Monday, July 28, 2014

မရှိခဏ - မဟိယင်္ဂဏ စေတီတော်ကြီး

Unknown  /  at  12:11 PM  /  No comments




စစ်ကိုင်းမြို့၌ စစ်ကိုင်းတောင်ရိုး၊မင်းဝံတောင်ရိုးဟု တောင်ရိုးကြီး(၂)ခုရှိရာ
နန်းဦးမြို့ သစ်အနီး ရှေးယခင် စစ်ကိုင်းမင်းနေပြည်တော်ကြီးအနောက်
တံခါးပေါက် အနောက်ဘက် မင်းဝံတောင်ရိုးပေါ်တွင် တည်ရှိသည်။
အင်းဝဘုရင်မင်းမြတ် သတိုးမင်းဖျား ကိုယ်တော်တိုင် သူကောင်းပြုခြင်းခံ
ရသော ကတိသစ္စာလွန်စွာကြီးမားသည့် ဂုဏ်တို့ ဖြင့် လွှမ်းခြုံထားသော
အာဇာနည်သူရဲကောင်း၊ လူစွမ်းကောင်းကြီး ဦးတက်ပြားသည် သက္ကရာဇ်
(၇၂၆)ခုနှစ် နန်းတက်သော သတိုးမင်းဖျား လက်ထက်မှာ မရှိခဏဘုရား
ကို တည်ထားပူဇော်သည်။
အင်းဝခေတ် မိုးညှင်းမင်းတရားကြီးလက်ထက် လက်ရုံးရည် နှလုံးရည်တို့ 
နှင့် ပြည့်စုံ၍ သူရသတ္တိအထူးရှိသည့် မြန်မာ့လူစွမ်းကောင်းကြီး သေနင်္ဂ
ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇသင်္ကြံက သက္ကရာဇ်(၇၈၉)ခုနှစ် မဟိယင်္ဂဏ
ဘုရားကို တည်ထားပူဇော်သည် သို့ မဟုတ် မရှိခဏဘုရားကို အသစ်ထပ်
မံပြုပြင်တည်ထား ကိုးကွယ်သည်။
မရှိ ၅+၄=၉၊ ခဏ ၂+၇=၉ ၊ဘုရားဘွဲ့ တော်က န၀င်းပေါ်န၀င်းဆင့်နေသည့်
ကိုးန၀င်းဘုရားဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လဆန်း(၁၅)ရက် စာရေးတံမဲများ ဖောက်၍ စည်ကား
သိုက်မြိုက်စွာ သံဃာ့ဒါနဆွမ်းကြီးလောင်းပွဲကြီးနှင့် ပူးတွဲပြီး စည်ကားသိုက်
မြိုက်စွာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည်။

သဗြူးမြသောင်း(ဓမ္မာစရိယ)

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.