
မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ်
ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက
ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella
asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6.အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ
အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း
ပျောက်၏။
7.အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8.အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9.ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10.အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊
သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ
မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏။
အရှေ့တိုင်း ဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ
အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက
ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊
ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့
ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။
မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။
ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက
Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊
Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative
ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ်
အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy
ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊
Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊
Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊
Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေ အတွက် ပေးပါသတဲ့။
သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေ ပါတယ်လို့ အကြံပြု ချင်ပါတယ်။
မြ၀တီ
Tuesday, December 16, 2014
မြင်းခွာရွက် အစွမ်း
Unknown /  at 4:57 PM /  No comments
Share
Posted in: Health
Posted on: Tuesday, December 16, 2014
Popular Posts
-
စစ်ကိုင်းမြို့ ကမ်းနားလမ်း 3 Colour လက်ဖက်ရည်ဆိုင်အနီးမှ လက်ပစ်ဗုံး ငါးလုံး နှင့် စနက်တံငါးခု ထည့်ထားသည့် ပိုင်ရှင်မဲ့ကျောပိုးအိတ် တစ်လု...
-
သူများအကျိုးပျက်စီးစရာကို ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ကြမ်းတမ်းသောစကားကို မဆိုနှင့် မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊ အကေ...
-
* ရေးမှု ခြစ်မှု၊ ဖျက်ဆီးမှု၊ မပြု ရှောင်ကြဉ်ပါ။ * ကျောင်းကန်ဘုရား၊ ဖျက်သူများ၊ လားကြ ငရဲရွာ။ * မဖျက်ဆီးရ၊ ဖျက်ဆီးက၊ မုချ ဆင်းရဲရာ။ * သူ၏ကော...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
* မေတ္တာတရား၊ ကိုယ်၌ထား၊ စီးပွားတိုးတက်ရာ။ * လူရော နတ်ရော၊ ချစ်သူပေါ၊ ပွားသော ဤမေတ္တာ။ * လက်နက်ဆိပ်မီး၊ တကယ်ပြီး၊ ဆေးကြီး ဤမေတ္တာ။ * မျက်နှာ...
-
အများအကျိုး၊ ရွက်သယ်ပိုးက ခနိုးခနဲ့ ၊ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း၊ ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ၊ ရှေးရှုနှင်လော့။ ။ (ေရႊဟသာၤ ဆရ...
-
ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒသည် စစ် ကိုင်းမြို့ရှိ စေတီဘုရားများအား ပြုပြင်တည်ဆောက်လျက်ရှိရာတွင် ၂ဝ၁၄ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း-မန...
-
* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။ * ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။ * စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။ * အပြင်ရုပ်...
-
မြတ်စွာဘုရားသည် ညီတော် အာနန္ဒာ နောက်တော်ပါလျက် သုနာပရန္တတိုင်း (မြန်မာပြည်) သို့  ကြွချီတော်မူစဉ် ရွှေတောင်ဦးတောင်ထိပ်တွင် ရွှေရောင် တောက်...
-
ဝါတွင်းကာလမှစတင်၍ အညာဒေသတစ်ခွင် ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲများ စတင်ကျင်းပတော့မည်ဖြစ်ရာ ပွဲတော်ဈေးတန်းများတွင် အရောင်းတွင်ကျယ်သည့် စစ...
Blog Archive
-
▼
2014
-
▼
December 14 - December 21
- ရွှေဘိုမြို့နယ်တွင် အမကကျောင်းတစ်ကျောင်း၏ ခြံစည်းရိ...
- သီတဂူဆရာတော်ဘုရားကြီး မိန့်တော်မူခဲ့တဲ့ “လူအခွင့်...
- Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး
- ကြွက်နို့ကို လက်တို့ပြီး ကုလိုက်နည်း
- ကိုယ့်အားကိုယ်ကိုးရွာဝင်ရေဆိုးမြောင်းကူး တံတားဆောက...
- မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာ...
- - Coffee Mix ကို အဆိပ်ခတ် မသောက်ချင်ကြပါနဲ့..
- သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီ...
- မြန်မာ့ဆက်သွယ်ရေးကို ဆန္ဒပြရန် ကသာတွင် စီစဉ်နေ
- ဆေးစွမ်းထက်သော ခွေးလှေးယားသီးနက်စေ့
- ဆားလင်းကြီးမြို့နယ်တွင် ဗုဒ္ဒရုပ်ပွားတော်များ ခိုးယ...
- ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတ...
- ရှင်မတောင်သနပ်ခါးစိုက်လိုသူများလာ၍ ရေစကြိုကျောက်ကု...
- တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်...
- "ဗိုက်ခေါက်က အဆီတွေနဲ့ ကိုယ်မှအဆီတွေကို အားကစားလုပ...
- ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်...
- ဆရာတော်ကြီးများ၏အသိပေးစကားစုများ
- မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့်မစားသင့် (ဝမ်...
- Friendly Match =========================== မြန်မာယ...
- မူးယစ်ဆေးဝါးအမှုဖြင့်ဖမ်းဆီးခံထားသည့် ကျောင်းအုပ်ဆရ...
- ၁၂ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ စစ်ကိုင်းတိုင်...
- မူလတန်းပြဆရာမနဲ့ ကျောင်းအုပ်ဆရာမကြီး အပြန်အလှန်တရာ...
- မြင်းခွာရွက် အစွမ်း
- မနက်အိပ်ယာ နိုးနိုးပြီပြီးချင်း ရေသောက်ခြင်းကရတဲ့ ...
- စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးဝင်ပေါက် သံတံခါ...
- အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
-
▼
December 14 - December 21
0 comments: