကိုလည်း လုပ်ချင်မှလည်း လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့ ဥဏ်ပညာ
ထက်မြတ်မှုက သိသာနေတော့ လူတွေ သတိထားမိတယ်။ ဒါပေမယ့် သူလည်း အဲ့ဒီ အခြေအနေ
ကနေ နောက်တစ်ဆင့်ကို မရောက်ဘူး။ ဟုတ်ကဲ့။ ကြိုးစားချင်စိတ်။ ဝီရိယ
အားနည်းနေသူ ဖြစ်ပါတယ်။ ဥာဏ်ဘယ်လောက် ကောင်းကောင်း ဝီရိယ မရှိရင် မကြီးပွား
ပါဘူး။
၃။ အချို့က ဥာဏ်လည်း မကောင်းဘူး၊ ကြိုးလည်းမကြိုးစားဘူး။
ဒါပေမယ့် စည်းစိမ်ဟာ သာမန် လူတွေထက်ပိုပြီး ချမ်းသာလို့ နေတတ်ပါတယ်။
ကိုယ်တိုင် ကံကောင်းလို့သည် ဖြစ်စေ၊ မိဘ အမွေခံပင် ဖြစ်စေ ချမ်းသာနေတတ်ပြီး
ဒါဟာ အတိတ်ဘဝက ပြုခဲ့သော ကောင်းမှု ကုသိုလ်ကံများက ထောက်ပံ့ခြင်း
ဖြစ်ပါတယ်။ ဒီတစ်ဘဝမှာပဲ ကုန်အောင် သုံးမသွား ပါဘူး။ ဆွေမျိုး ၇ ဆက်အတွက်
စားလို့လောက်နေရင်တောင် ပိုနေတာကို သင်ဘာလုပ်မှာလဲ။ ရလေ လိုလေ၊ ထပ်၍
မရရအောင် မသမာနည်းနဲ့ ရှာနေလဲ ကံထောက်ပံ့မှု ရှိနေသေးလျှင် ကြိမ်းသေ ဆက်၍
ရပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ ဘဝစဉ်ဆက် ရှာထားသည်များကို တစ်ဘဝတည်းတွင်
ကုန်အောင် သုံးနေခြင်း သဘောပါပဲ။ နောင်အနာဂတ် အတွက် မကောင်းပါဘူး။
ရှိသည်များကို ဒါနပြုခြင်းနှင့် ပညာဖြင့် လွှာ၍ သုံးရန် လိုအပ်သည်။ ဥပမာ
ဥာဏ်ရင့်သန်ရန် ပညာဒါန ပြုခြင်း၊ ဝီရိယ အတွက် ကိုယ်တိုင် လုပ်ယူ
ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။
၎။ အချို့က ဥာဏ်လည်း ကောင်းတယ်။
ကြိုးလည်း ကြိုးစားတယ်။ ဒါပေမယ့် ပူပင်ကြောင့်ကြစရာ မရှိဘူး ဆိုတဲ့ အနေအထား
တစ်ခုကို သူမရောက်နိုင်ဘူး။ တစ်ခါတစ်လေ ဆိုရင်တောင် ဆင်းရဲ နေတတ်ပါသေးတယ်။
ဒါဟာ ကံ အကျိုး မပေးသေးလို့ ဖြစ်ပါတယ်။ ရှေးဘဝ ပြုခဲ့တဲ့ ဒါန နည်း၍လည်း
ဖြစ်တတ် ပါတယ်။ နောင်ဘဝ ယခုလို မဖြစ်အောင် ယခု တွင်ပင် ရှိသလောက်
လှူနိုင်ရန် ကြိုးစားပါ။ ပါရမီ ဖြည့်သွားပါ။
၅။ အချို့က
ဥာဏ်ကောင်းတယ်။ ဝီရိယ ကောင်းတယ်။ ကံကလည်း ထောက်ပံ့ တယ်။ ချမ်းသာပါတယ်။
ဒါဟာ ဘဝမှာ တကယ် ပြည့်စုံတဲ့ လူသား တစ်ယောက်ပါပဲ။ ဘဝကို အကျိုးရှိရှိ
အသုံးချပါ။ တစ်ဘဝစာ အကုန်မသုံး လိုက်ပါနှင့်။ နိဗ္ဗာန်မရောက်ခင် ဘဝဆက်ကြား
ပါရမီ ဆက်တိုက် ဖြည့်သွားပါ။
မှတ်သားရန် - ကံဆိုတာ ယုံကြည်ဖို့
(အားကိုးရန် မဟုတ်ပါ၊ အပြစ်တင်ရန် မဟုတ်ပါ၊ စောင့်ဆိုင်းရန် မဟုတ်ပါ။)၊
ဥာဏ်ဆိုတာ အသုံးချဖို့၊ ဝီရိယ ဆိုတာ ဆိုက်ထုတ်ဖို့ ဖြစ်ပါတယ်။
ဆင်းရဲတယ်လို့ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ် ပူပင် ဆင်းရဲမှုထက် စိတ်ပူပင်
ဆင်းရဲမှုက လူတွေကို ပိုလို့ ဆင်းရဲနေစေခြင်း ဖြစ်ပါတယ်။ တစ်နေ့သုံးနှပ်
စားရန်လောက်ပြီး၊ ကျောခင်း၊ အိပ်စရာ ရှိသ၍၊ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်မှု
မများသေးသ၍ သင်ဟာ မဆင်းရဲ ပါဘူး။ ငွေပုံကြီးပေါ် ထိုင်လို့ စိတ်သောက
ဝေဒနာများကြောင့် ဆင်းရဲနေသူများကို သင်လွယ် တကူ မြင်တွေ့ နိုင်ပါ တယ်။
ခန္ဓာက ပင်ပန်းဆင်းရဲရသည့် ကြားထဲ ယင်း ဆင်းရဲ အတွက် စိတ်ပါ လိုက်လံ
ပူပင်သောက ရောက်လျှင် စိတ်ရော၊ ကိုယ်ပါ ဆင်းရဲမှုကြောင့် နှစ်ခါ နာ၍
ပိုလို့ ဆင်းရဲရသည်။ လောဘ၊ ဒေါသ များပြီး အမှန်မမြင်နိုင်သည့် မောဟ စိတ်
ဖုံးလွမ်းခံနေရသူဟာ စင်စစ် ဆင်းရဲသူ ဖြစ်သည်။
အောင်ခမ်း (ရိုးရာလေး)
Sunday, September 21, 2014
လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
Unknown /  at 12:53 AM /  No comments
Share
Posted in: article
Posted on: Sunday, September 21, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
September 21 - September 28
- ဇေယျာရွှေမြေ-စစ်ကိုင်း
- ကိုယ့်လူမျိုးကို ချစ်တတ်ကြပါစေ
- "လွတ်လပ်တယ်ဆိုတာ"
- အမှန်တရားပါပဲ ...
- ရိုးသားမှု ဆိုတာ
- Man Utd 4-0 QPR
- အိမ်ကွင်း ပရိသတ်ရှေ့မှာ ရာသီမကုန်ခင် ချန်ပီယံဆုရယူ...
- ပုညရှင်...
- ဥမင်သုံးဆယ်ဘုရား
- ပါကစ္စတန်ရေဘေးဒုက္ခသည်တွေအတွက် သီတဂူဆရာတော်ကြီး ငွေလ...
- သီတဂူဗုဒ္ဓတက္ကသိုလ်
- ဇေယျာရွှေမြေ
- .....ရောက်ကြဖူးသလား ဇေယျာရွှေမြေ......
- ဂုဏ်ယူလိုက်ပါရွှေမြန်မာတို့ ......
- ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံ...
- လူဆင်းရဲ၊ လူချမ်းသာ ဖြစ်ကြောင်းများ
- သူတော်သူမြတ်တို့  ပျော်မွေ့ ရာ..........
-
▼
September 21 - September 28
0 comments: