Friday, December 19, 2014

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတွင် ကျင်းပမည်ဟု ဦးဇော်ဇော်ပြော --------------------

Unknown  /  at  9:41 AM  /  No comments

Photo: ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ၂၀၁၅ နှစ်ဆန်းတွင် ကျင်းပမည်ဟု ဦးဇော်ဇော်ပြော
-----------------------------------------------------------------------------------

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးအပါအ၀င် အမှုဆောင်ရာထူးများအတွက် ရွေးကောက်ပွဲကို လာမည့် ၂၀၁၅ ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လ အတွင်းကျင်းပနိုင်ရန် စီစဉ်နေ ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြား သည်။

လက်ရှိမြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်က ၂၀၀၅ ဖေဖော်ဝါရီမှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့၍ ဆယ်နှစ်နီးပါးရှိပြီဖြစ်သည်။

၎င်းလက်ထက်တွင် ပရော်ဖက်ရှင်နယ်လိဂ် စတင်ဖော်ဆောင်ခဲ့သည်။ ပုဂ္ဂလိက ကလပ်အသင်းများ ထွက်ပေါ်လာခဲ့ကာ အာရှပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

ထို့အပြင် အာရှယူ-၁၉ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးလူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရရှိစေသည်မှာ အမြင့်ဆုံးသော အောင်မြင်မှုဖြစ်သည်။ ၎င်းဥက္ကဋ္ဌတာဝန်ယူထားစဉ် အမျိုးသားဘောလုံး အသင်းမှာ ပြိုင်ပွဲကြီးများတွင် အောင်မြင်မှုမရသော်လည်း ဖိတ်ခေါ်ပြိုင်ပွဲအချို့၌ဗိုလ်စွဲခဲ့သည်။

‘‘ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အောက်မှာရှိတဲ့ ဘောလုံးအဖွဲ့ ချုပ်တစ်ခုအနေနဲ့ ဒီမိုကရေစီ ကျတဲ့ရွေးကောက်ပွဲကို မဖြစ်မ နေလုပ်ရပါမယ်။ ဖေဖော်ဝါရီ (ဒါမှမဟုတ်) မတ်လလောက်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် စီ စဉ်နေပါတယ်’’ဟု ဦးဇော်ဇော်က ပြောသည်။

အဆိုပါရွေးကောက်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ် မှတ်ထားသည့် စည်းမျဉ်းများ အတိုင်း ဖီဖာက ကြီးမှူးကျင်းပ သွားမည်ဖြစ်ပြီး မြန်မာ့ဘောလုံး လောကတိုးတက်စေရန် အနစ်နာခံဆောင်ရွက်မည့်သူများ ကို ရွေးကောက်ပွဲတွင် ပါဝင်စေ လိုကြောင်း ၎င်းကပြောသည်။ ရွေးကောက်ပွဲတွင် ၎င်းဝင်ပြိုင် မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက နောင် တက်လာမည့် ဥက္ကဋ္ဌအသစ်ကို လိုအပ်သည့်အကူအညီများ ပေး သွားမည်ဖြစ်ကြောင်း ဦးဇော်ဇော် ကဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ ဘောလုံး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နှစ်စဉ် အသုံးစရိတ်ဒေါ်လာ သုံး သန်းကျော်ရှိပြီး ယခုနှစ်အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ယူ- ၁၉ ပြိုင်ပွဲကြောင့် ဒေါ်လာ လေးသန်းခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှ ဘောလုံးအဖွဲ့ချုပ်တို့မှ ထောက်ပံ့သည့်ငွေမှာ နှစ်စဉ်ဒေါ်လာ ရှစ်သိန်းခန့်သာရှိပြီး လိုအပ်သည့် ငွေကြေးကို ဦးဇော်ဇော်၏ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲ ပြုလုပ်ရန် ၂၀၁၃ ကတည်းက စီစဉ်နေခြင်း ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၁၄ တွင်လည်း အာရှယူ-၁၉ က အိမ်ရှင် အဖြစ် လက်ခံကျင်းပရန် ရှိနေ သောကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဦးဇော်ဇော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ၂၀၁၂ အာဆီယံ အကောင်းဆုံးဘောလုံးအဖွဲ့ချုပ် AFC မှ ချီးမြှင့်သည့် လူမှုထူးချွန် ဆုကို ရရှိခဲ့သည်။

Ref ; #7days News

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.