
နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက
တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ
စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။
ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။
မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့
မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ
ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက်
ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ
အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။
ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ
ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက်
အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့
အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့
အဓိပ္ပာယ်ပါ။
မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ
မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ
တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ
နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး
စာတွေ ပိုမှတ်မိလွယ် စေပါတယ်။
ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ်
ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။
တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့
မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။
လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ
တွေ့ရပါတယ်။
ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ
နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ
စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food
တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက်
စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း
ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ
ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည်
ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို
မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။
Original up-loader
credit;မြ၀တီ
Friday, December 19, 2014
မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?
Unknown /  at 9:48 AM /  No comments
Share
Posted in: Health
Posted on: Friday, December 19, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 14 - December 21
- ရွှေဘိုမြို့နယ်တွင် အမကကျောင်းတစ်ကျောင်း၏ ခြံစည်းရိ...
- သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တဲ့ “လူအခွင့်...
- Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး
- ကြွက်နို့ကို လက်တို့ပြီး ကုလိုက်နည်း
- ကိုယ့်အားကိုယ်ကိုးရွာဝင်ရေဆိုးမြောင်းကူး တံတားဆောက...
- မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာ...
- - Coffee Mix ကို အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..
- သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီ...
- မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
- ဆေးစွမ်းထက်သော ခွေးလှေးယားသီးနက်စေ့
- ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒရုပ်ပွားတော်များ ခိုးယ...
- ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတ...
- ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကု...
- တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်...
- "ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ...
- ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်...
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်...
- Friendly Match =========================== မြန်မာယ...
- မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးခံထားသည့် ကျောင်းအုပ်ဆရ...
- ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ စစ်ကိုင်းတိုင်...
- မူလတန်းပြဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီး အပြန်အလှန်တရာ...
- မြင်းခွာရွက် အစွမ်း
- မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ...
- စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးဝင်ပေါက် သံတံခါ...
- အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
-
▼
December 14 - December 21
0 comments: