Monday, July 28, 2014

ရှင်ပင်နန်းဦးစေတီတော်

Unknown  /  at  12:09 PM  /  No comments




နန်းဦးဘုရားကို လမ်းဦးတောင်ကုန်းပေါ်မှာ တည်ထားသောကြောင့် ရှေးက
လမ်းဦးဘုရား၊ လမ်းဦးမုဋ္ဌောဟု ခေါ်ကြသည်။

သာသနာတော်နှစ်(၂၁၈)ခုနှစ် နန်းစံသော အသောကမင်းတရားကြီး က
စစ်ကိုင်း၌ မုဋ္ဌော(၁၈)ဆူ တည်ထားရာတွင် လမ်းဦးမုဋ္ဌောလည်း ပါဝင် ခဲ့
ပေသည်။ ဤ လမ်းဦးမုဋ္ဌော စေတီတော်ကို စစ်ကိုင်း အသင်္ခယာစောယွမ်း
မင်း၏ ခမည်းတော် ပင်းယမြို့  တစ်စီးရှင် သီဟသူမင်းလက်ထက် သက္ကရာဇ်
(၆၆၂)ခုနှစ်တွင် သီဟိုဠ်ရောက် ဆရာတော်က ထပ်မံ၍ အသစ်ပြုပြင် တည်
ထား ကိုးကွယ်ခဲ့ပေသည်။

သက္ကရာဇ်(၆၇၇)ခုနှစ် နန်းတက်သော အသင်္ခယာစောယွမ်းမင်း၏ သမီးတော်
စိုးမင်းကိုယ်တော်ကြီးတို့  မိသားစုကလည်း သီဟိုဠ်ရောက် ဆရာတော်ကြီးကို
ကိုးကွယ်ကြပြီး စေတီတော်ကိုလည်း ထိုက်သလို ပြုပြင်လှူဒါန်းကြပါသည်။

ကုန်းဘောင်နောက်ပိုင်းလောက်မှာ မြန်မာစာပေ အထွဋ်အထိပ်သို့  ရောက်
လာချိန် ဖြစ်သည့်အတိုင်း ဘုရားနှင့် ပရိယာယ်တူ ရှင်ပင်ဆိုသော စကားနှင့်
တွဲဖက်ပြီး မူလ နန်းဦးဘုရား-နန်းဦးစေတီ ခေါ်ရာမှ ရှင်ပင်နန်းဦးဘုရား၊ ရှင်ပင်
နန်းဦးစေတီဟု ယဉ်ယဉ် ကျေးကျေး ခေါ်တွင်စေခဲ့ကြသည်။

ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ် ၀ါခေါင်လပြည့်ကျော်(၈)ရက်နေ့  မှာ
စာရေးတံမဲ ပဒေသာများနှင့် သံဃာဒါန ဆွမ်းလောင်းပွဲကြီးများပါ ပူးတွဲပြီး
စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြလေသည်။
သဗြူးမြသောင်း(ဓမ္မာစရိယ)

Share
Posted in: Posted on: Monday, July 28, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.