Monday, July 28, 2014

ဥမင်သုံးဆယ်ဘုရား

Unknown  /  at  12:07 PM  /  No comments

Photo: >>>ဥမင်သုံးဆယ်ဘုရား<<<

ဥမင်သုံးဆယ်စေတီတော်ကြီးကို စစ်ကိုင်းတောင်တွင် နေသော ပဒုသံဃရာဇာ(ပဒူရဟန်း
မင်းကြီး)က သက္ကရာဇ်(၇၂၆)ခုနှစ်တွင် တည်ထားကိုးကွယ်လေသည်။

ပဒူသံဃရာဇာခေါ် ရဟန်းမင်းသည် လောကီရေးရာမှာ အထူးကျွမ်းကျင်ပြီး နာမည်ကျော်
ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။အထူးသဖြင့် ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးဟု ကျော်ကြား
ပေသည်။

ဥမင်သုံးဆယ်ဘုရားမှာ ကျင့်စဉ်ပါရမီတော်(၃၀)ကို ရည်ရွယ်၍ လိုဏ်ပေါက်(၃၀)ထားရှိပြီး
ဘုရားရှင် သာသနာပြုတော်မူသွားရာ (၄၅)၀ါကို ရည်ရွယ်၍ လိုဏ်အတွင်းမှာ ဗုဒ္ဓရုပ်ပွား
တော် (၄၅)ဆူ ပူဇော်ထားသည်။

နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်နေ့  ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဆွမ်းကြီးလောင်းပွဲများ
ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြလေသည်။

သဗြူးမြသောင်း(ဓမ္မာစရိယ)

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.