Monday, July 28, 2014

မြန်မာငွေကြေး

Unknown  /  at  11:58 AM  /  No comments



မြန်မာငွေကြေး အကြွေစေ့(ပြားစေ့)လေးများ

မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။

၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၅ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊ ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ တွင် ထုတ်ဝေသည့် ၁၀၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
credit;(https://groups.google.com/forum/#!msg/jeffylin916/2C11oo2Xhzc/7ZOLW44IIqUJ)

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.