Friday, December 19, 2014

ရွှေဘိုမြို့နယ်တွင် အမကကျောင်းတစ်ကျောင်း၏ ခြံစည်းရိုးအနီးမှ 36ခွင်ဗုံး တစ်လုံးတွေ့ရှိ

Unknown  /  at  9:53 AM  /  No comments

စစ်ကိုင်းတိုင်းဒေသကြီးး၊ ရွှေဘိုမြို့နယ်၊ ကင်ဗျားကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ခြံစည်းရိုးအနီးမှ ဒီဇင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်က ခွင်ဗုံးအမျိုးအစား ဗုံးတစ်လုံးအား တွေ့ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ဗုံးအား ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်ဦးမှ ကျောင်းသန့်ရှင်းများ လုပ်ကိုင်နေစဉ် တွေ့ရှိခဲ့ရခြင်းဖြစ် သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးမှ ရွှေဘိုမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားခဲ့သည်။
ဗုံးတွေ့ရှိရာ အရပ်သို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ခင်မောင်လွင်နှင့်အဖွဲ့ကသွားရောက်ပြီး ၎င်းဗုံးအား စနစ် တကျ သိမ်းဆီးရယူခဲ့ပြီးနောက် အမှတ်(၈)စခတ တပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ တပ်ရှိ ဒုအရာခံဗိုလ် ခင်မောင်ထွန်းမှ လွဲပြောင်းရယူလက်ခံခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်း၏ ခြံစည်းရိုးအနီးမှ တွေ့ရှိခဲ့ရသော ဗုံးတစ်လုံးမှာ 36 ခွင်ဗုံးအမျိုးအစား၊ လုံးပတ်( ၇ ဒသမ ၅)လက်မ၊ အရှည် ၃ ဒသမ ၅ )လက်မ အရွယ်အစား သံချေးတက် ဗုံးတစ်လုံးဖြစ်ကြောင်း စုံးစမ်းသိရှိရသည်။
ကိုတိုး ချင်းတွင်း

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.