ယနေ့
နိုင်ငံရေးလောက၌ “လူ့အခွင့်အရေး”ဟူသော စကားကို ကျယ်လောင် ကျယ်လောင်နှင့်
ပြောနေကြ၏။ ထို“လူ့အခွင့်အရေး”ဟူသော စကားလုံး၏ အတိမ်အနက်ကို
နက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့ လိုအပ်ပါသည်။
အပေါ်ယံမျှလောက်ကို
ကြည့်ပြီး “လူ့အခွင့်အရေး”ကို နေရာတကာ ရှေ့တန်းတင်လျှင်
ထိုလူ့အခွင့်အရေးသည် မိမိတို့ နိုင်ငံအတွက် “အဆိပ်ခွက်” ဖြစ်သွားနိုင်ပါသည်။ ဘာ့ကြောင့်နည်း၊ အမျိုးသားအကျိုးစီးပွားဆုတ်ယုတ်
“လူ့အခွင့်အရေးကြေငြာစာတမ်း”သည်
သဘောတရားမျှလောက်သာ ရေးဆွဲထားသည်ဖြစ်သောကြောင့် ကမ္ဘာ့ နိုင်ငံများကလည်း
သဘောမျှလောက်သာ လိုက်နာ ကျင့်သုံးကြသည်ကို တွေ့ရပါသည်။
မည်သည့်နိုင်ငံဖြစ်ဖြစ် မိမိတို့နိုင်ငံ၏ “အမျိုးသားအကျိုးစီးပွား”နှင့်
ပတ်သက်လာလျှင် ထို“လူ့အခွင့်အရေး”ကို ပြည်ဖုံးကား ချလိုက်ကြတော့၏။ ဤကား
ကမ္ဘာ့အစဉ် အလာတည်း။
ဒီမိုကရေစီစနစ် ရင့်ကျက်ပြီးဖြစ်သော
အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂ၏ခွင့်ပြုချက်မရဘဲ အီရတ်နိုင်ငံကို
ကျူးကျော်စစ်ပွဲဆင်နွှဲခဲ့၏။ “လူ့အခွင့်အရေးစာတမ်း”နှင့်
တိုက်ဆိုင်ကြည့်လျှင် အမေရိကန်သည် လူ့အခွင့်အရေးချိုးဖောက်ခြင်း ပင်တည်း။
သို့သော် အမေရိကန်တို့ကတော့ “အမျိုးသားအကျိုးစီးပွားကို ကာကွယ်
စောင့်ရှောက်ရန်အတွက် အီရတ်ကို စစ်တိုက်ရခြင်း ဖြစ်ပါသည်”ဟု ကြေငြာချက်
ထုတ်ပြန်ခဲ့၏။ ဘယ်မှာလဲ လူ့အခွင့်အရေး . . . ။ နောက်ဆုံး ပြောရလျှင်
“လူ့အခွင့်အရေး”ဆိုသူများပင် “ငါ့အခွင့်အရေး”အတွက် ဖြစ်ကုန်ကြတော့၏။
အချုပ်ကား မည်သည်နိုင်ငံမဆို ကိုယ့်နိုင်ငံ၏
“အမျိုးသားအကျိုးစီးပွား”နှင့် ပတ်သက်လာလျှင် “လူ့အခွင့်အရေး”ကို
ချောင်ထိုးထားကြစမြဲပင်။ “လူ့အခွင့်အရေး”ထက် ကိုယ့်နိုင်ငံ၏
“အမျိုးသားအကျိုးစီးပွား”ကို ရှေ့တန်းတင်ကြစမြဲ။ ဤသည်ကား
နိုင်ငံတကာကျင့်စဉ် တစ်ခုပါ။
ထို့ကြောင့် မြန်မာနိုင်ငံအတွက်လည်း
“လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ”ဆိုသည့် စကားလုံးထက်
“မြန်မာ့အခွင့်အရေးနှင့် ဒီမိုကရေစီ” ဆိုသည့် စကားလုံးကား ပို၍ အနှစ်သာရ
ရှိပေသည်။
အမေရိကန်ကဲ့သို့ ဒီမိုကရေစီရင့်ကျက်သော
နိုင်ငံကြီးများပင် “လူ့အခွင့်အရေး”ကို နောက်တမ်းမှာ ထားနေပါလျက်
ဒီမိုကရေစီစနစ် နုနယ်သေးသော မြန်မာနိုင်ငံမှ နိုင်ငံရေး သမားအများစုက
“လူ့အခွင့်အရေး”စကားကို တစာစာ အော်ပြီး ရှေ့တန်းတင်နေကြသည်မှာ
“ကမ္ဘာ့နိုင်ငံရေးလောက´´ကို မကျွမ်းကျင်သေးကြောင်း ဖေါ်ပြနေခြင်းပင် ဖြစ်၏။
တချို့သော နိုင်ငံရေးသမားများကား “လူကို လူလို့ မြင်ပါ”ဟုလည်းကောင်း၊
“အမျိုးသားဆိုတာလည်း လူပဲ မဟုတ်လား” ဟုလည်းကောင်း၊ “လူ့အခွင့်အရေးက
အရေးကြီးဆုံးပဲ”ဟူ၍လည်းကောင်း အပ်ကြောင်းထပ်အောင် ပြောနေကြ၏။
ထိုပုဂ္ဂိုလ်များကို “မြန်မာနိုင်ငံကြီးကို သိမ်းပိုက်ခဲ့သည့် အင်္ဂလိပ်ကို
တော်လှန်ခဲ့ခြင်းသည် လူကိုလူလို မမြင်လို့လား”ဟု မေးလိုက် ချင်တော့သည်။
ဆရာတော်ဦးဥတ္တမ၊ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းစသည့် မျိုးချစ်
ဝံသာနုပုဂ္ဂိုလ်ကြီးများက “အင်္ဂလိပ်”ဟာ “အင်္ဂလိပ်” ပဲ၊ “မြန်မာ”ဟာ “မြန်မာ”
ပဲဟု မြင်သော “အမျိုးသားရေးဝါဒ” ကြောင့်သာ “သူ့ကျွန်မခံလိုသော စိတ်ဓာတ်”
ဖြင့် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြခြင်း ဖြစ်သည်။
“လူကိုလူလို့
မြင်ပါ”ဆိုသော လူ့အခွင့်အရေးဝါဒအရဆိုလျှင် “အင်္ဂလိပ်” လည်း လူ၊ “မြန်မာ”လည်း
လူ ဖြစ်သောကြောင့် အင်္ဂလိပ်ကို တော်လှန်စရာ မလိုဟု ပြောရတော့မလိုပင်။
ထို့ကြောင့် အမျိုးသားရေးဝါဒကို လက်ကိုင်ထားဖို့ အထူးလိုအပ်လှပေသည်။
သီတဂူဆရာတော်ကြီးသည် အင်းစိန်သံဃာ့ညီလာခံကြီး၌
လူ့အခွင့်အရေးဆိုသူများနှင့် ပတ်သက်၍ အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါသည်။
“ရသမျှအကျိုးအမြတ်ကို လူ့အခွင့်အရေးဆိုတဲ့ အဖွဲ့တွေ၊ ဘာအဖွဲ့ ညာအဖွဲ့တွေပဲ
အကုန်ယူသွားကြတာ။ ဒီက တိုင်းရင်းသားတွေကတော့ တဲကုပ်လေးထဲမှာ ဆင်းဆင်းရဲရဲ
နေနေကြရတယ်။ သူတို့ပဲ ဝေယူသွားကြတာ၊ လူ့အခွင့်အရေးဆိုတဲ့လူတွေ
သတိထားတော်မူကြပါဘုရား”ဟု မိန့်ကြားတော် မူခဲ့ပါသည်။
Day Weinda Ashin
Friday, December 19, 2014
သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တဲ့ “လူအခွင့်အရေးမှာတမ်း”
Unknown /  at 9:52 AM /  No comments
Share
Posted in: article
Posted on: Friday, December 19, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 14 - December 21
- ရွှေဘိုမြို့နယ်တွင် အမကကျောင်းတစ်ကျောင်း၏ ခြံစည်းရိ...
- သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တဲ့ “လူအခွင့်...
- Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး
- ကြွက်နို့ကို လက်တို့ပြီး ကုလိုက်နည်း
- ကိုယ့်အားကိုယ်ကိုးရွာဝင်ရေဆိုးမြောင်းကူး တံတားဆောက...
- မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာ...
- - Coffee Mix ကို အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..
- သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီ...
- မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
- ဆေးစွမ်းထက်သော ခွေးလှေးယားသီးနက်စေ့
- ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒရုပ်ပွားတော်များ ခိုးယ...
- ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတ...
- ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကု...
- တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်...
- "ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ...
- ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်...
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်...
- Friendly Match =========================== မြန်မာယ...
- မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးခံထားသည့် ကျောင်းအုပ်ဆရ...
- ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ စစ်ကိုင်းတိုင်...
- မူလတန်းပြဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီး အပြန်အလှန်တရာ...
- မြင်းခွာရွက် အစွမ်း
- မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ...
- စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးဝင်ပေါက် သံတံခါ...
- အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
-
▼
December 14 - December 21
0 comments: