Friday, December 19, 2014

တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်သို့ တက်သူများရှိဆဲ

Unknown  /  at  9:38 AM  /  No comments

Photo: တက်ခွင့်ပိတ်ထားသော်လည်း မင်းကွန်းပုထိုးတော်ကြီးပေါ်သို့ တက်သူများရှိဆဲ

ငလျင်အန္တရာယ်စိုးရိမ် ရသဖြင့် မင်းကွန်းပုထိုးတော်ကြီး ပေါ်သို့ တက်ရောက်ခွင့်ပိတ်ပင် ထားသော်လည်း ဘုရားဖူးဧည့် သည်အချို့ တက်ရောက်နေ ကြောင်း သတင်းရရှိသည်။

ရှေးဟောင်းသမိုင်းဝင် မင်း ကွန်းပုထိုးတော်ကြီးသည် ၂၀၁၂ နိုဝင်ဘာ ၁၁ ရက်က လှုပ်ခတ် ခဲ့သည့်   အင်အားပြင်း   ငလျင် ဒဏ်ကြောင့် တက်ရောက်သူများ အတွက် အန္တရာယ်ရှိသဖြင့် တက် ရောက်ခြင်းမပြုရန် ရှေးဟောင်း သုတေသနဦးစီးဌာနက  တားမြစ် ခဲ့သော်လည်း   မင်းကွန်းပုထိုး တော်ကြီးပေါ်သို့     ပြည်တွင်း ပြည်ပမှ ဧည့်သည်များ ပြန်လည် တက်ရောက်နေကြကြောင်း ဒေ သခံအချို့က ပြောသည်။

‘‘ပြည်တွင်းရော ပြည်ပ ဧည့် ပါပြန်တက်နေကြပြီ။ ဘာကြောင့် ပြန်တက်ခွင့်ပေးသလဲ မသိဘူး။ အရမ်းအန္တရာယ်များတယ်’’ ဟု နိုင်ငံခြားသားခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။

မင်းကွန်းပုထိုးတော်ကြီးပေါ် သို့ တက်ရောက်ခြင်းမပြုရန် သတိပေးတားမြစ်   ဆိုင်းဘုတ် စိုက်ထူထားသော်လည်း တက် ရောက်နေကြသဖြင့် ဆရာတော် သံဃာတော်များထံမှ သြ၀ါဒခံယူ ပြီး ဂေါပကအဖွဲ့၊ ရပ်မိရပ်ဖလူ ကြီးများနှင့် ပူးပေါင်းကာ ထပ်မံ တားမြစ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘အခုအသားတွေလည်း ၀ယ်ပြီးပါပြီ။ အထက်ကို မတက် နိုင်အောင် သစ်သားတွေ၊ သံဆူး ကြိုးတွေနဲ့ ပိတ်တော့မှာပါ’’ဟု ရှေးဟောင်းသုတေသနဦးစီးဌာန မှ တာဝန်ရှိသူက ပြောကြား သည်။ မင်းကွန်းပုထိုးတော်ကြီး ကို  ဘိုးတော်ဘုရားတည်ခဲ့ခြင်း ဖြစ်ပြီး လှေကားထစ်ပေါင်း ၁၇၀ ကျော်ရှိသည်။   မင်းကွန်းပုထိုး တော်ကြီးပေါ်မှနေ၍ ဧရာဝတီမြစ်ပြင်ကို ကြည့်ရှုနိုင်သဖြင့် ခရီးသွား များက   အပေါ်သို့  တက်ကာ ကြည့်ရှုလိုကြခြင်းဖြစ်သည်။၁၈၃၉ခုနှစ်က စစ်ကိုင်းတွင် ငလျင်လှုပ်ရာ ဆောက်လက်စ မင်းကွန်း ပုထိုးတော်ကြီး ပျက်စီးခဲ့သည်။ ၁၉၅၆ ဇူလိုင် ၁၆ ရက်တွင်လည်း စစ်ကိုင်းမြို့   မြောက်ဘက်တစ် နေရာကို ဗဟိုပြုကာ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး အဆိုပါ ငလျင်ကြောင့်    စစ်ကိုင်းမြို့ရှိ ဘုရားပုထိုးစေတီများ ပျက်စီးခဲ့ဖူး ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
7Day Daily

ငလျင်အန္တရာယ်ကြောင့် တက်ရောက်ခွင့်ပိတ်ပင်ထားသော မင်းကွန်းပုထိုးတော်ကြီးပေါ်သို့ တက်ရောက်နေသူ နိုင်ငံခြားဧည့်သည်နှစ်ဦးကို ဒီဇင်ဘာလ၁၄ရက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

Share
Posted in: Posted on: Friday, December 19, 2014

0 comments:

What they says

Recent Comments

Copyright © 2013 ဇေယျာရွှေမြေ - စစ်ကိုင်း. WP Theme-junkie converted by BloggerTheme9
Blogger templates. Proudly Powered by Blogger.