Wednesday, July 30, 2014

အကြိတ်အနယ် ယှဉ်ပြိုင်ပြီး မနောမြေနှင့် ဇေယျာရွှေမြေ တစ်မှတ်စီ ခွဲယူ

Unknown  /  at  8:24 AM  /  No comments


2014 Myanmar National League-1 (Week-15) ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မနောမြေ အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ ဇူလိုင်လ (၂၆) ရက်နေ့၊ ညနေ (၄) နာရီတွင် ရန်ကုန်မြို့၊ Y.T.C ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် (၄) ဂိုးစီဖြင့် သရေကျကာ တစ်မှတ်စီ ခွဲယူခဲ့ကြသည်။
အဆိုပါပွဲတွင် မနောမြေ အသင်းသည် အဆာလေ၊ ကမ်ဘူး၊ နိုင်ဦးလွင်နှင့် အီဗရာဟင် အစရှိသည့် အဓိက ကစားသမား များဖြင့် ပွဲထွက်ခဲ့ပြီး ဇေယျာရွှေမြေ အသင်းကလည်း ချူကွာဇူ၊ ဆန်းဒေး၊ ဇော်လင်းထွန်း စသည့် ကစားသမား များပါဝင်သည့် အတောင့်တင်းဆုံး လူစာရင်းဖြင့် မနောမြေ အသင်းကို ရင်ဆိုင် ကစားခဲ့သည်။ ခြေစွမ်းမကွာသည့် အသင်းနှစ်သင်း ကစားခဲ့သည့် ပွဲဖြစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ပွဲချိန် (၂၀) မိနစ်တွင် မနောမြေ အသင်းခေါင်းဆောင် ကမ်ဘူး ညာခြမ်းမှ ဖြတ်တင် ပေးပို့မှုကို နံပါတ် (၁၁) တင်ဝင်းမြင့် အပိုင်ပိတ်သွင်း ခဲ့သော်လည်းဂိုးဘားတန်းပေါ်မှ ကျော်ထွက်သွားခဲ့သည်။ ဇေယျာရွှေမြေ အသင်းကလည်း ပြန်လည် ဖိကစားခဲ့ရာ (၂၈) မိနစ်တွင်နံပါတ် (၁၀) ဆန်းဒေး ညာခြမ်းမှ တောက်လျှောက် ဆွဲယူပြီး အပြင်းကန်သွင်းကာ ဇေယျာရွှေမြေ အသင်း အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ မနောမြေ အသင်းကလည်း ပြန်လည် တိုက်စစ်ဆင် ကစားခဲ့ရာ (၄၅) မိနစ်တွင် နံပါတ်(၂၁) အဆာလေက ပင်နယ်တီ မှတဆင့် ချေပဂိုး သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်ဖက်အသင်း အနိုင်ဂိုးများ ရရှိရေး တမ်ပိုတင် ကစားခဲ့သဖြင့် ပွဲမှာ ပထမပိုင်း ကထက် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်ခဲ့သည်။ ပွဲချိန် (၄၈) မိနစ်တွင် ဇေယျာရွှေမြေ နံပါတ် (၈) ချူကွာဇူက ပင်နယ်တီမှ တဆင့် အသင်း အတွက် ဒုတိယဂိုး ရယူပေးခဲ့သည်။ မနောမြေ အသင်းကလည်း ပြန်လည် ဖိကစားလာခဲ့ ရာ (၅၁) မိနစ်တွင် နံပါတ် (၄၄) အီဗရာဟင်က ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ချေပဂိုး ပေးလိုက်ရပြီးနောက် ဇေယျာရွှေမြေ တမ်ပို ပိုမြှင့်ကစား
ခဲ့ရာ ပွဲချိန် မိနစ် (၆၀) တွင် နံပါတ် (၄) မာတင်က တတိယမြောက်ဂိုး သွင်းယူခဲ့သော်လည်း ပွဲချိန် (၈၂) မိနစ်တွင် မနောမြေ အသင်းခေါင်းဆောင် ကမ်ဘူးက ပြန်လည် ချေပနိုင်ခဲ့သည်။ ပွဲချိန် မိနစ် (၉၀) တွင် အဆာလေက မနောမြေ အသင်းအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည်။ ထပ်ဆောင်း အချိန်ပိုတွင် မနောမြေ အသင်း ထိန်းကစား ခဲ့သော်လည်း (၉၀+၃) မိနစ်တွင် ဇေယျာရွှေမြေ နံပါတ် (၈) ချူကွာဇူက ပြစ်ဒဏ်ဘောမှ တဆင့် ချေပဂိုး သွင်းယူခဲ့သဖြင့် မနောမြေအသင်း (၄ – ၄) ဇေယျာရွှေမြေ အသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
MFF

Share
Posted in: Posted on: Wednesday, July 30, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.