Monday, July 28, 2014

ရွှေတောင်ဦးမော်စေတီတော်

Unknown  /  at  12:25 PM  /  No comments




စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား(ရတနာပုံ)အနီး၊ မြစ်ကမ်းဘေးရှိ
ရွှေတောင်ဦးမော် တောင်တော်ပေါ် ၌ ရွှေတောင်ဦးမော်စေတီကို
သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သည်။ စေတီပေါင်း
(၈၄၀၀၀)တွင် တစ်ဆူအပါအ၀င်ဖြစ်သည်။ သီရိဓမ္မာသောက
မင်းကြီးသည် စေတီပေါင်း(၈၄၀၀၀)ကို သက္ကရာဇ်(၂၂၁)ခုနှစ်
တွင်တည်တော်မူ၍ သက္ကရာဇ်(၂၂၄)ခုနှစ်တွင် စေတီအားလုံး
ပြီးစီးအောင်မြင်သည်ဟု ကျောက်စာသမိုင်းတွင် ရေးထိုးထား
ပါသည်။ အရိမဒ္ဒနပူရ ပုဂံပြည်ကြီးရှင် ဘုရင်အနော်ရထာ၏
ဆရာ ဓမ္မဒသ၁ီဘွဲ့ ခံ အရှင်အရဟံသည် သက္ကရာဇ်(၄၀၀)
ကျော်တွင် ကြပ်မ(ကြည့်ရှု့ )ပြင်ဆင်တော်မူခဲ့သည်။ ဤ တောင်
သည် ဘုရားရှင် ကြွရောက်တော်မူစဉ်က ရေကြည်တော်မွတ်
သိပ်တော်မူသဖြင့် ဦးခေါင်းတော်ကို "မော်" ၍ ကြည့်ရှု့ တော်
မူရာ အရပ်ဖြစ်သဖြင့် "ရွှေခေါင်းဦးမျှော်" မည်၏။ နောက်မှ
ကာလရွေ့ သော် "ရွှေတောင်ဦးမော်" ဖြစ်သည်ဟု ဆိုရိုးရှိ
ကြောင်း မှတ်သားရပါသည်။

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.